အမှောင်ထဲမှ ပြန်လှည့်လာနိုင်မည်ဟု သူမယုံနိုင်။ ဓားသည်လည်း သူ့ကိုစောင့်ကြိုနေ၏။
ယောဘဝတ္တု။ 19:29 - မြန်မာ့စံမီသမ္မာကျမ်း အမျက်တော်သည် ဓားဘေးဖြင့် ဒဏ်ခတ်တတ်သည်ဖြစ်၍ သင်တို့ကသာ ဓားဘေးကို ကြောက်ကြလော့။ ဤသို့ တရားစီရင်ခြင်းရှိသည်ကို သင်တို့သိမှတ်ကြလော့”ဟု ဆိုလေ၏။ Common Language Bible ထားဘေးကိုကြောက်ကြလော့။ အကြောင်းမူကား၊ အမျက်တော်သည်ထားဘေးဖြင့် အပြစ်ပေးတတ် ၏။ အပြစ်စီရင်ရသောအချိန်ရှိကြောင်းကို သိမှတ်ကြလော့ဟု မြွက်ဆို၏။ Garrad Bible ဘု ရား သ ခင် ဆုံး ဖြတ် တော် မူ သည် ကို သင် တို့ သိ စေ ခြင်း ငှာ၊ ဓား ဘေး ဒဏ် ရက် စက် သည် ဟု မြွက် ဆို၏။ Judson Bible ဓားဘေးကို ကြောက်ကြလော့။ အကြောင်းမူကား၊ အမျက်တော်သည်ဓားဘေးဖြင့် အပြစ်ပေးတတ်၏။ အပြစ်စီရင်ရသောအချိန် ရှိကြောင်းကို သိမှတ်ကြလော့ဟု မြွက်ဆို၏။ |
အမှောင်ထဲမှ ပြန်လှည့်လာနိုင်မည်ဟု သူမယုံနိုင်။ ဓားသည်လည်း သူ့ကိုစောင့်ကြိုနေ၏။
သင်၏ကြောက်ရွံ့ရိုသေမှုကြောင့် သင့်ကို ဆုံးမတော်မူသလော။ သင်နှင့် တရားပြိုင်တော်မူသလော။
ထို့ကြောင့် ဆိုးယုတ်သောသူတို့သည် တရားစီရင်တော်မူရာကာလ၌လည်းကောင်း၊ အပြစ်သားတို့သည် ဖြောင့်မတ်သောသူတို့၏ အစုအဝေးထဲ၌လည်းကောင်း ရပ်တည်နိုင်ကြမည်မဟုတ်။
ထာဝရဘုရားမူကား အစဉ်အမြဲစိုးစံတော်မူ၏။ ကိုယ်တော်သည် တရားစီရင်ခြင်းအတွက် မိမိပလ္လင်တော်ကိုတည်တော်မူပြီ။
အချင်းလူပျို၊ သင်ပျိုရွယ်စဉ်တွင် ဝမ်းမြောက်လော့။ သင်၏အသက် ပျိုရွယ်သောနေ့ရက်များ၌လည်း သင်၏စိတ်နှလုံးသည် ရွှင်လန်းပါစေ။ သင့်စိတ်နှလုံးအလိုရှိရာလမ်းများနောက်သို့လည်းကောင်း၊ သင့်မျက်စိပသာဒနောက်သို့လည်းကောင်း လိုက်လော့။ သို့ရာတွင် ထိုအရာအားလုံးအတွက် ဘုရားသခင်သည် သင့်ကိုတရားသဖြင့်စီရင်တော်မူမည်ဖြစ်ကြောင်း သိမှတ်လော့။
အကြောင်းမူကား ဘုရားသခင်သည် ကောင်းသောအမှုဖြစ်စေ၊ မကောင်းသောအမှုဖြစ်စေ၊ ဝှက်ထားသောအမှုအားလုံးအပါအဝင် ခပ်သိမ်းသောအမှုတို့ကို တရားသဖြင့်စီရင်တော်မူလိမ့်မည်။