ဆိုးယုတ်သောသူ၏အကြံဉာဏ်ကို လက်ခံ၍ ကိုယ်တော်၏လက်တော်ဖြင့်ဖန်ဆင်းတော်မူသောသူကို နှိပ်စက်ပြီး စွန့်ပစ်ထားသောအမှုကို ကိုယ်တော်အလိုရှိတော်မူပါသလော။
ယောဘဝတ္တု။ 19:7 - မြန်မာ့စံမီသမ္မာကျမ်း ‘ရက်စက်လွန်းပါသည်တကား’ဟု ငါအော်ဟစ်သော်လည်း ငါ့ကိုနားညောင်းတော်မမူပါ။ ငါအကူအညီအော်ဟစ်တောင်းခံသော်လည်း တရားသဖြင့်စီရင်ပေးတော်မမူပါ။ Common Language Bible ငါသည်ကိုယ်ခံရသော ညှဉ်းဆဲခြင်းကိုအကြောင်းပြု၍ မြည်တမ်းသော်လည်း၊ အဘယ်သူမျှ နားမထောင်။ အော်ဟစ်သော်လည်း တရားသဖြင့် စီရင်သောသူမရှိ။ Garrad Bible ကြည့် ကြ လော့။ အ ဓ မ္မ ဟူ၍ ငါ ဟစ် သော် လည်း၊ ထူး တော် မ မူ။ အော် သော် လည်း၊ တ ရား သ ဖြင့် စီ ရင် တော် မူ သည် မ ဟုတ်။ Judson Bible ငါသည် ကိုယ်ခံရသော ညှဉ်းဆဲခြင်းကိုအကြောင်းပြု၍ မြည်တမ်းသော်လည်း၊ အဘယ်သူမျှနားမထောင်။ အော်ဟစ်သော်လည်း တရားသဖြင့် စီရင်သောသူမရှိ။ |
ဆိုးယုတ်သောသူ၏အကြံဉာဏ်ကို လက်ခံ၍ ကိုယ်တော်၏လက်တော်ဖြင့်ဖန်ဆင်းတော်မူသောသူကို နှိပ်စက်ပြီး စွန့်ပစ်ထားသောအမှုကို ကိုယ်တော်အလိုရှိတော်မူပါသလော။
လူအချင်းချင်းကြားတွင် စီရင်ဆုံးဖြတ်ပေးသူရှိသကဲ့သို့ လူနှင့်ဘုရားသခင်ကြားတွင် စီရင်ဆုံးဖြတ်ပေးမည့်သူ ရှိပါစေသော။
ငါ့ကို ဒုက္ခပေးမည့် သင်တို့၏အတွေးများနှင့် သင်တို့၏ကောက်ကျစ်သောအကြံအစည်များကိုလည်း ငါသိ၏။
ကိုယ်တော့်ထံ အကျွန်ုပ်အကူအညီအော်ဟစ်တောင်းခံသော်လည်း ထူးတော်မမူ။ မတ်တတ်ရပ်ပြသော်လည်း အကျွန်ုပ်ကို ဤအတိုင်းကြည့်တော်မူ၏။
အကယ်စင်စစ် ဒုက္ခရောက်နေသောသူသည် လက်မဆန့်ဘဲနေမည်လော။ ဒုက္ခရောက်သောအခါ အကူအညီမတောင်းဘဲနေမည်လော။
ငါသည် နေရောင်ကွယ်ရာ အမှောင်ထဲတွင် သွားလာရ၏။ လူစုလူဝေးထဲတွင်ရပ်၍ အကူအညီအော်ဟစ်တောင်းခံရ၏။
အကြောင်းမှာ ယောဘက ‘ငါဖြောင့်မတ်သော်လည်း ဘုရားသခင်သည် ငါ့အဖို့ တရားမျှတစွာမစီရင်။
သင်သည် ငါ၏စီရင်ထုံးဖွဲ့ချက်ကို ပယ်ဖျက်မည်လော။ သင့်ကိုယ်သင် ဖြောင့်မတ်ကြောင်းပြသရန် ငါ့ကို အပြစ်တင်မည်လော။
ကမ္ဘာမြေကြီးကို ဆိုးယုတ်သောသူတို့လက်သို့အပ်၍ တရားသူကြီးတို့၏မျက်နှာကို ဖုံးအုပ်ထားတော်မူသောအရှင်မှာ ကိုယ်တော်မဟုတ်လျှင် မည်သူဖြစ်မည်နည်း။
ငါသည် ကိုယ်တော်နှင့်အတူ တရားရုံးသို့သွား၍ တရားရင်ဆိုင်မည့်အကြောင်း ကိုယ်တော်သည် ငါကဲ့သို့ လူဖြစ်တော်မူသည်မဟုတ်။
အကျွန်ုပ်၏ဘုရားသခင်၊ နေ့အချိန်၌အကျွန်ုပ်ခေါ်သော်လည်း ကိုယ်တော်သည် ထူးတော်မမူပါ။ ညအချိန်၌လည်း အကျွန်ုပ်တွင် ငြိမ်သက်ချမ်းသာမှုမရှိပါ။
သို့သော် ကိုယ်တော်သည် သန့်ရှင်းသောအရှင်ဖြစ်တော်မူပြီး အစ္စရေးလူမျိုး၏ချီးမွမ်းခြင်း၌ စိုးစံတော်မူ၏။
အကျွန်ုပ်ဟောပြောလေရာရာ၌ ရက်စက်ကြမ်းကြုတ်ခြင်း၊ ဖျက်ဆီးခြင်းအကြောင်းများကိုသာ အော်ဟစ်ကြွေးကြော်ရပါ၏။ အကြောင်းမူကား ထာဝရဘုရား၏စကားတော်သည် အကျွန်ုပ်၌ နေ့စဉ် ကဲ့ရဲ့စရာ၊ ပြက်ရယ်ပြုစရာအကြောင်း ဖြစ်စေပါ၏။