အခြားတစ်ယောက်မူကား ကောင်းစားခြင်းကို တစ်ခါမျှမခံစားရဘဲ စိတ်ထဲ၌ ခါးသီးစွာခံစားရပြီးမှ သေတတ်၏။
တယောက်သောသူကား တခါမျှမပျော်မွေ့၊ စိတ်ညှိုးငယ်လျက် သေတတ်၏။
တစ် ဦး မူ ကား၊ မ ကောင်း စား ရ ဘဲ၊ စိတ် နစ် နာ စွာ သေ ရ လေ၏။
တစ်ယောက်သောသူကား တစ်ခါမျှမပျော်မွေ့၊ စိတ်ညှိုးငယ်လျက် သေတတ်၏။
ထို့ပြင် ဟုရှဲက “အရှင့်ခမည်းတော်နှင့် သူ့အမှုထမ်းတို့သည် စစ်သူရဲများ ဖြစ်ကြသည်သာမက တောထဲ၌သားပျောက်သောဝံမကဲ့သို့ စိတ်နှလုံးခက်ထန်နေမည်ကို အရှင်သိပါ၏။ ထို့ပြင် အရှင့်ခမည်းတော်သည် သူရဲကောင်းဖြစ်သည်နှင့်အညီ လူအများနှင့်အတူ ညအိပ်မည်မဟုတ်ပါ။
ထိုအခါ ထိုမုဆိုးမက “သင်၏ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ အကျွန်ုပ်၌ မုန့်မရှိပါ။ အိုးထဲ၌ လက်တစ်ဆုပ်စာမုန့်ညက်နှင့် ဘူးထဲ၌ဆီအနည်းငယ်သာ ရှိပါ၏။ အကျွန်ုပ်သည် ထင်းနှစ်ချောင်းကို ကောက်ပြီးလျှင် အကျွန်ုပ်နှင့်အကျွန်ုပ်သားအဖို့ မုန့်ပြန်ဖုတ်ပါမည်။ ထိုမုန့်ကိုစားပြီးလျှင် အကျွန်ုပ်တို့ သေဖို့သာကျန်ပါတော့သည်”ဟု ပြန်ပြော၏။
ငါအသက်ရှင်ရသည်ကို ရွံမုန်းလှပြီ။ ငါ၏စိတ်ဒုက္ခကို ဖွင့်ချတော့မည်။ ငါ့စိတ်ထဲမှခါးသီးမှုကို ရင်ဖွင့်တော့မည်။
သူဝမ်းပြည့်အောင်စားနေစဉ်မှာပင် ကိုယ်တော်သည် အမျက်တော်မီးကိုလွှတ်၍ သူ့အပေါ် ရွာကျစေတော်မူလိမ့်မည်။
ကိုယ်ခန္ဓာဆူဖြိုးလျက်၊ ရိုးတွင်းခြင်ဆီ အားကောင်းလျက်နှင့်ပင် သေတတ်၏။
ထိုသူနှစ်ဦးလုံးသည် မြေမှုန့်ထဲ၌ အတူတူလဲလျောင်းလျက် သူတို့ကို လောက်ကောင်များ ဖုံးလွှမ်းကြ၏။
ဒုက္ခရောက်နေသူကို အဘယ်ကြောင့် အလင်းပေးသနည်း။ ခါးသီးစွာခံစားနေရသူတို့ကို အဘယ်ကြောင့် အသက်ရှင်ခွင့်ပေးသနည်း။
ထို့ကြောင့် ငါသည် နှုတ်ဆိတ်၍မနေနိုင်ပါ။ နာကြည်းသောစိတ်ဖြင့် ငါပြောမည်။ ခါးသီးသောစိတ်ဝိညာဉ်ဖြင့် ငါညည်းတွားမည်။
ငါ့အား အသက်ရှူခွင့်ကိုပင်မပေးဘဲ ခါးသီးမှုများနှင့် ပြည့်စေတော်မူခဲ့ပြီ။
စိတ်နှလုံးသည် မိမိ၏နာကြည်းခြင်းကို မိမိသိ၏။ မိမိ၏ဝမ်းမြောက်ခြင်းကိုလည်း အခြားမည်သူကမျှ ဝင်ရောက်ခံစား၍မရပေ။
ဘုရားသခင်သည် လူတစ်ဦးအား ဓနဥစ္စာ၊ စည်းစိမ်ချမ်းသာနှင့် ဂုဏ်သရေတို့ကိုပေးတော်မူသဖြင့် သူသည် သူ၏စိတ်ဝိညာဉ်၌တောင့်တသောအရာတစ်စုံတစ်ခုမျှ ချို့တဲ့ခြင်းမရှိ။ သို့သော် ဘုရားသခင်သည် သူ့အား ထိုအရာကိုခံစားသုံးဆောင်ရသောအခွင့်ပေးတော်မမူသောကြောင့် သူတစ်ပါးသည် ထိုအရာကိုခံစားသုံးဆောင်ရ၏။ ဤအရာသည် အချည်းနှီးဖြစ်ပြီး ရောဂါဆိုးတစ်ခုဖြစ်၏။
“အချင်းလူသား၊ အစာကို ကြောက်ရွံ့တုန်လှုပ်စိတ်နှင့် စားလော့။ ရေကို စိုးရိမ်ထိတ်လန့်စိတ်နှင့် သောက်လော့။