ကိုယ်ခန္ဓာနာကျင်မှုကိုသာ သူခံစားရ၍ သူ့အတွက်သာ သူညည်းတွားလျက်နေရ၏”ဟု ဆိုလေ၏။
ယောဘဝတ္တု။ 14:21 - မြန်မာ့စံမီသမ္မာကျမ်း သူ့သားတို့ချီးမြှောက်ခံရလျှင်လည်း သူမသိရပါ။ သူတို့အထင်သေးခံရလျှင်လည်း သူနားမလည်ပါ။ Common Language Bible သူ၏သားတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သော်လည်း သူသည်မသိရပါ။ နှိမ့်ချခြင်းသို့ ရောက်သော် လည်း ထိုအမှုကိုပင် မရိပ်မိပါ။ Garrad Bible သား တို့ သည် ဂုဏ် အ သ ရေ ရောက် ကြ သော် လည်း၊ သူ မ သိ။ နိမ့် ကျ ကြ သော် လည်း၊ နား မ လည် ချေ။ Judson Bible သူ၏သားတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သော်လည်း သူသည်မသိရပါ။ နှိမ့်ချခြင်းသို့ ရောက်သော်လည်း ထိုအမှုကိုပင် မရိပ်မိပါ။ |
ကိုယ်ခန္ဓာနာကျင်မှုကိုသာ သူခံစားရ၍ သူ့အတွက်သာ သူညည်းတွားလျက်နေရ၏”ဟု ဆိုလေ၏။
သူ၏လအပိုင်းအခြားများကုန်ဆုံးသွားသောအခါ သူ့နောက်တွင်ကျန်ခဲ့မည့်သားမြေးတို့ကို သူမည်သို့ကြည့်ရှုနိုင်တော့မည်နည်း။
သူတို့သည် ခဏတာချီးမြှောက်ခံရပြီးမှ ပျောက်ကွယ်သွားရလိမ့်မည်။ နှိမ့်ချခြင်းခံရ၍ အများသူငါကဲ့သို့ စုသိမ်းခြင်းခံရလိမ့်မည်။ ကောက်နှံကဲ့သို့ ရိတ်ဖြတ်ခြင်း ခံရလိမ့်မည်။
အကယ်စင်စစ် လူသည်အရိပ်ကဲ့သို့သွားလာပါ၏။ သူတို့သည် အချည်းနှီးသောအရာကြောင့်သာ မငြိမ်မသက်ဖြစ်တတ်ကြပါ၏။ လူသည် ဥစ္စာများစုဆောင်းသော်လည်း ၎င်းတို့အား မည်သူရမည်ကိုမသိပါ။
မိမိ၏ကုန်ပစ္စည်းသည် အကျိုးအမြတ်ရှိကြောင်းကို သိမြင်တတ်၏။ သူ၏မီးခွက်သည် ညအချိန်၌ မငြိမ်းတတ်။
အကြောင်းမူကား အသက်ရှင်သောသူတို့သည် မိမိတို့သေရမည်ကို သိကြ၏။ သေသောသူတို့မူကား မည်သည့်အရာကိုမျှမသိကြ။ သူတို့နှင့်ဆိုင်သောအောက်မေ့စရာများပင်လျှင် မေ့လျော့ခြင်းခံရသည်ဖြစ်၍ သူတို့အတွက် ဆုလာဘ်လည်း နောက်ထပ်မရှိတော့ပေ။
ကိုယ်တော်သည် အကျွန်ုပ်တို့၏အဖဖြစ်တော်မူ၏။ အာဗြဟံသည် အကျွန်ုပ်တို့ကိုမသိ။ အစ္စရေးသည်လည်း အကျွန်ုပ်တို့ကိုအသိအမှတ်မပြု။ အို ထာဝရဘုရား၊ ကိုယ်တော်မူကား အကျွန်ုပ်တို့၏အဖဖြစ်တော်မူ၏။ ရှေးကာလကပင် ကိုယ်တော်၏နာမတော်သည် “အကျွန်ုပ်တို့ကိုရွေးနုတ်သောအရှင်” ဖြစ်၏။
သူသေခါနီးတွင် သူ့အနီးရှိအမျိုးသမီးများက “မကြောက်နှင့်၊ သင် သားယောက်ျားလေးမွေးပြီ”ဟု ဆိုသော်လည်း သူပြန်မပြောနိုင်၊ အရေးလည်းမစိုက်နိုင်တော့ပေ။