ပြီးပြည့်စုံသောဉာဏ်ပညာသည် အသွားနှစ်ဖက်ပါသည်ဖြစ်၍ ဉာဏ်ပညာ၏လျှို့ဝှက်ချက်ကို သင့်အား ဖော်ပြတော်မူပါစေ။ ဘုရားသခင်သည် သင့်အပြစ်များကို မေ့လျော့တော်မူကြောင်း သိမှတ်လော့။
ယောဘဝတ္တု။ 15:5 - မြန်မာ့စံမီသမ္မာကျမ်း သင့်အပြစ်သည် သင့်နှုတ်ကို သင်ပြပေး၍ သင်သည် ကောက်ကျစ်သောစကားကို ရွေးသုံးလေပြီ။ Common Language Bible သင်သည်ကိုယ်နှုတ်ဖြင့် ကိုယ်အပြစ်ကို ဘော်ပြ၏။ ပရိယာယ်ပြုသော သူ၏စကားကို သုံးတတ်၏။ Garrad Bible အ သို့ ဆို သော် သင့် နှုတ် ကို ဒု စ ရိုက် သွန် သင် သည့် အ တိုင်း၊ စဉ်း လဲ သော လျှာ ကို သင် ရွေး ချယ် လေ ပြီ။ Judson Bible သင်သည် ကိုယ်နှုတ်ဖြင့် ကိုယ်အပြစ်ကိုဖော်ပြ၏။ ပရိယာယ်ပြုသော သူ၏စကားကိုသုံးတတ်၏။ |
ပြီးပြည့်စုံသောဉာဏ်ပညာသည် အသွားနှစ်ဖက်ပါသည်ဖြစ်၍ ဉာဏ်ပညာ၏လျှို့ဝှက်ချက်ကို သင့်အား ဖော်ပြတော်မူပါစေ။ ဘုရားသခင်သည် သင့်အပြစ်များကို မေ့လျော့တော်မူကြောင်း သိမှတ်လော့။
ဓားပြတို့၏တဲသည် အေးချမ်းလျက်ရှိ၏။ ကိုယ့်လက်ဖြင့် ဘုရားကိုလုပ်၍ ဘုရားသခင်၏အမျက်တော်ကိုနှိုးဆွသောသူတို့သည် ဘေးကင်းလုံခြုံလျက်ရှိ၏။
အကယ်စင်စစ် သင်၌ အကြောက်အလန့် မရှိတော့ပြီ။ ဘုရားသခင်ထံ အာရုံပြုလိုစိတ်လည်း ပပျောက်လေပြီ။
သင်ပြုသောမကောင်းမှုများမှာ များပြားလွန်းသည်မဟုတ်လော။ သင်ပြုသောအပြစ်များမှာလည်း အဆုံးမရှိ။
ယောဘသည် မိမိကိုယ်မိမိ ဖြောင့်မတ်သည်ဟု ခံယူသောကြောင့် ထိုသူသုံးဦးလည်း ဘာမျှဆက်မပြောတော့ပေ။
ထိုသို့ ယောဘက မိမိကိုယ်မိမိ ဘုရားသခင်ထက် ဖြောင့်မတ်မှန်ကန်သည်ဟု ဆိုသောကြောင့် ရာမမျိုးနွယ်စု၊ ဗုဇအမျိုး၊ ဗာရခေလ၏သား ဧလိဟုသည် ယောဘကို အမျက်ထွက်၏။
ဉာဏ်များသောသူ၏အကြံကို ဖျက်တော်မူသဖြင့် သူတို့လုပ်ဆောင်သောအရာတို့သည် မအောင်မြင်ပေ။
ပညာရှိတို့ကို သူတို့၏အတတ်ပညာအားဖြင့် ပြန်၍အဖမ်းခံရစေ၏။ ဉာဏ်များသောသူတို့၏အကြံကိုလည်း ရုတ်ခြည်းဖျက်ဆီးတော်မူ၏။
သူတို့သည် မိမိတို့လျှာကို ဓားကဲ့သို့ထက်စေပြီး မိမိတို့၏ခါးသီးသောစကားများကို မြားကဲ့သို့ချိန်ရွယ်လျက်
သူတို့၏လျှာသည် သေစေနိုင်သောမြားဖြစ်၏။ သူ၏နှုတ်သည် လိမ်လည်လှည့်ဖြားပြောဆိုတတ်၏။ အိမ်နီးချင်းကို ချိုချိုသာသာပြောဆိုသော်လည်း စိတ်ထဲ၌ အလစ်ချောင်းလျက်နေ၏”ဟု မိန့်တော်မူ၏။
ကောင်းသောသူသည် ကောင်းသောအရာကို ကောင်းသောစိတ်နှလုံးဘဏ္ဍာတိုက်ထဲမှ ထုတ်ဖော်တတ်၏။ မကောင်းသောသူသည်လည်း မကောင်းသောအရာကို မကောင်းသောစိတ်နှလုံးဘဏ္ဍာတိုက်ထဲမှ ထုတ်ဖော်တတ်၏။ အကြောင်းမူကား စိတ်နှလုံး၌ပြည့်လျှံနေသည့်အရာကို နှုတ်ကပြောဆိုတတ်၏။
တစ်စုံတစ်ယောက်သည် မိမိကိုယ်ကို ဘာသာတရားကိုင်းရှိုင်းသူဖြစ်သည်ဟု ထင်မှတ်သော်လည်း မိမိလျှာကိုမချုပ်တည်းဘဲ မိမိစိတ်နှလုံးကိုလှည့်ဖြားလျှင် ထိုသူ၏ဘာသာတရားကိုင်းရှိုင်းမှုသည် အချည်းနှီးဖြစ်၏။