အကျွန်ုပ်တို့သည် ကိုယ်တော့်ရှေ့တွင် တိုင်းတစ်ပါးသားများဖြစ်ကြပါ၏။ ဘိုးဘေးတို့ကဲ့သို့ပင် ဧည့်သည်များ ဖြစ်ကြပါ၏။ မြေကြီးပေါ်တွင် အသက်ရှင်နေရသည်မှာ အရိပ်ကဲ့သို့ဖြစ်၍ မျှော်လင့်စရာ မရှိပါ။
ယောဘဝတ္တု။ 14:2 - မြန်မာ့စံမီသမ္မာကျမ်း ပန်းကဲ့သို့ပွင့်ပြီး ညှိုးနွမ်းသွားရပါ၏။ အရိပ်ကဲ့သို့ရွေ့လျားပြီး ပျောက်ကွယ်သွားရပါ၏။ Common Language Bible ပန်းပွင့်ကဲ့သို့ပွင့်၍ ရိတ်ဖြတ်ခြင်းကိုခံရပါ၏။ မတည်မရပ်ဘဲ အရိပ်ကဲ့သို့ ရွေ့သွားတတ်ပါ၏။ Garrad Bible ပန်း ကဲ့ သို့ ပွင့်၍ ညှိုး နွမ်း လျက်၊ အ ရိပ် ကဲ့ သို့ ရွေ့ သွား၍ မ တည် မ မြဲ ရာ။ Judson Bible ပန်းပွင့်ကဲ့သို့ပွင့်၍ ရိတ်ဖြတ်ခြင်းကို ခံရပါ၏။ မတည်မရပ်ဘဲ အရိပ်ကဲ့သို့ ရွေ့သွားတတ်ပါ၏။ |
အကျွန်ုပ်တို့သည် ကိုယ်တော့်ရှေ့တွင် တိုင်းတစ်ပါးသားများဖြစ်ကြပါ၏။ ဘိုးဘေးတို့ကဲ့သို့ပင် ဧည့်သည်များ ဖြစ်ကြပါ၏။ မြေကြီးပေါ်တွင် အသက်ရှင်နေရသည်မှာ အရိပ်ကဲ့သို့ဖြစ်၍ မျှော်လင့်စရာ မရှိပါ။
သူသည် မမှည့်ခင်အသီးကြွေကျသွားသောစပျစ်ပင်ကဲ့သို့၊ အပွင့်ကြွေသွားသောသံလွင်ပင်ကဲ့သို့ ဖြစ်လိမ့်မည်။
သူတို့သည် နေထွက်ချိန်နှင့် နေဝင်ချိန်ကြား၌ပင် အမှုန့်ဖြစ်သွားနိုင်၏။ သတိမထားမိချိန်မှာပင် အစဉ်ပျက်စီးသွားနိုင်၏။
အကြောင်းမူကား ငါတို့သည် မနေ့တနေ့ကမှ လူဖြစ်လာသဖြင့် ဘာမျှမသိနားမလည်ကြပါ။ ကမ္ဘာမြေပေါ်တွင် ငါတို့၏နေ့ရက်များသည် အရိပ်မျှသာဖြစ်ပါ၏။
အကျွန်ုပ်၏နေ့ရက်များသည် ညနေစောင်းအရိပ်ကဲ့သို့ဖြစ်၍ အကျွန်ုပ်သည် မြက်ပင်ကဲ့သို့ခြောက်သွေ့သွားပါ၏။
သို့သော် အို ထာဝရဘုရား၊ ကိုယ်တော်သည် အစဉ်အမြဲစိုးစံတော်မူ၏။ ကိုယ်တော်၏ဂုဏ်သတင်းသည် မျိုးဆက်အစဉ်အဆက်တည်ပါ၏။
အကျွန်ုပ်၏ညည်းတွားခြင်းအသံကြောင့် အကျွန်ုပ်သည် အရိုးပေါ်အရေတင်ဖြစ်နေပါ၏။
လူသည် အခိုးအငွေ့ကဲ့သို့ဖြစ်ပါ၏။ သူ၏နေ့ရက်တို့သည် ရိပ်ကနဲဖြတ်သွားသော အရိပ်ကဲ့သို့ဖြစ်ကြပါ၏။
အကြောင်းမူကား သူတို့သည် မြက်ပင်ကဲ့သို့ လျင်မြန်စွာညှိုးခြောက်၍ စိမ်းလန်းသောမြက်နုကဲ့သို့ ညှိုးနွမ်းကြလိမ့်မည်။
ကိုယ်တော်သည် အကျွန်ုပ်အသက်တာ၏ နေ့ရက်များကို လက်တစ်ဝါးသာရှည်စေတော်မူ၏။ အကျွန်ုပ်၏အသက်တာသည်လည်း ကိုယ်တော်၏ရှေ့တွင် ဘာမျှမဟုတ်သကဲ့သို့ဖြစ်ပါ၏။ အကယ်စင်စစ် လူတိုင်းသည် မြဲမြံစွာရပ်တည်လျက်နေစဉ်မှာပင် အခိုးအငွေ့သက်သက်ဖြစ်ကြပါ၏။(စေလာ)
သို့ဖြစ်၍ အို ဘုရားရှင်၊ ယခု အကျွန်ုပ်သည် မည်သည့်အရာကိုစောင့်မျှော်ရပါမည်နည်း။ အကျွန်ုပ်မျှော်မှန်းသောအရာသည် ကိုယ်တော်၌သာရှိပါ၏။
ဖြောင့်မတ်သောသူသည် စွန်ပလွံပင်ကဲ့သို့ ပွင့်လန်းဝေဆာ၍ လက်ဘနွန်တောင်မှ သစ်ကတိုးပင်ကဲ့သို့ကြီးထွားလိမ့်မည်။
ဆိုးယုတ်သောသူတို့သည် မြက်ပင်ကဲ့သို့ ပွင့်လန်းဝေဆာ၍ အပြစ်ဒုစရိုက်ပြုသောသူ အပေါင်းတို့သည် ရှင်သန်ကြခြင်းမှာ ထာဝရဖျက်ဆီးခြင်းခံရရန်အတွက်ဖြစ်၏။
ဆိုးယုတ်သောသူမူကား ဘုရားသခင်၏ရှေ့တော်၌ ကြောက်ရွံ့ခြင်းမရှိသောကြောင့် ကောင်းကျိုးချမ်းသာကိုခံစားရလိမ့်မည်မဟုတ်။ သူ၏နေ့ရက်ကာလများသည်လည်း အရိပ်ကဲ့သို့ဖြစ်၍ ရှည်လိမ့်မည်မဟုတ်။
သင်တို့သည် မနက်ဖြန် မည်သို့ဖြစ်မည်ကို မသိကြ။ သင်တို့၏အသက်သည် မည်သို့သောအရာဖြစ်သနည်း။ သင်တို့သည် ခေတ္တခဏပေါ်လာပြီးနောက် ပျောက်ကွယ်သွားတတ်သော အခိုးအငွေ့ဖြစ်ကြ၏။
အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့သည် မြက်ပင်ကဲ့သို့ဖြစ်၍ သူတို့၏ဘုန်းအသရေရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။ မြက်ပင်သည် ညှိုးနွမ်းခြောက်သွေ့သွား၍ အပွင့်သည်လည်း ကြွေတတ်၏။