ယောဘဝတ္တု။ 19:4 - Common Language Bible4 ငါပြစ်မှားပြီ မှန်စေတော့။ ငါ့အပြစ်နှင့်ငါသာဆိုင်၏။ အခန်းကိုကြည့်ပါ။Garrad Bible4 အ ကယ်၍ ငါ မှောက် မှား သည် မှန် က၊ ထို မှောက် မှား ခြင်း သည် ငါ နှင့် သာ ဆိုင် ပါ၏။ အခန်းကိုကြည့်ပါ။Judson Bible4 ငါပြစ်မှားပြီ မှန်စေတော့။ ငါ့အပြစ်နှင့် ငါသာဆိုင်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 ငါအမှန်ပင်မှားခဲ့လျှင်လည်း ငါ့အမှားနှင့်ငါသာ ရှိပါစေတော့။ အခန်းကိုကြည့်ပါ။ |
အဘယ်ကြောင့်ဆိုသော်ငါတို့အားလုံးသည် တရားစီရင်ခြင်းကိုခံရန် ခရစ်တော်၏တရား ပလ္လင်တော်ရှေ့သို့ရောက်ရှိရကြမည်ဖြစ်သော ကြောင့်တည်း။ ကိုယ်ခန္ဓာနေအိမ်၌ရှိနေစဉ်ပြု ကျင့်ခဲ့သည့်ကောင်းမှုမကောင်းမှုများအတွက် ထိုက်သင့်ရာအကျိုးအပြစ်ကိုငါတို့အသီး သီးခံရကြလတ္တံ့။
လူတို့အားဒဏ်ခတ်သောကောင်းကင်တမန် ကိုဒါဝိဒ်မြင်သောအခါ``အပြစ်ရှိသူမှာ အကျွန်ုပ်ဖြစ်ပါ၏။ ဒုစရိုက်ပြုမိသူမှာ အကျွန်ုပ်ဖြစ်ပါ၏။ ဤသူတို့သည်အဘယ် ပြစ်မှုကိုပြုမိကြပါသနည်း။ ကိုယ်တော် ရှင်သည်အကျွန်ုပ်နှင့်အိမ်ထောင်စုကိုသာ အပြစ်ပေးတော်မူသင့်ပါ၏'' ဟုထာဝရ ဘုရားအားလျှောက်၏။