ငါအမှန်ပင်မှားခဲ့လျှင်လည်း ငါ့အမှားနှင့်ငါသာ ရှိပါစေတော့။
ငါပြစ်မှားပြီ မှန်စေတော့။ ငါ့အပြစ်နှင့်ငါသာဆိုင်၏။
အ ကယ်၍ ငါ မှောက် မှား သည် မှန် က၊ ထို မှောက် မှား ခြင်း သည် ငါ နှင့် သာ ဆိုင် ပါ၏။
ငါပြစ်မှားပြီ မှန်စေတော့။ ငါ့အပြစ်နှင့် ငါသာဆိုင်၏။
လူတို့ကိုဒဏ်ခတ်သောကောင်းကင်တမန်ကို မြင်သောအခါ ဒါဝိဒ်မင်းကြီးက ထာဝရဘုရားအား “အပြစ်ပြုမိသူမှာ အကျွန်ုပ်ဖြစ်ပါ၏။ အမှားကျူးလွန်မိသူမှာ အကျွန်ုပ်ဖြစ်ပါ၏။ ဤသိုးတို့မူကား မည်သည့်အပြစ်ကို ပြုမိပါသနည်း။ အကျွန်ုပ်နှင့်အကျွန်ုပ်ဘိုးဘေး၏အိမ်သူအိမ်သားတို့၌သာ ကိုယ်တော်၏လက်တော် ကျရောက်စေပါ”ဟု လျှောက်တင်လေ၏။
ငါ့ကို ဆယ်ကြိမ်တိုင်တိုင် ပုတ်ခတ်ပြောဆိုကြပြီ။ ငါ့ကို စော်ကားပြောဆိုကြပြီ။ သင်တို့မရှက်ကြသလော။
သင်တို့သည် ဘဝင်မြင့်၍ ငါကဲ့ရဲ့ခံရသည်ကို ငါ့အား ကဲ့ရဲ့ရှုတ်ချကြ၏။
သင်သည် ဉာဏ်ပညာရှိလျှင် ထိုဉာဏ်ပညာရှိခြင်းသည် သင့်အတွက်ဖြစ်၏။ သင်သည် ပြက်ရယ်ပြုလျှင် သင်သာ ခံရလိမ့်မည်။
‘ကြည့်ရှုလော့။ ဝိညာဉ်မှန်သမျှကို ငါပိုင်၏။ ဖခင်၏ဝိညာဉ်ကိုငါပိုင်သကဲ့သို့ သား၏ဝိညာဉ်ကိုလည်း ငါပိုင်၏။ အပြစ်ပြုသောဝိညာဉ်သည် သေရမည်။
အကြောင်းမူကား ငါတို့အားလုံးသည် ကိုယ်ခန္ဓာ၌ရှိစဉ် ပြုကျင့်သည့်အတိုင်း ကောင်းသောအမှုအတွက်ဖြစ်စေ၊ ဆိုးညစ်သောအမှုအတွက်ဖြစ်စေ အကျိုးအပြစ်ကို အသီးသီးခံစားရရန် ခရစ်တော်၏တရားပလ္လင်ရှေ့၌ ပေါ်လာကြရမည်။
အကြောင်းမူကား လူတိုင်းသည် မိမိဝန်ကိုထမ်းရမည်ဖြစ်၏။