Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယောဘဝတ္တု။ 21:22 - Common Language Bible

22 မြင့်သောအရပ်၌နေသောသူတို့ကို အစိုးရတော်မူသော ဘုရားသခင်ကိုအဘယ်သူ သွန်သင်လိမ့်မည် နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 ဘု ရား သ ခင် သည် မြင့် ရာ အ ရပ်၌ နေ သူ တို့ ကို ပင်၊ စီ ရင် ဆုံး ဖြတ် တော် မူ သည် ဖြစ်၍၊ ကိုယ် တော် အား အ သိ ပ ညာ ကို သင် ကြား မည့် သူ ရှိ သ လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 မြင့်​သော​အ​ရပ်၌ နေ​သော​သူ​တို့​ကို အ​စိုး​ရ​တော်​မူ​သော ဘု​ရား​သ​ခင်​ကို အ​ဘယ်​သူ သွန်​သင်​လိမ့်​မည်​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 အာဏာရ​မင်း​တို့​ကို​ပင် စီရင်ပိုင်​သော​ဘုရားသခင်​ကို အသိပညာ​သင်ကြား​ပေး​နိုင်​သူ​ရှိ​မည်လော​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဘဝတ္တု။ 21:22
23 ပူးပေါင်းရင်းမြစ်များ  

ဘုရားသခင်သည် မိမိသန့်ရှင်းသူတို့ကိုပင် ယုံတော်မမူ။ ကောင်းကင်ဘုံသော်လည်းရှေ့တော်၌ မစင်ကြယ်။


သူနေရသောနှစ်လစေ့သောအခါ၊ သူ့သားသမီးတို့၌ ရောက်သောအမှုနှင့် သူသည် အဘယ်သို့ ဆိုင်သနည်း။


မြေတိရစ္ဆာန်နားလည်သည်ထက်သာ၍ နားလည်သောဥာဏ်နှင့်၎င်း၊ မိုဃ်းကောင်းကင် ငှက်မရ၊ ထူးဆန်းသောပညာနှင့်၎င်း၊ ငါတို့ကို ပြည့်စုံ စေတော်မူသော ဘုရားသခင်သည် အဘယ်မှာရှိတော် မူသနည်းဟု အဘယ်သူမျှမမေးမြန်းတတ်။


ဘုရားသခင်သည် တန်ခိုးတော်အားဖြင့် ချီးမြှောက်ခြင်းရှိတော်မူ၏။ ဘုရားသခင်ကဲ့သို့ အဘယ်သူ အုပ်ချုပ်နိုင်သနည်း။


ကြွတော်မူရသောလမ်းကို အဘယ်သူ စီရင်သနည်း။ ကိုယ်တော်သည် မတရားသောအမှုကို ပြုမိပြီဟု အဘယ်သူဆိုရာသနည်း။


လူယောက်ျားကဲ့သို့ သင့်ခါးကို စီးလော့။ ငါမေးမြန်းသော ပြဿနာတို့ကို ဖြေလော့။


အမှုတော်ထမ်းတို့ကို ယုံတော်မမူ။ ကောင်းကင်တမန်တော်တို့၌ စုံလင်ခြင်းမရှိဟု ထင်တော်မူ၏။


ဘုရားသခင်ကို အပြစ်တင်သော သူသည် ပြန်ပြောစေတော့ဟု ယောဘအား မိန့်တော်မူလျှင်၊


ဘု​ရား​သ​ခင်​သည်​ကောင်း​ကင်​တွင်​ကျင်း​ပ သည့် ကောင်​စီ​အ​စည်း​အ​ဝေး​၌​နေ​ရာ​ယူ​တော်​မူ​၏။ ကိုယ်​တော်​သည်​ဘု​ရား​တို့​၏​အ​စည်း​ဝေး​၌ စီ​ရင်​ဆုံး​ဖြတ်​တော်​မူ​သည်​မှာ


ကျေးရွာ၌ ဆင်းရဲသားတို့ကို ညှဉ်းဆဲခြင်း၊ တရားလမ်းမှလွှဲ၍၊ မတရားသဖြင့် အနိုင်အထက်စီရင် စီရင်ဆုံးဖြတ်ခြင်းအမှုကိုမြင်လျှင်၊ ထိုသို့သောအကြံရှိ သည်ကို အံ့ဩခြင်းမရှိနှင့်။ ကြီးမြင့်သောသူတယောက်ကို တယောက် ကြည့်မှတ်သကဲ့သို့၊ အကြီးဆုံး၊ အမြင့်ဆုံး သောသူသည် ကြည့်မှတ်လျက်ရှိတော်မူ၏။


အ​ခြား​အိုး​များ​နှင့်​မ​ထူး​ခြား​သည့်​မြေ​အိုး သည် အိုး​ထိန်း​သည်​နှင့်​အ​တူ​ငြင်း​ခုံ​ဝံ့​ပါ​မည် လော။ ရွှံ့​စေး​က​အိုး​ထိန်း​သည်​အား အ​ဘယ်​သို့​သော​အ​ရာ​ကို​သင်​ပြု​လုပ် သ​နည်း​ဟု မေး​ရ​ပါ​မည်​လော။ မြေ​အိုး​က​မိ​မိ​ကို​ပြု​လုပ်​သူ​တွင်​ကျင် လည်​မှု မ​ရှိ​ဟု​ညည်း​ညူ​ရ​ပါ​မည်​လော။


ငါ​က``ဤ​ပ​ရော​ဖက်​များ​အ​နက်​အ​ဘယ်​သူ မျှ ထာ​ဝ​ရ​ဘု​ရား​၏​လျှို့​ဝှက်​သော​အ​ကြံ အ​စည်​တော်​တို့​ကို​သိ​ရှိ​သည်​ဟူ​၍​မ​ရှိ။ အ​ဘယ်​သူ​မျှ​ကိုယ်​တော်​၏​ဗျာ​ဒိတ်​တော် ကို​ကြား​သည်၊ နား​လည်​သည်​ဟူ​၍​မ​ရှိ​ကြ။ သူ​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို​နား မ​ထောင်။ ပ​မာ​ဏ​လည်း​မ​ပြု​ကြ။-


ကျမ်း​စာ​တော်​က၊ ``အ​ဘယ်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​ရှင် အ​ဘယ်​သို့ စဉ်း​စား​ဆင်​ခြင်​တော်​မူ​သည်​ကို​သိ​သ​နည်း။ အ​ဘယ်​သူ​သည်​ကိုယ်​တော်​အား​အ​ကြံ​ဉာဏ် ပေး​နိုင်​သ​နည်း။


ကျမ်း​စာ​တော်​တွင်၊ ``အ​ဘယ်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​ရှင်​၏ စိတ်​သ​ဘော​တော်​ကို​သိ​ပါ​သ​နည်း။ အ​ဘယ်​သူ​သည်​ကိုယ်​တော်​အား​အ​ကြံ​ဉာဏ် ပေး​နိုင်​ပါ​သ​နည်း'' ဟူ​၍​ပါ​ရှိ​သည်​အတိုင်း​ပင်​ဖြစ်​၏။ ငါ​တို့​မူ​ကား ခ​ရစ်​တော်​၏​စိတ်​သ​ဘော​တော်​ကို​ရ​ရှိ​ကြ​၏။


ငါ​တို့​သည်​ကောင်း​ကင်​တ​မန်​များ​ကို​တ​ရား စီ​ရင်​ရ​ကြ​မည်​ဖြစ်​ကြောင်း မ​သိ​သ​လော။-


ဘု​ရား​သ​ခင်​သည်​အ​ပြစ်​ကူး​သူ​ကောင်း​ကင် တ​မန်​များ​ကို​ချမ်း​သာ​ပေး​တော်​မ​မူ​ဘဲ မှောင် မိုက်​သော​င​ရဲ​ထဲ​သို့​ချ​ထား​တော်​မူ​၏။ ထို နေ​ရာ​တွင်​သူ​တို့​ကို​သံ​ကြိုး​များ​ဖြင့်​ချည် နှောင်​ကာ တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ကို စောင့်​မျှော်​စေ​တော်​မူ​၏။-


မိ​မိ​တို့​ရ​ရှိ​ထား​သော​အာ​ဏာ​နှင့်​မ​ရောင့် ရဲ​ဘဲ နေ​ရင်း​ဌာ​န​ကို​စွန့်​ခွာ​သွား​ကြ​သည့် ကောင်း​ကင်​တ​မန်​များ​အ​ကြောင်း​ကို​လည်း သ​တိ​ရ​ကြ​လော့။ ဘု​ရား​သ​ခင်​သည်​မိ​မိ တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ကြီး​၌ သူ​တို့ အား​အ​ပြစ်​ဒဏ်​ပေး​ရန်​မှောင်​မိုက်​ရာ အောက်​အ​ရပ်​တွင်​ထာ​ဝ​ရ​သံ​ကြိုး​များ ဖြင့်​ချည်​နှောင်​၍​ထား​တော်​မူ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ