ဆိုးယုတ်သောသူသည် ဝေဒနာများကိုသာ တစ်သက်လုံးခံစားရတတ်၏။ ကြမ်းကြုတ်သောသူတို့အဖို့လည်း ဝေဒနာနှစ်ကာလများ သိုထားလျက်ရှိ၏။
ယောဘဝတ္တု။ 15:24 - မြန်မာ့စံမီသမ္မာကျမ်း ဆင်းရဲဒုက္ခနှင့် ပူပင်သောကတို့သည် သူ့ကိုခြောက်လှန့်လျက်ရှိ၏။ စစ်တိုက်ရန် အသင့်ရှိနေသောရှင်ဘုရင်ကဲ့သို့ သူ့ကို အနိုင်ယူလျက်ရှိ၏။ Common Language Bible ဆင်းရဲခြင်းဒုက္ခနှင့် နာကြဉ်းခြင်းဝေဒနာတို့သည် ထိုသူကို ချောက်တတ်၏။ စစ်တိုက်ခြင်းငှါ အသင့် နေသော ရှင်ဘုရင်ကဲ့သို့ သူ့ကို နိုင်တတ်၏။ Garrad Bible ကျဉ်း ကျပ် ခြင်း၊ ခဲ ယဉ်း ခြင်း လည်း၊ သူ့ ကို ချောက် လှန့်၍၊ တိုက် ရန် အ သင့် ရှိ သော ရှင် ဘု ရင် ကဲ့ သို့ အောင် နိုင် တတ်၏။ Judson Bible ဆင်းရဲခြင်းဒုက္ခနှင့် နာကြည်းခြင်းဝေဒနာတို့သည် ထိုသူကို ခြောက်တတ်၏။ စစ်တိုက်ခြင်းငှာ အသင့်နေသော ရှင်ဘုရင်ကဲ့သို့ သူ့ကိုနိုင်တတ်၏။ |
ဆိုးယုတ်သောသူသည် ဝေဒနာများကိုသာ တစ်သက်လုံးခံစားရတတ်၏။ ကြမ်းကြုတ်သောသူတို့အဖို့လည်း ဝေဒနာနှစ်ကာလများ သိုထားလျက်ရှိ၏။
ကြောက်မက်ဖွယ်အသံများကိုသာ သူ့နားတွင် ကြားနေရ၏။ ငြိမ်းချမ်းနေချိန်တွင်ပင် သူ့ထံ ဖျက်ဆီးခြင်းဘေး ရောက်လာတတ်၏။
သူက ‘အဘယ်မှာနည်း’ဟု ဆိုလျက် စားစရာကိုလှည့်လည်ရှာဖွေ၏။ မှောင်မိုက်သောနေ့ရက်သည်လည်း သူ၏လက်တစ်ကမ်းတွင် ရှိနေကြောင်းကို သူသိ၏။
အကြောင်းမှာ သူသည် ဘုရားသခင်ကို လက်သီးလက်မောင်းတန်းပြခဲ့၏။ အနန္တတန်ခိုးရှင်ကို အာခံခဲ့၏။
ကိုယ်တော်၏ဗိုလ်ခြေတို့သည် အတူတကွချီတက်လာကြ၍ ကျုံးများကိုတူးလျက် ငါ့တဲပတ်ပတ်လည်တွင် စခန်းချကြ၏။
ဘေးရန်နှင့်ကျပ်တည်းမှုတို့သည် အကျွန်ုပ်အပေါ်သို့ကျရောက်ကြသော်လည်း ကိုယ်တော်၏ပညတ်တော်တို့သည် အကျွန်ုပ်မွေ့လျော်ရာဖြစ်ကြပါ၏။
ကြောက်မက်ဖွယ်ဘေးသည် လေပြင်းမုန်တိုင်းကဲ့သို့ သင်တို့အပေါ်သက်ရောက်သောအခါ၌လည်းကောင်း၊ ဘေးဒုက္ခသည် လေပွေကဲ့သို့ သင်တို့ထံရောက်လာသောအခါ၌လည်းကောင်း၊ ဆင်းရဲဒုက္ခနှင့်ဘေးဥပဒ်သည် သင်တို့အပေါ်သက်ရောက်သောအခါ၌လည်းကောင်း
ဆင်းရဲခြင်းသည် သူခိုးဓားပြကဲ့သို့လည်းကောင်း၊ ချို့တဲ့နွမ်းပါးခြင်းသည် လက်နက်ကိုင်ဆောင်သူကဲ့သို့လည်းကောင်း သင့်ထံသို့ရောက်လာလိမ့်မည်။
ဆင်းရဲခြင်းသည် သူခိုးဓားပြကဲ့သို့လည်းကောင်း၊ ချို့တဲ့နွမ်းပါးခြင်းသည် လက်နက်ကိုင်ဆောင်သူကဲ့သို့လည်းကောင်း သင့်ထံသို့ရောက်လာလိမ့်မည်။
ငါ၏သန့်ရှင်းသူတို့ကို ငါမိန့်မှာထားပြီ။ ငါ့အမျက်တော်အတိုင်းလုပ်ဆောင်ရန် ငါဂုဏ်ယူဝင့်ကြွားရာစစ်သူရဲများကို ငါဆင့်ခေါ်ပြီ။
သင်သည် ယုဒဘုရင်ယောယကိမ်အား ‘သင်က ထိုစာလိပ်ပေါ်တွင် ဘေဘီလုံဘုရင်အမှန်လာ၍ ဤပြည်ကိုဖျက်ဆီးမည်။ ဤပြည်ရှိ လူနှင့်တိရစ္ဆာန်တို့ကို ဖယ်ရှားပစ်မည်ဟူ၍ အဘယ်ကြောင့် ရေးမှတ်သနည်းဟု ဆိုလျက် စာလိပ်ကို သင်မီးရှို့လေပြီ’ဟူ၍ ထာဝရဘုရားမိန့်တော်မူ၏”ဟု ဆင့်ဆိုရမည်။
ဆင်းရဲဒုက္ခနှင့်နာကျင်ခြင်းဝေဒနာတို့သည် ဦးစွာဂျူးလူမျိုး ထို့နောက် ဂရိလူမျိုးအပါအဝင် မကောင်းသောအမှုကိုပြုသည့် သက်ရှိလူသားအပေါင်းတို့အပေါ်သို့ ကျရောက်လိမ့်မည်။