ထိုအခါ ထာဝရဘုရားအထံတော် မိုးကောင်းကင်မှ ကန့်နှင့်မီးကို သောဒုံမြို့နှင့်ဂေါမောရမြို့အပေါ်သို့ ထာဝရဘုရားရွာစေတော်မူ၏။
ယောဘဝတ္တု။ 22:20 - မြန်မာ့စံမီသမ္မာကျမ်း သူတို့က ‘အကယ်စင်စစ် ငါတို့၏ရန်သူ ပျက်စီးလေပြီ။ သူတို့၏စည်းစိမ်ဥစ္စာကိုလည်း မီးလောင်ကျွမ်းလေပြီ’ဟု ဆိုကြ၏။ Common Language Bible အကယ်စင်စစ်ငါတို့ရန်သူသည် ပျက်စီးလေပြီ။ သူ၏စည်းစိမ်ကို မီးလောင်လေပြီဟု ဆိုရကြ၏။ Judson Bible အကယ်စင်စစ် ငါတို့ရန်သူသည် ပျက်စီးလေပြီ။ သူ၏စည်းစိမ်ကို မီးလောင်လေပြီဟု ဆိုရကြ၏။ |
ထိုအခါ ထာဝရဘုရားအထံတော် မိုးကောင်းကင်မှ ကန့်နှင့်မီးကို သောဒုံမြို့နှင့်ဂေါမောရမြို့အပေါ်သို့ ထာဝရဘုရားရွာစေတော်မူ၏။
သူသည် အကျွန်ုပ်တို့ကို တစ်ပါးအမျိုးသားကဲ့သို့ မှတ်ယူသည်မဟုတ်လော။ အဘယ်ကြောင့်ဆိုသော် အကျွန်ုပ်တို့ကိုရောင်းစားပြီး ရသောငွေကို သူအကုန်အစင်သုံးစွဲလိုက်ပါပြီ။
ထိုသို့ ကြားလျှောက်နေစဉ်တွင်ပင် အခြားတမန်တစ်ဦးရောက်လာ၍ “ဘုရားသခင်၏မီးသည် ကောင်းကင်မှကျလာ၍ သိုးနှင့်အစေခံတို့ကို လောင်ကျွမ်းလေပြီ။ အကျွန်ုပ်တစ်ဦးတည်းသာ လွတ်မြောက်လာသဖြင့် အရှင့်ထံ လာရောက်ကြားလျှောက်ပါသည်”ဟု ဆို၏။
သူသည် အမှောင်ထဲမှ လွတ်မြောက်နိုင်မည်မဟုတ်။ မီးလျှံသည် သူ့အညွန့်တို့ကို ခြောက်သွေ့စေလိမ့်မည်။ နှုတ်တော်မှထွက်သက်လေတစ်ချက်တည်းဖြင့် သူသည် ကွယ်ပျောက်သွားရလိမ့်မည်။
အမှောင်ထုကြီးသည် သူ၏စည်းစိမ်ဘဏ္ဍာကို ချောင်းမြောင်းနေ၏။ မမွှေးရသောမီးသည် သူ့ကိုဝါးမျို၍ သူ့တဲ၌ကြွင်းကျန်သောသူတို့ကိုလည်း လောင်ကျွမ်းလိမ့်မည်။
ဤသည်ကား ဆိုးယုတ်သောသူအဖို့ ဘုရားသခင်ထံမှ ဝေစုဖြစ်၏။ သူ့အဖို့ ဘုရားသခင်သတ်မှတ်ထားသောအမွေလည်း ဖြစ်၏”ဟု ဆိုလေ၏။
ယခု ဆင်ခြင်ကြည့်ပါလော့။ မည်သူသည် အပြစ်မရှိဘဲ ပျက်စီးဖူးသနည်း။ ဖြောင့်မှန်သောသူသည် အဘယ်မှာ ဖျက်ဆီးခံရဖူးသနည်း။