ပိန်းပိတ်အောင်မှောင်မိုက်နေပြီး သေမင်းအရိပ်ဖုံးလွှမ်းနေ၍ အလင်းသည်ပင် အမှောင်ကဲ့သို့ဖြစ်နေသောပြည်သို့ ငါသွားရတော့မည်’ဟူ၍ လျှောက်ဆိုမည်”ဟု ညည်းဆိုလေ၏။
ယောဘဝတ္တု။ 18:18 - မြန်မာ့စံမီသမ္မာကျမ်း သူသည် အလင်းမှအမှောင်ထဲသို့ မောင်းထုတ်ခြင်းခံရမည်။ ကမ္ဘာလောကမှ နှင်ထုတ်ခြင်းခံရမည်။ Common Language Bible သူ့ကိုအလင်းထဲက မှောင်မိုက်ထဲသို့ မောင်း၍ လူ့ပြည်မှ နှင်ထုတ်ရ၏။ Garrad Bible အ လင်း မှ မှောင် မိုက် ထဲ သို့ သူ့ ကို တွန်း ချ၍၊ လော က မှ မောင်း နှင် ကြ လိမ့် မည်။ Judson Bible သူ့ကိုအလင်းထဲက မှောင်မိုက်ထဲသို့ မောင်း၍ လူ့ပြည်မှနှင်ထုတ်ရ၏။ |
ပိန်းပိတ်အောင်မှောင်မိုက်နေပြီး သေမင်းအရိပ်ဖုံးလွှမ်းနေ၍ အလင်းသည်ပင် အမှောင်ကဲ့သို့ဖြစ်နေသောပြည်သို့ ငါသွားရတော့မည်’ဟူ၍ လျှောက်ဆိုမည်”ဟု ညည်းဆိုလေ၏။
ထိတ်လန့်ဖွယ်ရာတို့သည် သူ့ကိုပတ်လည်ဝိုင်း၍ ခြောက်လှန့်ပြီး သူသွားလေရာရာသို့ ထက်ကြပ်မကွာလိုက်လိမ့်မည်။
အမှောင်ထုကြီးသည် သူ၏စည်းစိမ်ဘဏ္ဍာကို ချောင်းမြောင်းနေ၏။ မမွှေးရသောမီးသည် သူ့ကိုဝါးမျို၍ သူ့တဲ၌ကြွင်းကျန်သောသူတို့ကိုလည်း လောင်ကျွမ်းလိမ့်မည်။
သူသည် အိပ်မက်ကဲ့သို့ ပျောက်ပျက်သွား၍ သူ့ကို တွေ့ရတော့မည်မဟုတ်။ ညအချိန်မြင်ရသောစိတ်အာရုံကဲ့သို့ ထွက်ပြေးသွားလိမ့်မည်။
အရှေ့လေသည် သူ့ကိုတိုက်သွားသဖြင့် သူရှိတော့မည်မဟုတ်။ သူ့ကို သူ့နေရာမှ လွင့်ထွက်သွားစေမည်။
လေသည် လက်ခုပ်လက်ဝါးတီးလျက်၊ ပြောင်လှောင်လျက် သူ့ကို သူ့နေရာမှတိုက်ထုတ်လိမ့်မည်။
ဒုက္ခရောက်နေသူကို အဘယ်ကြောင့် အလင်းပေးသနည်း။ ခါးသီးစွာခံစားနေရသူတို့ကို အဘယ်ကြောင့် အသက်ရှင်ခွင့်ပေးသနည်း။
နေ့အချိန်၌ပင် သူတို့ကို အမှောင်ထုဖုံးလွှမ်း၍ မွန်းတည့်အချိန်၌ပင် ညအချိန်ကဲ့သို့ စမ်းတဝါးဝါးသွားလာကြရ၏။
ဆိုးယုတ်သောသူသည် မိမိပြုသောမကောင်းမှုထဲ၌ လဲကျလိမ့်မည်။ ဖြောင့်မတ်သောသူမူကား သူ၏သေခြင်းထဲ၌ပင် ခိုလှုံရာကိုတွေ့လိမ့်မည်။
ဘောလုံးကို လှိမ့်သကဲ့သို့ ကျယ်သောပြည်သို့ သင့်ကို အရှိန်နှင့်လှိမ့်တော်မူမည်။ သင်သည် ထိုပြည်၌ သေရမည်။ ဂုဏ်သရေရှိသော သင်၏စစ်ရထားတို့သည် သင့်သခင်တို့၏အမျိုးအနွယ်အတွက် ထိုပြည်၌ အရှက်ကွဲစရာဖြစ်မည်။
ထိုခဏချင်းတွင် နေဗုခဒ်နေဇာမင်းကြီး၌ အမိန့်တော်အတိုင်း ဖြစ်ပျက်လေ၏။ သူသည် လူ့အသိုင်းအဝိုင်းမှ နှင်ထုတ်ခြင်းခံရ၍ နွားကဲ့သို့ မြက်ကိုစားရ၏။ သူ့အမွေးတို့သည် လင်းယုန်ငှက်အမွေးကဲ့သို့ ရှည်လာ၍ လက်သည်းခြေသည်းတို့သည်လည်း ငှက်ခြေသည်းကဲ့သို့ ဖြစ်လာသည့်တိုင်အောင် သူ့ကိုယ်သည် ကောင်းကင်နှင်းစက်ဖြင့် စိုစွတ်လျက်နေရ၏။
သူသည် လူ့အသိုင်းအဝိုင်းထဲမှ နှင်ထုတ်ခြင်းခံရ၍ သူ၏စိတ်သည် တိရစ္ဆာန်စိတ်ကဲ့သို့ဖြစ်လာပြီး မြည်းရိုင်းတို့နှင့်အတူ နေခဲ့ရပါ၏။ အမြင့်ဆုံးသောဘုရားသခင်သည် လူ့ပြည်ကိုအုပ်စိုး၍ အလိုတော်ရှိသောသူကို ပေးတော်မူကြောင်း သူသိမှတ်သည့်တိုင်အောင် သူသည် နွားကဲ့သို့မြက်ကိုစား၍ ကိုယ်သည်လည်း မိုးကောင်းကင်နှင်းများနှင့် စို၍နေခဲ့ရပါ၏။
မိမိတို့အရှက်ကို အမြှုပ်ကဲ့သို့ပေါ်စေသည့် ပြင်းထန်သောပင်လယ်လှိုင်းတံပိုးများ၊ လှည့်လည်သွားလာသော ကြယ်များဖြစ်ကြ၏။ သူတို့အတွက် မှောင်မည်းသောအမှောင်ကို ထာဝရထိန်းသိမ်းထားလျက်ရှိ၏။
ကိုယ်တော်သည် မိမိသန့်ရှင်းသူတို့၏ခြေကို စောင့်ရှောက်ပေးတော်မူ၏။ ဆိုးယုတ်သောသူတို့မူကား အမှောင်ထဲ၌ပင် နှုတ်ဆိတ်နေရလိမ့်မည်။ အကယ်စင်စစ် လူသည် မိမိခွန်အားဖြင့် မအောင်နိုင်ရာ။