ထို့ကြောင့် ကိုယ်တော်သည် အကျွန်ုပ်၏အမှားကို ရှာ၍ အကျွန်ုပ်၏အပြစ်ကို စိစစ်နေသလော။
ယောဘဝတ္တု။ 21:4 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် လူတို့ကို ညည်းတွားပြနေသလော။ အဘယ်ကြောင့် ငါစိတ်မတိုသင့်သနည်း။ Common Language Bible ငါမြည်တမ်းသောအရာနှင့် လူဆိုင်သလော။ အဘယ်ကြောင့် စိတ်မတိုသင့်သနည်း။ Garrad Bible ငါ ညည်း တွား သည် ကား၊ လူ့ အ ကြောင်း လော။ အ ဘယ့် ကြောင့် ငါ စိတ် မ တို အပ် သ နည်း။ Judson Bible ငါမြည်တမ်းသောအရာနှင့် လူဆိုင်သလော။ အဘယ်ကြောင့် စိတ်မတိုသင့်သနည်း။ |
ထို့ကြောင့် ကိုယ်တော်သည် အကျွန်ုပ်၏အမှားကို ရှာ၍ အကျွန်ုပ်၏အပြစ်ကို စိစစ်နေသလော။
မည်သည့်ခွန်အားဖြင့် ငါစောင့်မျှော်နေရမည်နည်း။ ငါစိတ်ရှည်သည်းခံရအောင် ငါ့ဘဝနိဂုံးကား မည်သို့နည်း။
အို ထာဝရဘုရား၊ အကျွန်ုပ်၏ဆုတောင်းချက်ကို နားညောင်းတော်မူပါ။ အကျွန်ုပ်၏အော်ဟစ်သံသည် ကိုယ်တော့်ထံသို့ ရောက်ပါစေသော။
အို ငါ၏စိတ်ဝိညာဉ်၊ သင်သည် အဘယ်ကြောင့်ညှိုးငယ်သနည်း။ ငါ့အထဲ၌ အဘယ်ကြောင့်မငြိမ်မသက်ဖြစ်သနည်း။ ဘုရားသခင်ကို မျှော်လင့်ကိုးစားလော့။ ငါသည် ငါ့ကိုကယ်တင်တော်မူသောအရှင်၊ ငါ၏ဘုရားသခင်ကို ထပ်၍ချီးမွမ်းမည်။
မောရှေသည် အစ္စရေးအမျိုးသားတို့အား ထိုအတိုင်းဆင့်ဆိုသော်လည်း သူတို့သည် စိတ်နာကြည်းသောကြောင့်လည်းကောင်း၊ ကြမ်းတမ်းစွာကျွန်ပြုခံရသောကြောင့်လည်းကောင်း မောရှေ၏စကားကို နားမထောင်ကြပေ။
“ငါ၏စိတ်ဝိညာဉ်သည် သေလုမတတ် အလွန်ဝမ်းနည်းခြင်းရှိ၏။ ဤနေရာ၌နေ၍ ငါနှင့်အတူ သတိနှင့်စောင့်နေကြလော့”ဟု မိန့်တော်မူ၏။
သခင့်ကျွန်မကို ဆိုးညစ်သောမိန်းမဟု မထင်ပါနှင့်။ အကျွန်ုပ်၌ ပူဆွေးဝမ်းနည်းမှု များလွန်းသဖြင့် အဆက်မပြတ်ဆုတောင်းနေခြင်းသာ ဖြစ်ပါ၏”ဟု ပြန်ပြောသော်