အနန္တတန်ခိုးရှင်သည် မည်သူဖြစ်၍ ငါတို့ဝတ်ပြုရမည်နည်း။ သူ့ထံဆုတောင်းလျှင် မည်သည့်အကျိုးကိုရမည်နည်း’ဟု ဆိုတတ်ကြ၏။
ယောဘဝတ္တု။ 22:2 - မြန်မာ့စံမီသမ္မာကျမ်း “ပညာရှိသည် မိမိကောင်းကျိုးအတွက် ပြုနိုင်သကဲ့သို့ လူသည် ဘုရားသခင်၏ကောင်းကျိုးအတွက် ပြုနိုင်မည်လော။ Common Language Bible လူသည် မိမိပညာအားဖြင့် မိမိအကျိုးကို ပြုစုသကဲ့သို့ ဘုရားသခင်၌ ကျေးဇူးပြုနိုင်သလော။ Garrad Bible လူ သည် ဘု ရား သ ခင် ရှေ့၌ အ သုံး ဝင် နိုင် သ လော။ လိ မ္မာ သူ သည်၊ ကိုယ်၌ သာ လျှင် မု ချ အ သုံး ကျ လိမ့် မည်။ Judson Bible လူသည် မိမိပညာအားဖြင့် မိမိအကျိုးကိုပြုစုသကဲ့သို့ ဘုရားသခင်၌ ကျေးဇူးပြုနိုင်သလော။ |
အနန္တတန်ခိုးရှင်သည် မည်သူဖြစ်၍ ငါတို့ဝတ်ပြုရမည်နည်း။ သူ့ထံဆုတောင်းလျှင် မည်သည့်အကျိုးကိုရမည်နည်း’ဟု ဆိုတတ်ကြ၏။
သင်၏ဖြောင့်မတ်ခြင်းသည် အနန္တတန်ခိုးရှင်ကို နှစ်သက်စေမည်လော။ သင်၏အပြစ်ကင်းသောအပြုအမူများသည်လည်း ကိုယ်တော့်ကို အကျိုးစီးပွားဖြစ်စေမည်လော။
လူသည် မည်သို့သောသူဖြစ်၍ ကိုယ်တော်သည် သူ့ကို ချီးမြှောက်ပြီး ကိုယ်တော်၏စိတ်ထဲတွင် သူ့ကို အလေးထားရသနည်း။
ငါသည်ထာဝရဘုရားအား “ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားရှင်ဖြစ်တော်မူ၏။ ကိုယ်တော်မှတစ်ပါး အခြားသောကောင်းကျိုးချမ်းသာ အကျွန်ုပ်၌မရှိပါ”ဟု လျှောက်၏။
သင်သည် ဉာဏ်ပညာရှိလျှင် ထိုဉာဏ်ပညာရှိခြင်းသည် သင့်အတွက်ဖြစ်၏။ သင်သည် ပြက်ရယ်ပြုလျှင် သင်သာ ခံရလိမ့်မည်။
သင်၏လက်ယာမျက်စိသည် သင့်ကိုမှားယွင်းစေလျှင် ၎င်းကိုထုတ်၍လွှင့်ပစ်လော့။ အကြောင်းမူကား သင်၏ကိုယ်အင်္ဂါတစ်ခုဆုံးရှုံးသွားသော်လည်း သင်၏ကိုယ်ခန္ဓာတစ်ခုလုံး ငရဲထဲသို့ပစ်ချခြင်းမခံရပါက သင့်အတွက် သာ၍ကောင်း၏။
ထိုနည်းတူ သင်တို့သည်လည်း သင်တို့အားစေခိုင်းသည့်အရာအားလုံးကို ဆောင်ရွက်ပြီးသောအခါ ‘အကျွန်ုပ်တို့သည် အကျိုးမပြုသောအစေအပါးများဖြစ်ကြပါ၏။ ဆောင်ရွက်ရမည့်အမှုကို ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပါ၏’ဟု ဆိုကြလော့”ဟူ၍ မိန့်တော်မူ၏။
ကိုယ်တော်သည် အသက်နှင့်တကွ ထွက်သက်ဝင်သက်နှင့် အရာခပ်သိမ်းတို့ကို လူအပေါင်းတို့အား ပေးတော်မူသည်ဖြစ်၍ တစ်စုံတစ်ခုကိုလိုအပ်သည့်အလား လူ့လက်ဖြင့်ပြုစုခြင်းကို ခံတော်မူသည်မဟုတ်။
သင်ကောင်းစားမည့်အကြောင်း သင့်အား ယနေ့ ငါဆင့်ဆိုသော ထာဝရဘုရား၏ပညတ်ချက်၊ ပြဋ္ဌာန်းချက် တို့ကို စောင့်ထိန်းရမည် စသည်တို့ကိုသာ တောင်းဆိုသည်မဟုတ်လော။