ဆိုးယုတ်သောသူ၏အကြံဉာဏ်ကို လက်ခံ၍ ကိုယ်တော်၏လက်တော်ဖြင့်ဖန်ဆင်းတော်မူသောသူကို နှိပ်စက်ပြီး စွန့်ပစ်ထားသောအမှုကို ကိုယ်တော်အလိုရှိတော်မူပါသလော။
ယောဘဝတ္တု။ 16:11 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် ငါ့ကို လူမိုက်တို့လက်သို့ အပ်တော်မူပြီ။ လူဆိုးတို့လက်သို့ ထိုးအပ်လိုက်လေပြီ။ Common Language Bible ဘုရားသခင်သည်ငါ့ကို မတရားသောသူတို့တွင် ချုပ်ထားတော်မူပြီ။ လူဆိုးတို့၏ လက်သို့အပ်တော်မူပြီ။ Garrad Bible ဘု ရား သ ခင် သည်၊ အ ကျွန်ုပ် ကို ဆိုး သွမ်း သူ တို့ ထံ အပ် နှံ၍၊ လူ ဆိုး တို့ လက် တွင်း သို့ ပစ် နှင် တော် မူ လေ စွ တ ကား။ Judson Bible ဘုရားသခင်သည် ငါ့ကို မတရားသောသူတို့တွင် ချုပ်ထားတော်မူပြီ။ လူဆိုးတို့၏လက်သို့ အပ်တော်မူပြီ။ |
ဆိုးယုတ်သောသူ၏အကြံဉာဏ်ကို လက်ခံ၍ ကိုယ်တော်၏လက်တော်ဖြင့်ဖန်ဆင်းတော်မူသောသူကို နှိပ်စက်ပြီး စွန့်ပစ်ထားသောအမှုကို ကိုယ်တော်အလိုရှိတော်မူပါသလော။
လူတို့သည် ငါ့ကိုဝိုင်းအုံ၍ ပါးစပ်ဖြဲပြကြ၏။ ငါ့ကိုကဲ့ရဲ့၍ ပါးရိုက်ကြ၏။
အေးချမ်းစွာနေရစဉ် ငါ့ကို တစ်စစီချိုးဖဲ့တော်မူပြီ။ ငါ့လည်ပင်းကို ဖမ်းကိုင်ပြီးလျှင် ငါ့ကို တစ်စစီခြေမွှတော်မူပြီ။ ငါ့ကို ပစ်မှတ်အဖြစ်ထားတော်မူပြီ။
သင်တို့သည် ဘုရားသခင်နည်းတူ အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲကြသနည်း။ ငါ့အသားညှဉ်းဆဲခံရသည်ကိုပင် သင်တို့မကျေနပ်သေးသလော။
သင်တို့သိထားရမည်မှာ ဘုရားသခင်သည် ငါ့အမှုကို ကောက်စေတော်မူ၍ ငါ့ပတ်ပတ်လည်တွင် ထောင်ချောက်များဖြင့် ဝိုင်းရံစေတော်မူ၏။
စာတန်သည် ထာဝရဘုရားထံမှ ထွက်သွား၍ ယောဘကို ဦးခေါင်းမှ ခြေဖဝါးအထိ ဆိုးရွားသောအနာစိမ်းများကို ပေါက်စေ၏။
“ငါ့ကို မတရားစီရင်သောဘုရား၊ ငါ့စိတ်ဝိညာဉ်ကို ခါးသီးစွာခံစားရစေသောအနန္တတန်ခိုးရှင် အသက်ရှင်တော်မူသည်နှင့်အညီ
သင်သည် ငါ၏စီရင်ထုံးဖွဲ့ချက်ကို ပယ်ဖျက်မည်လော။ သင့်ကိုယ်သင် ဖြောင့်မတ်ကြောင်းပြသရန် ငါ့ကို အပြစ်တင်မည်လော။
ကမ္ဘာမြေကြီးကို ဆိုးယုတ်သောသူတို့လက်သို့အပ်၍ တရားသူကြီးတို့၏မျက်နှာကို ဖုံးအုပ်ထားတော်မူသောအရှင်မှာ ကိုယ်တော်မဟုတ်လျှင် မည်သူဖြစ်မည်နည်း။
အကျွန်ုပ်၏ရန်သူတို့အလိုအတိုင်းပြုကြစေရန် အကျွန်ုပ်ကိုအပ်တော်မမူပါနှင့်။ အကြောင်းမူကား မုသားသက်သေတို့သည် အကျွန်ုပ်တစ်ဖက်၌ထကြလျက် ရက်စက်ကြမ်းကြုတ်သောစကားကို တရစပ်ပြောဆိုကြပါ၏။
အကျွန်ုပ်ကို ရန်သူ၏လက်သို့အပ်တော်မမူဘဲ အကျွန်ုပ်၏ခြေကို ကျယ်ဝန်းသောအရပ်၌ ရပ်စေတော်မူပြီ။
ကြည့်ရှုလော့။ ထိုသူသည် အပြစ်ဒုစရိုက်ကိုသန္ဓေလွယ်၍ အခက်အခဲပြဿနာကို ကိုယ်ဝန်ဆောင်ကာ မုသားကိုမွေးဖွားလေပြီ။
ထိုအခါ ပိလတ်မင်းသည် ယေရှုကို လက်ဝါးကပ်တိုင်ပေါ်၌တင်စေရန် သူတို့လက်သို့အပ်လိုက်သဖြင့် သူတို့သည် ကိုယ်တော်ကိုခေါ်ဆောင်သွားကြ၏။
ဘုရားသခင်သည် လူအပေါင်းတို့အပေါ်ကရုဏာထားတော်မူရန် လူအပေါင်းတို့ကို မနာခံမှုအဖြစ်၌ချုပ်ထားတော်မူ၏။
ငါခံရသောဗျာဒိတ်တော်သည် အလွန်ထူးမြတ်သောကြောင့် ငါမထောင်လွှားစေရန် ငါ၏ကိုယ်ကာယထဲ၌ ဆူးတစ်ခုကိုပေး၏။ ၎င်းမှာ ငါမထောင်လွှားစေရန် ငါ့ကိုထိုးနှက်သည့် စာတန်၏စေတမန်ဖြစ်၏။
ထာဝရဘုရားသည် ငါ့ကို သင့်လက်သို့အပ်နှံသော်လည်း သင်သည် ငါ့ကိုမသတ်ဘဲ ကောင်းစွာပြုမူခဲ့ကြောင်းကို ယနေ့ သင်ထုတ်ဖော်ပြပြီ။