ယုဒ၊ သင့်ညီအစ်ကိုတို့သည် သင့်ကိုချီးမွမ်းကြလိမ့်မည်။ သင်၏လက်သည် သင့်ရန်သူတို့လည်ပင်းပေါ်၌ရှိလိမ့်မည်။ သင့်ဖခင်၏သားတို့သည် သင့်ရှေ့၌ ပျပ်ဝပ်ကြလိမ့်မည်။
ယောဘဝတ္တု။ 15:26 - မြန်မာ့စံမီသမ္မာကျမ်း သူသည် ထူထဲသောဒိုင်းလွှားကြီးကိုကိုင်လျက် ကိုယ်တော့်ကို တိုက်ခိုက်ရန် တဇွတ်ထိုးပြေးလာ၏။ Common Language Bible လည်ပင်းကို ဆန့်လျက်၊ ထူသောဒိုင်းပုနှင့် ဆီးကာလျက်၊ ဘုရားသခင်ကို တိုက်အံ့သောငှါ ပြေး၏။ Garrad Bible လည် ပင်း ခိုင် မာ၍ ထူ ထပ် သော ဒိုင်း လွှား ဦး ဖြင့် ကွယ် ကာ လျက်၊ ကိုယ် တော် ကို ဆီး ကြို ပြေး ဝင် လေ ပြီ။ Judson Bible လည်ပင်းကိုဆန့်လျက်၊ ထူသောဒိုင်းပုနှင့် ဆီးကာလျက်၊ ဘုရားသခင်ကို တိုက်အံ့သောငှာ ပြေး၏။ |
ယုဒ၊ သင့်ညီအစ်ကိုတို့သည် သင့်ကိုချီးမွမ်းကြလိမ့်မည်။ သင်၏လက်သည် သင့်ရန်သူတို့လည်ပင်းပေါ်၌ရှိလိမ့်မည်။ သင့်ဖခင်၏သားတို့သည် သင့်ရှေ့၌ ပျပ်ဝပ်ကြလိမ့်မည်။
အာခတ်မင်းကြီးသည် ဒုက္ခရောက်နေချိန်တွင်ပင် ထာဝရဘုရားအပေါ် သစ္စာမဲ့သောလုပ်ရပ်များကို ဆက်၍သာလုပ်ဆောင်လေ၏။
အကြောင်းမှာ သူသည် ဘုရားသခင်ကို လက်သီးလက်မောင်းတန်းပြခဲ့၏။ အနန္တတန်ခိုးရှင်ကို အာခံခဲ့၏။
အေးချမ်းစွာနေရစဉ် ငါ့ကို တစ်စစီချိုးဖဲ့တော်မူပြီ။ ငါ့လည်ပင်းကို ဖမ်းကိုင်ပြီးလျှင် ငါ့ကို တစ်စစီခြေမွှတော်မူပြီ။ ငါ့ကို ပစ်မှတ်အဖြစ်ထားတော်မူပြီ။
အကျွန်ုပ်ရှေ့တွင် အကျွန်ုပ်၏ရန်သူတို့ကို လည်စင်းခံရစေသဖြင့် အကျွန်ုပ်ကိုမုန်းသောသူတို့အား အကျွန်ုပ်ဖယ်ရှားသုတ်သင်နိုင်ခဲ့ပါ၏။
အကြောင်းမူကား ချီးမြှောက်ခြင်းသည် အရှေ့အရပ်၊ အနောက်အရပ်၊ သို့မဟုတ် တောကန္တာရအရပ်မှလာသည်မဟုတ်။
သို့သော် ဖာရောမင်းကြီးက “ထာဝရဘုရား၏စကားကိုနားထောင်၍ အစ္စရေးလူမျိုးတို့ကို ငါလွှတ်ရမည့်အကြောင်း ထာဝရဘုရားကား မည်သူနည်း။ ထာဝရဘုရားကို ငါမသိ။ အစ္စရေးလူမျိုးတို့ကိုလည်း ငါမလွှတ်”ဟု ဆိုလေ၏။