“မြားမြောင်သောစကားတို့အတွက် ပြန်မပြောဘဲနေရမည်လော။ အပြောကောင်းသောသူကို ဖြောင့်မတ်သည်ဟုဆိုရမည်လော။
ယောဘဝတ္တု။ 18:2 - မြန်မာ့စံမီသမ္မာကျမ်း “မည်သည့်အချိန်မှ သင်တို့စကားဆုံးမည်နည်း။ ဆင်ခြင်သုံးသပ်ပြီးမှ ငါတို့စကားပြောကြမည်။ Common Language Bible ဤစကားသည် အဘယ်အခါမှ ပြတ်လိမ့်မည် နည်း။ သတိပြုကြ။ သို့မှသာငါတို့သည် စကားပြောကြ မည်။ Garrad Bible သင် တို့ သည် စ ကား ရှာ၍ မည် မျှ ကြာ မည် နည်း။ ဆင် ခြင် ကြ လော့။ ထို နောက် အ ကျွန်ုပ် တို့ ပြော ဆို ကြ ဦး မည်။ Judson Bible ဤစကားသည် အဘယ်အခါမှ ပြတ်လိမ့်မည်နည်း။ သတိပြုကြ။ သို့မှသာငါတို့သည် စကားပြောကြမည်။ |
“မြားမြောင်သောစကားတို့အတွက် ပြန်မပြောဘဲနေရမည်လော။ အပြောကောင်းသောသူကို ဖြောင့်မတ်သည်ဟုဆိုရမည်လော။
အဘယ်ကြောင့် ငါတို့ကို တိရစ္ဆာန်ကဲ့သို့ မှတ်ရသနည်း။ အဘယ်ကြောင့် ငါတို့ကို လူတုံးလူအဟု မြင်ရသနည်း။
“ငါ့စကားကို သေချာနားထောင်ကြလော့။ သို့ပြုလျှင် ငါ့အား နှစ်သိမ့်ရာရောက်လိမ့်မည်။
ထိုနေရာတွင် လူဆိုးတို့ဒုက္ခမပေးနိုင်။ ထိုနေရာတွင် မောပန်းသူတို့ ငြိမ်းချမ်းစွာနေရ၏။
သို့ဖြစ်၍ အို ယောဘ၊ ယခု အကျွန်ုပ်ပြောမည့်စကားကို နားထောင်ပါလော့။ အကျွန်ုပ်ပြောသမျှကို အာရုံစိုက်ပါလော့။
“မည်သည့်အချိန်ထိ ဤသို့ပြောနေဦးမည်နည်း။ သင့်နှုတ်ထွက်စကားများမှာ လေပြင်းကဲ့သို့ ဖြစ်ပါသည်တကား။
ကောင်းစွာနားမထောင်မီ ဖြေဆိုခြင်းသည် ထိုသို့ဖြေဆိုသောသူအတွက် မိုက်မဲခြင်းနှင့် အသရေပျက်ခြင်းဖြစ်တတ်၏။
ငါချစ်သောညီအစ်ကိုတို့၊ ဤအချက်ကို သိမှတ်ကြလော့။ လူတိုင်းသည် ကြားနာခြင်းအရာ၌ လျင်မြန်၍ စကားပြောခြင်းနှင့်အမျက်ထွက်ခြင်းအရာတို့၌ နှေးကွေးကြစေ။