သူခိုလှုံရာတဲထဲမှ သူ့ကိုဆွဲထုတ်ပြီး ထိတ်လန့်ခြင်းဘုရင်ထံသို့ သူ့ကိုခေါ်ဆောင်သွားမည်။
ယောဘဝတ္တု။ 27:18 - မြန်မာ့စံမီသမ္မာကျမ်း သူဆောက်ထားသောအိမ်သည် ပိုးအိမ်နှင့် တူ၏။ ကင်းစောင့်ဆောက်သောတဲနှင့် တူ၏။ Common Language Bible သူဆောက်သော အိမ်သည်ပိုးရွအိမ်ကဲ့သို့၎င်း၊ ကင်းတဲကဲ့သို့၎င်း ဖြစ်၏။ Garrad Bible ထို သူ သည်၊ လယ် စောင့် သူ ထိုး တတ် သော တဲ ကဲ့ သို့ လည်း ကောင်း၊ ပိုး ရွ လုပ် ထား သ ကဲ့ သို့လည်း ကောင်း၊ အိမ် ကို တည် ဆောက် ရ၏။ Judson Bible သူဆောက်သော အိမ်သည် ပိုးရွအိမ်ကဲ့သို့လည်းကောင်း၊ ကင်းတဲကဲ့သို့လည်းကောင်း ဖြစ်၏။ |
သူခိုလှုံရာတဲထဲမှ သူ့ကိုဆွဲထုတ်ပြီး ထိတ်လန့်ခြင်းဘုရင်ထံသို့ သူ့ကိုခေါ်ဆောင်သွားမည်။
ဇိအုန်သမီးသည် စပျစ်ခြံထဲက တဲကဲ့သို့၊ သခွားခင်းထဲက ယာတဲကဲ့သို့၊ ရန်သူဝိုင်းထားသောမြို့ကဲ့သို့ ကျန်ရစ်ခဲ့လေ၏။
ငါ့အိမ်ကို သိုးထိန်းတဲကဲ့သို့ ဆွဲထုတ်၍ ငါ့ထံမှဖယ်ရှားလေပြီ။ ရက်ကန်းသည် အဝတ်လိပ်သကဲ့သို့ ငါ့အသက်ကို ငါလိပ်ရလေပြီ။ ရက်ကန်းစင်မှချည်ကိုဖြတ်သကဲ့သို့ ကိုယ်တော်သည် ငါ့ကို ဖြတ်တော်မူပြီ။ နေ့ချင်းညချင်း ငါ့ကို အဆုံးသတ်တော်မူပြီ။
အကြောင်းမူကား ပိုးကောင်တို့သည် အဝတ်ကိုကိုက်စားသကဲ့သို့ ထိုသူတို့ကို ကိုက်စားမည်။ ပိုးရွတို့သည် သိုးမွေးကိုကိုက်စားသကဲ့သို့ ထိုသူတို့ကို ကိုက်စားမည်။ ငါ၏ဖြောင့်မတ်ခြင်းမူကား အစဉ်အမြဲတည်မည်။ ငါ၏ကယ်တင်ခြင်းသည် မျိုးဆက်အဆက်ဆက် တည်မည်။
တဲတော်ကို ပြောင်တလင်းခါနေသောဥယျာဉ်ကဲ့သို့ ဖြစ်စေတော်မူပြီ။ တွေ့ဆုံစည်းဝေးရာတဲတော်ကို ဖျက်ဆီးတော်မူပြီ။ ထာဝရဘုရားသည် ဇိအုန်မြို့အား ပွဲတော်နေ့၊ ဥပုသ်နေ့ကို မေ့စေတော်မူပြီ။ အမျက်ပြင်းစွာဖြင့် ရှင်ဘုရင်နှင့်ယဇ်ပုရောဟိတ်ကို ပစ်ပယ်တော်မူပြီ။