ဤသန့်ရှင်းမြင့်မြတ်သောအိမ်တော်အနားမှ ဖြတ်သွားသောသူတိုင်း အံ့အားသင့်လျက် ကဲ့ရဲ့ကြလိမ့်မည်။ ‘ဤပြည်နှင့် ဤအိမ်တော်ကို အဘယ်ကြောင့် ထာဝရဘုရား ဤသို့ပြုတော်မူသနည်း’ဟု ဆိုကြလိမ့်မည်။
ယောဘဝတ္တု။ 18:20 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ သူခံရသောနေ့ရက်တွင် အနောက်အရပ်မှလူတို့သည် တုန်လှုပ်ချောက်ချားကြလိမ့်မည်။ အရှေ့အရပ်မှလူတို့သည် ကြောက်ရွံ့တုန်လှုပ်ကြလိမ့်မည်။ Common Language Bible သူ၏လက်ထက်၌ရှိသော သူတို့သည် ထိတ်လန့်သကဲ့သို့၊ သူ့နောက်၌ဖြစ်သော သူတို့သည် သူ၏အမှု ကြောင့် မိန်းမောတွေဝေကြလိမ့်မည်။ Garrad Bible အ နောက် ပြည် သား တို့ သည် သူ့ နေ့ ရက် ကို အံ့ အား သင့်၍၊ အ ရှေ့ ပြည် သား တို့ လည်း၊ ကြောက် ရွံ့ တုန် လှုပ် ကြ လိမ့် မည်။ Judson Bible သူ၏လက်ထက်၌ရှိသောသူတို့သည် ထိတ်လန့်သကဲ့သို့၊ သူ့နောက်၌ဖြစ်သော သူတို့သည် သူ၏အမှုကြောင့် မိန်းမောတွေဝေကြလိမ့်မည်။ |
ဤသန့်ရှင်းမြင့်မြတ်သောအိမ်တော်အနားမှ ဖြတ်သွားသောသူတိုင်း အံ့အားသင့်လျက် ကဲ့ရဲ့ကြလိမ့်မည်။ ‘ဤပြည်နှင့် ဤအိမ်တော်ကို အဘယ်ကြောင့် ထာဝရဘုရား ဤသို့ပြုတော်မူသနည်း’ဟု ဆိုကြလိမ့်မည်။
သို့သော် ကိုယ်တော်သည် အားကြီးသောသူကို တန်ခိုးတော်ဖြင့် လှဲချတော်မူမည်။ သူပြန်ထလာလျှင်ပင် သူ့အသက်အတွက် အာမခံချက် ရှိမည်မဟုတ်။
အို ထာဝရဘုရား၊ ဂျေရုဆလင်မြို့၏နေ့ရက်၌ “ဖြိုဖျက်ကြ။ အောက်ခြေအထိ ဖြိုဖျက်ကြ”ဟု ဆိုကြသော ဧဒုံအမျိုးသားတို့ကို အောက်မေ့တော်မူပါ။
သို့သော် သူ၏နေ့ရက်ရောက်လာတော့မည်ကို ဘုရားရှင်သည် သိမြင်တော်မူ၍ သူ့ကိုရယ်မောတော်မူ၏။
သူတို့ပြည်ကို လူသူကင်းမဲ့ရာ၊ အစဉ်ကဲ့ရဲ့ပြစ်တင်စရာ ဖြစ်စေသဖြင့် ထိုပြည်နား ဖြတ်သန်းသွားလာသူတိုင်း အံ့ဩလျက် ခေါင်းကိုခါယမ်းကြလိမ့်မည်။
နွားထီးပျိုအားလုံးကို သတ်ပစ်ကြ။ သူတို့ကို စစ်ကြောစီရင်မည့်နေ့ရက်ကာလ ရောက်လာပြီဖြစ်၍ သူတို့ကိုသတ်မည့်နေရာသို့ ဆင်းသွားစေလော့။ သူတို့၌ အမင်္ဂလာရှိ၏။
အို သေဒဏ်ခံရမည့်ဆိုးယုတ်သောအစ္စရေး၏ခေါင်းဆောင်၊ သင်အပြီးသတ်ဒဏ်ခတ်ခံရမည့် နေ့ရက်အချိန်ရောက်လာပြီ’ဟု မိန့်တော်မူ၏။
“သင်သာ ငြိမ်သက်ခြင်းကိုရစေသည့်အရာတို့ကို ယနေ့ပင်သိခဲ့လျှင်... သို့ရာတွင် ထိုအရာသည် ယခုသင်၏မျက်စိရှေ့မှ ကွယ်ဝှက်ထားခြင်းခံရ၏။
သင်မှစ၍ သင့်အထဲ၌ရှိသော သင်၏သားသမီးတို့ကို မြေနှင့်တစ်ညီတည်းဖြစ်စေသဖြင့် သင့်အထဲတွင် ကျောက်တုံးတစ်တုံးကိုမျှ အခြားကျောက်တုံးတစ်တုံးပေါ်၌မကျန်ရစ်စေမည့် အချိန်ကာလသည် ရောက်လာလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင့်ထံ အကြည့်အရှုကြွလာတော်မူသောအချိန်ကို သင်မသိသောကြောင့်ဖြစ်၏”ဟု မိန့်တော်မူ၏။