မပြစ်မှားဘဲနေနိုင်သူ တစ်ယောက်မျှမရှိသည်ဖြစ်၍ သူတို့သည် ကိုယ်တော့်ကို ပြစ်မှားမိလျှင် ကိုယ်တော်သည် သူတို့ကို အမျက်ထွက်၍ ရန်သူလက်သို့ အပ်လိုက်သဖြင့် ရပ်နီးရပ်ဝေးရှိရန်သူတို့၏ပြည်သို့ သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး
ယောဘဝတ္တု။ 15:14 - မြန်မာ့စံမီသမ္မာကျမ်း လူသည် မည်သို့သောသူဖြစ်၍ သန့်ရှင်းစင်ကြယ်နိုင်မည်နည်း။ မိန်းမမှမွေးလာသောလူသည် မည်သို့ဖြောင့်မတ်နိုင်မည်နည်း။ Common Language Bible လူသည်အဘယ်သို့သော သူဖြစ်၍ သန့်ရှင်းနိုင်သနည်း။ မိန်းမဘွားသောသူသည် အဘယ်သို့သော သူဖြစ်၍ ဖြောင့်မတ်နိုင်သနည်း။ Garrad Bible လူ သည် မည် သို့ သော သ တ္တ ဝါ ဖြစ်၍ သန့် စင် ရ အံ့ နည်း။ မိန်း မ မှ ဖွား မြင် သော သူ ပင် မည် သို့ သော သ တ္တ ဝါ ဖြစ်၍ ဖြောင့် မတ် ရ အံ့ နည်း။ Judson Bible လူသည် အဘယ်သို့သောသူဖြစ်၍ သန့်ရှင်းနိုင်သနည်း။ မိန်းမဖွားသောသူသည် အဘယ်သို့သောသူဖြစ်၍ ဖြောင့်မတ်နိုင်သနည်း။ |
မပြစ်မှားဘဲနေနိုင်သူ တစ်ယောက်မျှမရှိသည်ဖြစ်၍ သူတို့သည် ကိုယ်တော့်ကို ပြစ်မှားမိလျှင် ကိုယ်တော်သည် သူတို့ကို အမျက်ထွက်၍ ရန်သူလက်သို့ အပ်လိုက်သဖြင့် ရပ်နီးရပ်ဝေးရှိရန်သူတို့၏ပြည်သို့ သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး
မပြစ်မှားဘဲနေနိုင်သူ တစ်ယောက်မျှမရှိသည်ဖြစ်၍ သူတို့သည် ကိုယ်တော့်ကိုပြစ်မှားမိလျှင် ကိုယ်တော်သည် သူတို့ကိုအမျက်ထွက်၍ ရန်သူလက်သို့အပ်လိုက်သဖြင့် ရပ်နီးရပ်ဝေးပြည်သို့ သူတို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး
မိန်းမမှမွေးလာသောလူသည် အသက်တာတိုတောင်း၍ ဆင်းရဲဒုက္ခများနှင့် ပြည့်နှက်နေပါ၏။
မစင်ကြယ်သောအရာထဲမှ စင်ကြယ်သောအရာကို အဘယ်သူ ပေါ်ထွက်စေနိုင်သနည်း။ အဘယ်သူမျှမရှိပါ။
“ဤအမှန်တရားကို ငါသိပါ၏။ သို့သော် လူသည် ဘုရားသခင်ရှေ့တွင် မည်သို့ဖြောင့်မတ်နိုင်မည်နည်း။
ပညာသတိရှိသောသူ၊ ဘုရားသခင်ကိုရှာသောသူ ရှိ၊ မရှိသိမြင်ရန် ထာဝရဘုရားသည် လူသားတို့ကို ကောင်းကင်ဘုံမှငုံ့ကြည့်တော်မူ၏။
လူအပေါင်းတို့သည်လမ်းလွဲကြပြီ။ တညီတညွတ်တည်းဖောက်ပြန်ယိုယွင်းကြပြီ။ ကောင်းသောအမှုကိုပြုသောသူမရှိ။ တစ်ယောက်မျှမရှိ။
ကိုယ်တော်၏အစေအပါးနှင့်အတူ တရားစီရင်ရာသို့ ဝင်တော်မမူပါနှင့်။ အကြောင်းမူကား အသက်ရှင်သောသူတစ်စုံတစ်ဦးမျှ ကိုယ်တော်၏ရှေ့တော်၌ ဖြောင့်မတ်သည်ဟူ၍မရှိပါ။
အကျွန်ုပ်သည် ဒုစရိုက်ထဲ၌မွေးဖွားလာပါ၏။ အကျွန်ုပ်၏မိခင်သည် အကျွန်ုပ်ကို ကိုယ်ဝန်ရစဉ်ကပင် အကျွန်ုပ်သည် အပြစ်ထဲ၌ရှိပါ၏။
“ငါသည် ငါ၏စိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စေပြီ၊ ငါသည် အပြစ်မှစင်ကြယ်ပြီ”ဟု မည်သူပြောဆိုနိုင်သနည်း။
အမှန်စင်စစ် အပြစ်မပြုဘဲ ကောင်းသောအမှုကိုသာပြုသည့်ဖြောင့်မတ်သောသူဟူ၍ ကမ္ဘာမြေကြီးပေါ်၌မရှိ။
ကြည့်ရှုလော့။ ငါတွေ့ရှိသည့် တစ်ခုတည်းသောအရာကား ဘုရားသခင်သည် လူကိုဖြောင့်မှန်သောသူအဖြစ် ဖန်ဆင်းတော်မူသော်လည်း လူတို့သည် များစွာသောအကြောင်းအချက်တို့ကိုရှာဖွေကြသည်ဟူ၍ဖြစ်၏။
အသွေးအသားအားဖြင့် မွေးဖွားသောအရာသည် အသွေးအသားဖြစ်၏။ ဝိညာဉ်တော်အားဖြင့် မွေးဖွားသောအရာသည် ဝိညာဉ်ဖြစ်၏။
ငါ့အထဲ၌ တစ်နည်းအားဖြင့် ငါ၏သွေးသားဇာတိထဲ၌ ကောင်းသောအရာတစ်စုံတစ်ခုမျှ ကိန်းအောင်းနေခြင်းမရှိကြောင်း ငါသိ၏။ အဘယ်ကြောင့်ဆိုသော် ကောင်းသောအမှုကိုပြုလိုသောဆန္ဒသည် ငါ၌ရှိသော်လည်း ၎င်းကို ပြုနိုင်စွမ်းမရှိ။
သို့သော် ယေရှုခရစ်တော်ကိုယုံကြည်ခြင်းနှင့်စပ်ဆိုင်သောကတိတော်ကို ယုံကြည်သောသူတို့အားပေးအပ်ရန် ကျမ်းစာသည် လူအပေါင်းတို့ကို အပြစ်တရား၏လက်အောက်တွင် ချုပ်နှောင်ထား၏။