ထိုမျှမက တိမ်များ ပြန့်နေခြင်း၊ တဲတော်မှမိုးခြိမ်းသံထွက်ခြင်းတို့ကို နားလည်နိုင်သလော။
ယောဘဝတ္တု။ 26:8 - မြန်မာ့စံမီသမ္မာကျမ်း ရေကို တိမ်ထုနှင့် ရစ်ပတ်ထားတော်မူသဖြင့် ရေသည် တိမ်ထုကို မထိုးဖောက်နိုင်။ Common Language Bible ထူထပ်သော မိုဃ်းတိမ်တော်နှင့် ရေကို ထုပ်တော်မူ၍၊ မိုဃ်းတိမ်သည် မစုတ်မပြတ်နေ၏။ Garrad Bible မိုး သား များ၌ ရေ ကို လှောင် ထား တော် မူ၍၊ ရေ လည်း မိုး သား ကို မ ထွင်း မ ဖောက်။ Judson Bible ထူထပ်သော မိုးတိမ်တော်နှင့် ရေကိုထုပ်တော်မူ၍၊ မိုးတိမ်သည် မစုတ်မပြတ်နေ၏။ |
ထိုမျှမက တိမ်များ ပြန့်နေခြင်း၊ တဲတော်မှမိုးခြိမ်းသံထွက်ခြင်းတို့ကို နားလည်နိုင်သလော။
မိုးတိမ်များကို ရေတွက်နိုင်လောက်အောင် မည်သူဉာဏ်ပညာရှိသနည်း။ ကောင်းကင်အိုးတို့ကို မည်သူသွန်ချနိုင်သနည်း။
ငါသည် ပင်လယ်ပြင်ကို မိုးတိမ်အဝတ်ဖြင့်လွှမ်းခြုံစေ၍ အမှောင်ထုနှင့်ပတ်ရစ်ပေး၏။
ကိုယ်တော်သည် မိုးတိမ်များကို ကမ္ဘာမြေကြီးအစွန်းမှတက်လာစေ၍ မိုးနှင့်အတူလျှပ်စီးများကိုဖြစ်ပေါ်စေကာ လေကို မိမိ၏သိုလှောင်တိုက်မှ ထုတ်ဆောင်တော်မူ၏။
ကိုယ်တော်သည် ကောင်းကင်ကိုတိမ်တိုက်များဖြင့် ဖုံးလွှမ်းလျက် မြေကြီးအတွက် မိုးရေကိုပြင်ဆင်၍ တောင်များပေါ်၌ မြက်ပင်ကိုပေါက်စေတော်မူ၏။
မည်သူသည် ကောင်းကင်သို့တက်ပြီး ပြန်ဆင်းလာသနည်း။ မည်သူသည် လေကို မိမိလက်ခုပ်ထဲ ထည့်ထားသနည်း။ မည်သူသည် ရေကို မိမိ၏အဝတ်ဖြင့် ထုပ်ထားသနည်း။ မည်သူသည် ကမ္ဘာမြေအစွန်းရှိသမျှကို တည်ထားသနည်း။ ထိုသူ၏အမည်ကား မည်သို့နည်း။ သူ့သား၏အမည်ကား မည်သို့နည်း။ သင်သိသလော။
အထက်မိုးတိမ်တို့ကိုတည်စေတော်မူပြီး နက်ရှိုင်းသောရေထုထွက်လာရာအပေါက်များကို ခိုင်ခံ့စေတော်မူသောအခါ၌လည်းကောင်း၊
ရှင်းလင်းပြုစုခြင်း၊ တူးဆွပေါင်းသင်ခြင်းမခံရဘဲ ချုံပင်၊ ဆူးပင်များပေါက်ရောက်ရာ ဖုန်းဆိုးမြေဖြစ်မည်။ ထိုခြံအပေါ် မိုးမရွာသွန်းစေရန် တိမ်တိုက်တို့ကို ငါမိန့်မှာမည်။
ကိုယ်တော်အသံပေးတော်မူသောအခါ ကောင်းကင်ရှိရေတို့သည် ဟုန်းဟုန်းမြည်ကြပါ၏။ မိုးတိမ်ကို မြေကြီးစွန်းမှ တက်လာစေ၏။ မိုးကိုရွာစေတော်မူ၏။ လျှပ်စီးကိုလက်စေတော်မူ၏။ ဘဏ္ဍာတိုက်ထဲမှ လေကိုထုတ်တော်မူ၏။