ကိုယ်တော်သည် မိမိ၏သန့်ရှင်းသူတို့ကိုပင် ယုံကြည်သည်မဟုတ်။ ကောင်းကင်သည်ပင် ကိုယ်တော့်ရှေ့တွင် စင်ကြယ်သည်မဟုတ်။
ယောဘဝတ္တု။ 21:22 - မြန်မာ့စံမီသမ္မာကျမ်း အာဏာရမင်းတို့ကိုပင် စီရင်ပိုင်သောဘုရားသခင်ကို အသိပညာသင်ကြားပေးနိုင်သူရှိမည်လော။ Common Language Bible မြင့်သောအရပ်၌နေသောသူတို့ကို အစိုးရတော်မူသော ဘုရားသခင်ကိုအဘယ်သူ သွန်သင်လိမ့်မည် နည်း။ Garrad Bible ဘု ရား သ ခင် သည် မြင့် ရာ အ ရပ်၌ နေ သူ တို့ ကို ပင်၊ စီ ရင် ဆုံး ဖြတ် တော် မူ သည် ဖြစ်၍၊ ကိုယ် တော် အား အ သိ ပ ညာ ကို သင် ကြား မည့် သူ ရှိ သ လော။ Judson Bible မြင့်သောအရပ်၌ နေသောသူတို့ကို အစိုးရတော်မူသော ဘုရားသခင်ကို အဘယ်သူ သွန်သင်လိမ့်မည်နည်း။ |
ကိုယ်တော်သည် မိမိ၏သန့်ရှင်းသူတို့ကိုပင် ယုံကြည်သည်မဟုတ်။ ကောင်းကင်သည်ပင် ကိုယ်တော့်ရှေ့တွင် စင်ကြယ်သည်မဟုတ်။
သူ၏လအပိုင်းအခြားများကုန်ဆုံးသွားသောအခါ သူ့နောက်တွင်ကျန်ခဲ့မည့်သားမြေးတို့ကို သူမည်သို့ကြည့်ရှုနိုင်တော့မည်နည်း။
မြေတိရစ္ဆာန်တို့ထက် ငါတို့ကို ပို၍သွန်သင်ပေးသောအရှင်၊ မိုးကောင်းကင်ငှက်တို့ထက် ငါတို့ကိုပညာရှိစေသောအရှင်ကား အဘယ်မှာနည်း’ဟု မေးမြန်းသူတစ်ယောက်မျှမရှိ။
ကြည့်ရှုလော့။ ဘုရားသခင်သည် တန်ခိုးတော်ကြောင့် ချီးမြှောက်ခြင်းခံရ၏။ ထိုသို့ ကိုယ်တော်နှင့်တူသောဆရာ မည်သူရှိသနည်း။
ကိုယ်တော်၏နည်းလမ်းတော်ကို မည်သူသွန်သင်ပြနိုင်သနည်း။ ‘ကိုယ်တော်မှားသည်’ဟု မည်သူပြောနိုင်သနည်း။
မိမိအစေအပါးတို့ကို အယုံအကြည်ရှိတော်မမူ၊ မိမိကောင်းကင်တမန်တို့ကိုပင် အပြစ်ရှိသည်ဟု စီရင်တော်မူလျှင်
“အပြစ်တင်ပြောဆိုတတ်သောသူ၊ သင်သည် အနန္တတန်ခိုးရှင်ကို ဖက်ပြိုင်မည်လော။ ဘုရားသခင်နှင့် ငြင်းခုံလိုသောသူ၊ သင်ပြန်ပြောပါလော့”ဟု မိန့်တော်မူလျှင်
ဘုရားသခင်သည် ဘုရားအစုအဝေး၌ နေရာယူတော်မူ၏။ ဘုရားများ၏အလယ်တွင် တရားစီရင်တော်မူ၏။
နယ်မြေဒေသတစ်ခုခုတွင် ဆင်းရဲသားတို့ကိုဖိနှိပ်ချုပ်ချယ်ခြင်းကိုလည်းကောင်း၊ တရားမျှတခြင်းနှင့် ဖြောင့်မတ်ခြင်းတို့မှသွေဖည်ခြင်းကိုလည်းကောင်း သင်မြင်ရလျှင်လည်း ထိုအမှုကိုအံ့ဩခြင်းမရှိနှင့်။ အကြောင်းမူကား ရာထူးမြင့်သောသူတစ်ဦးကို သူ့ထက်ရာထူးမြင့်သောသူက စောင့်ကြည့်နေ၏။ ထိုသူတို့ထက် ရာထူးမြင့်သောသူများလည်း ရှိကြ၏။
မိမိကို ပုံဖော်ဖန်ဆင်းသောအရှင်အား ရန်တွေ့သောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် မြေအိုးကွဲများထဲမှ အိုးကွဲတစ်ခုသာဖြစ်၏။ အိုးမြေက မိမိကိုပုံသွင်းသောသူအား ‘မည်သည့်အရာကို သင်ပြုလုပ်နေသနည်း။ သင်ပြုလုပ်ထားသောအရာ၌ လက်မရှိပါလား’ဟု ဆိုရမည်လော။
သို့သော် မည်သူသည် ထာဝရဘုရား၏အစည်းအဝေး၌ရပ်သနည်း။ မည်သူသည် ဗျာဒိတ်တော်ကိုမြင်၍ စကားတော်ကို ကြားသနည်း။ မည်သူသည် စကားတော်ကို ကြား၍ အာရုံစိုက်နားထောင်သနည်း။
“မည်သူသည် ထာဝရဘုရား၏စိတ်တော်ကိုသိသနည်း။ မည်သူသည် ကိုယ်တော်၏အတိုင်ပင်ခံဖြစ်ဖူးသနည်း။
အကြောင်းမူကား မည်သူသည် ထာဝရဘုရား၏စိတ်တော်ကိုသိ၍ သူ့ကိုသွန်သင်လိမ့်မည်နည်း။ ငါတို့၌မူကား ခရစ်တော်၏စိတ်ရှိ၏။
ငါတို့သည် ကောင်းကင်တမန်တို့ကိုစီရင်ရမည်ဖြစ်ကြောင်း သင်တို့မသိကြသလော။ သို့ဖြစ်လျှင် ဤဘဝနှင့်ဆိုင်သောအမှုကိစ္စများကို ပို၍စီရင်ထိုက်သည်မဟုတ်လော။
အကြောင်းမူကား ဘုရားသခင်သည် အပြစ်ပြုသည့်ကောင်းကင်တမန်များကို ညှာတာတော်မမူဘဲ အဝီစိငရဲထဲသို့ ပစ်ချ၍ မှောင်မည်းခြင်း၏သံကြိုးဖြင့် ချည်နှောင်ကာ တရားစီရင်ခြင်းအတွက် ထိန်းသိမ်းထားတော်မူ၏။
ထို့ပြင် မိမိတို့၏မူလအခွင့်အာဏာကိုမထိန်းသိမ်းဘဲ မိမိတို့စံရာအရပ်ကို စွန့်ခွာသွားကြသည့် ကောင်းကင်တမန်များအား တရားစီရင်တော်မူရာနေ့ကြီးအတွက် ထာဝရအချုပ်အနှောင်အားဖြင့် မှောင်မည်းခြင်းအောက်၌ ထိန်းသိမ်းထားတော်မူ၏။