ကိုယ်တော်သည် အကျွန်ုပ်ကို မရဏာနိုင်ငံတွင် ဝှက်ထားပါစေသော။ အမျက်တော်ပြေသည်အထိ အကျွန်ုပ်ကို မျက်နှာလွှဲထားပါစေသော။ အကျွန်ုပ်အား အောက်မေ့ရမည့်အချိန်ကိုလည်း သတ်မှတ်ထားပါစေသော။
ယောဘဝတ္တု။ 3:17 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေရာတွင် လူဆိုးတို့ဒုက္ခမပေးနိုင်။ ထိုနေရာတွင် မောပန်းသူတို့ ငြိမ်းချမ်းစွာနေရ၏။ Common Language Bible ထိုအရပ်၌ လူဆိုးတို့သည် နောက်တဖန်မနှောင့်ရှက်ရ။ ပင်ပန်းသောသူသည်တို့သည် ချမ်းသာ ရကြ၏။ Garrad Bible ထို နေ ရာ၌ မူ ကား။ လူ ဆိုး တို့ သည် ထ ကြွ ဟုန် ပြတ် စဲ လျက်၊ အား လျော့ သူ တို့ သည် ငြိမ်း အေး လျက်၊ Judson Bible ထိုအရပ်၌ လူဆိုးတို့သည် နောက်တစ်ဖန် မနှောင့်ယှက်ရ။ ပင်ပန်းသောသူတို့သည် ချမ်းသာရကြ၏။ |
ကိုယ်တော်သည် အကျွန်ုပ်ကို မရဏာနိုင်ငံတွင် ဝှက်ထားပါစေသော။ အမျက်တော်ပြေသည်အထိ အကျွန်ုပ်ကို မျက်နှာလွှဲထားပါစေသော။ အကျွန်ုပ်အား အောက်မေ့ရမည့်အချိန်ကိုလည်း သတ်မှတ်ထားပါစေသော။
ထိုအရာတို့သည် မရဏာတံခါးပေါက်ထဲသို့ ဝင်သွားမည်လော။ ငါနှင့်အတူ မြေမှုန့်ထဲတွင် ဆင်းနေမည်လော”ဟု ဆိုလေ၏။
သို့မဟုတ် ငါသည် မြေမြှုပ်ခံရသည့်အသေမွေးသောကလေးကဲ့သို့လည်းကောင်း၊ အလင်းမမြင်လိုက်ရသောကလေးကဲ့သို့လည်းကောင်း အဘယ်ကြောင့် မဖြစ်ရသနည်း။
ထိုနေရာတွင် အဓမ္မစေခိုင်းသံများမကြားရဘဲ အကျဉ်းသားတို့ အေးချမ်းစွာနေကြရ၏။
ထို့ကြောင့် အသက်ရှင်နေသေးသောလူရှင်တို့ထက် သေလွန်ပြီးသောလူသေတို့ကို ငါထောမနာပြု၏။
သူတို့၏ချစ်ခြင်းမေတ္တာ၊ သူတို့၏မုန်းတီးခြင်း၊ သူတို့၏မနာလိုဝန်တိုခြင်းတို့သည်လည်း ပျက်စီးပြီဖြစ်၏။ နေအောက်တွင်ပြုသမျှသောအမှု၌ သူတို့အတွက် နောက်တစ်ဖန်မည်သည့်ဝေစုမျှ ရှိတော့မည်မဟုတ်။
ကိုယ်ခန္ဓာကိုသတ်၍ အသက်ဝိညာဉ်ကိုမသတ်နိုင်သောသူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်အသက်ဝိညာဉ်နှစ်မျိုးစလုံးကို ငရဲ၌ဖျက်ဆီးနိုင်သောအရှင်ကိုသာ ကြောက်ကြလော့။
ငါ၏မိတ်ဆွေများဖြစ်ကြသောသင်တို့အား ငါဆိုမည်။ ကိုယ်ခန္ဓာကိုသတ်ပြီးသည့်နောက်တွင် အခြားမည်သည့်အရာကိုမျှ ထပ်၍မပြုနိုင်သောသူတို့ကို မကြောက်ကြနှင့်။
ထို့ကြောင့် သူတို့၏မနာခံမှုပုံစံကိုလိုက်၍ ပြိုလဲမည့်သူတစ်စုံတစ်ဦးမျှမရှိဘဲ ထိုငြိမ်ဝပ်ရာချမ်းသာထဲသို့ ဝင်နိုင်မည့်အကြောင်း ငါတို့ကြိုးစားအားထုတ်ကြကုန်စို့။
သို့ဖြစ်၍ ဘုရားသခင်၏လူမျိုးတော်အတွက် ငြိမ်ဝပ်ချမ်းသာခြင်းတစ်မျိုးရှိသေး၏။
အကြောင်းမူကား ထိုဖြောင့်မတ်သောသူသည် သူတို့ထဲ၌နေထိုင်ခဲ့စဉ် သူတို့၏တရားမဲ့သောအမှုများကို တွေ့မြင်ကြားသိနေရ၍ နေ့စဉ်ရက်ဆက် သူ၏ဖြောင့်မတ်သောစိတ်ဝိညာဉ်၌ အလွန်အနှောင့်အယှက်ဖြစ်လေ၏။
ထို့နောက် ကောင်းကင်မှအသံက “ရေးထားလော့။ ယခုမှစ၍ သခင်ဘုရား၌သေဆုံးသည့် သေလွန်သောသူတို့သည် မင်္ဂလာရှိကြ၏”ဟု ပြောဆိုသည်ကို ငါကြားရ၏။ ဝိညာဉ်တော်ကလည်း “မှန်ပေ၏။ သူတို့သည် မိမိတို့၏ကြိုးပမ်းအားထုတ်မှုမှ အနားယူခွင့်ရကြလိမ့်မည်။ သူတို့ပြုသောအမှုများသည်လည်း သူတို့နှင့်လိုက်ပါလာ၏”ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် သင်နှင့်အစ္စရေးလူမျိုးတို့ကို ဖိလိတ္တိလူမျိုးတို့လက်သို့ အပ်တော်မူမည်။ မနက်ဖြန်နေ့တွင် သင်နှင့် သင့်သားတို့သည် ငါနှင့်အတူရှိလိမ့်မည်။ ထာဝရဘုရားသည် အစ္စရေးစစ်သည်တို့ကိုလည်း ဖိလိတ္တိလူမျိုးတို့လက်သို့ အပ်တော်မူမည်”ဟု သူ့အား ဆို၏။