ထိုသို့သာမဖြစ်ခဲ့လျှင် ငါသည် ယခု ငြိမ်းချမ်းစွာလဲလျောင်းရလေပြီ။ အိပ်စက်အနားယူရလေပြီ။
ယောဘဝတ္တု။ 14:12 - မြန်မာ့စံမီသမ္မာကျမ်း လူသည်လည်း အိပ်ပျော်ရာမှ နိုးလာမည်မဟုတ်။ မိုးကောင်းကင်မပြိုမချင်း သူတို့နိုးလာကြမည်မဟုတ်။ သူတို့ကို အိပ်စက်ရာမှ နိုးလာစေနိုင်မည်မဟုတ်။ Common Language Bible လူသည်အိပ်ပြီးမှ နောက်တဖန်မထရ။ မိုဃ်း ကောင်းကင်မကုန် မဆုံးမှီတိုင်အောင် မနိုးရ။ အအိပ် အပျော်မပျက်ရ။ Garrad Bible မိုး ကောင်း ကင် မ ပျောက် မ ချင်း၊ နိုး ထ ခြင်း၊ အိပ် ပျက် ခြင်း ကို မ ခံ ရာ၊ Judson Bible လူသည်အိပ်ပြီးမှ နောက်တစ်ဖန် မထရ။ မိုးကောင်းကင် မကုန်မဆုံးမီတိုင်အောင် မနိုးရ။ အအိပ်အပျော် မပျက်ရ။ |
ထိုသို့သာမဖြစ်ခဲ့လျှင် ငါသည် ယခု ငြိမ်းချမ်းစွာလဲလျောင်းရလေပြီ။ အိပ်စက်အနားယူရလေပြီ။
အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကို သေခြင်းသို့လည်းကောင်း၊ သက်ရှိသတ္တဝါအားလုံးစုတေ့ရာသို့လည်းကောင်း အရောက်ပို့မည်ကို အကျွန်ုပ်သိပါ၏။
အကျွန်ုပ်ကျူးလွန်မိသောအပြစ်ကို အဘယ်ကြောင့်ခွင့်လွှတ်တော်မမူပါသနည်း။ အကျွန်ုပ်၏ဒုစရိုက်ကို အဘယ်ကြောင့် ဖယ်ရှားတော်မမူပါသနည်း။ ယခု မြေမှုန့်၌ အကျွန်ုပ်အိပ်ရပါတော့မည်။ ကိုယ်တော်သည် အကျွန်ုပ်ကိုကြိုးစားရှာသော်လည်း တွေ့ရတော့မည်မဟုတ်ပါ”ဟု ညည်းဆိုလေ၏။
လေလွင့်ပျောက်ကွယ်သွားတတ်သောမိုးတိမ်ကဲ့သို့ မရဏာနိုင်ငံသို့ဆင်းသွားသောသူလည်း ပြန်တက်လာနိုင်မည်မဟုတ်။
ထိုအရာတို့သည် ပျက်စီးသွားသော်လည်း ကိုယ်တော်သည် ဆက်၍တည်ပါ၏။ ထိုအရာရှိသမျှတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းကြလိမ့်မည်။ ကိုယ်တော်သည် ထိုအရာတို့ကို အဝတ်လဲသကဲ့သို့ လဲတော်မူသဖြင့် ၎င်းတို့သည် ပြောင်းလဲကြလိမ့်မည်။
ကိုယ်တော်သည် လူတို့ကို လွှမ်းမိုးတိုက်သွားတော်မူ၍ သူတို့သည် အိပ်ပျော်သွားကြရပါ၏။ လူသည် နံနက်အချိန်တွင် ကြီးထွားလာသည့် မြက်ပင်ကဲ့သို့ဖြစ်ပါ၏။
သို့ဖြစ်၍ လူသည် နှစ်ပေါင်းများစွာအသက်ရှင်လျှင် ထိုနှစ်ကာလအားလုံး၌ ဝမ်းမြောက်ခြင်းရှိပါစေ။ သို့သော် မှောင်မိုက်သောနေ့ရက်များသည်လည်း များစွာရှိမည်ဖြစ်ကြောင်း အောက်မေ့ပါစေ။ ဖြစ်လာမည့်အရာအားလုံးတို့သည် အချည်းနှီးဖြစ်ကြ၏။
လူတို့သည် မြင့်သောနေရာနှင့်လမ်းပေါ်မှအန္တရာယ်များကို ကြောက်ကြလိမ့်မည်။ ဗာဒံပင်သည် ပွင့်လိမ့်မည်။ နှံကောင်သည် လေးကန်စွာလျှောက်သွားလိမ့်မည်။ အလိုရမ္မက်သည် ပယ်ဖျက်ခြင်းခံရလိမ့်မည်။ လူသည် ထာဝရအိမ်သို့သွားနေသည်ဖြစ်၍ မြည်တမ်းသောသူတို့သည် လမ်း၌ လှည့်ပတ်သွားကြလိမ့်မည်။
ကိုယ်တော်၌ သေဆုံးသောသူတို့သည် ပြန်ရှင်ကြမည်။ ငါနှင့်သက်ဆိုင်သောအသေကောင်သည် ထမြောက်မည်။ မြေမှုန့်သားတို့၊ နိုးလော့။ ရွှင်လန်းစွာသီချင်းဆိုကြလော့။ အကြောင်းမူကား ကိုယ်တော်၏နှင်းသည် နံနက်ခင်းနှင်းကဲ့သို့ဖြစ်၏။ မြေကြီးသည် သေသူ၏ဝိညာဉ်ကို မွေးဖွားစေလိမ့်မည်။
မိုးကောင်းကင်ကို မျှော်ကြည့်ကြလော့။ အောက်အရပ်ကမ္ဘာမြေကြီးကိုလည်း ကြည့်ကြလော့။ မိုးကောင်းကင်သည် မီးခိုးကဲ့သို့ကွယ်ပျောက်သွားမည်။ ကမ္ဘာမြေကြီးသည်လည်း အဝတ်ကဲ့သို့ဟောင်းနွမ်းသွားမည်။ မြေကြီးသားတို့သည်လည်း မှက်ကောင်ကဲ့သို့ သေဆုံးကြမည်။ သို့သော် ငါ၏ကယ်တင်ခြင်းသည် အစဉ်အမြဲတည်မည်။ ငါ၏ဖြောင့်မတ်ခြင်းသည် ပျောက်ပျက်မည်မဟုတ်။
ကြည့်ရှုလော့။ ကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ငါဖန်ဆင်းမည်။ အတိတ်မှအဖြစ်အပျက်တို့ကို မှတ်မိတော့မည်မဟုတ်။ စိတ်ထဲဝင်လာတော့မည်မဟုတ်။
ထာဝရဘုရားက “ငါဖန်ဆင်းမည့်ကောင်းကင်သစ်နှင့်မြေကြီးသစ်သည် ငါ့ရှေ့မှောက်၌ အစဉ်တည်သကဲ့သို့ သင်တို့၏အမျိုးအနွယ်၊ သင်တို့၏အမည်နာမသည် အစဉ်တည်လိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုအခါ မြေမှုန့်ထဲ၌ အိပ်ပျော်သောသူအမြောက်အမြားနိုးလာ၍ အချို့တို့သည် ထာဝရအသက်ရှင်ရလိမ့်မည်။ အချို့တို့သည် ကဲ့ရဲ့ခြင်း၊ ရွံရှာခြင်း ထာဝရခံရလိမ့်မည်။
ကောင်းကင်နှင့်မြေကြီးသည် ကွယ်ပျောက်သွားလိမ့်မည်။ ငါ့စကားမူကား မည်သည့်အခါမျှ ကွယ်ပျောက်လိမ့်မည်မဟုတ်။
ရှေးကာလမှစ၍ မိမိ၏သန့်ရှင်းသောပရောဖက်တို့၏နှုတ်အားဖြင့် ဘုရားသခင်မိန့်တော်မူခဲ့သည့်အရာတည်းဟူသော အလုံးစုံတို့ကို မူလအတိုင်းပြန်ဖြစ်စေမည့်ကာလများတိုင်အောင် ကောင်းကင်သည် ထိုအရှင်ကိုလက်ခံထားရမည်။
အဘယ်ကြောင့်ဆိုသော် ဖန်ဆင်းခံလောကသည် အချည်းနှီးအဖြစ်သို့ချထားခြင်းခံရသည်မှာ မိမိဆန္ဒအလျောက်မဟုတ်ဘဲ ချထားတော်မူသောအရှင်ကြောင့်သာဖြစ်ပြီး
အကြောင်းမူကား ထင်ရှားလာသောအရာရှိသမျှသည် အလင်းဖြစ်၏။ သို့ဖြစ်၍ “အိပ်ပျော်နေသောသူ၊ နိုးလော့။ သေသောသူတို့ထဲမှ ထမြောက်လော့။ ထိုအခါ ခရစ်တော်သည် သင့်အား အလင်းကိုပေးတော်မူလိမ့်မည်”ဟု ဆိုထား၏။
ယခုရှိသော ကောင်းကင်နှင့်မြေကြီးမူကား ထိုနှုတ်ကပတ်တော်အားဖြင့် မီးအတွက်သိုမှီးထားခြင်းခံရ၍ ဘုရားတရားမဲ့သောသူတို့၏ပျက်စီးခြင်းနှင့် တရားစီရင်ခြင်းနေ့ရက်တိုင်အောင် ထိန်းသိမ်းထားခြင်းခံရလျက်ရှိ၏။
ထို့နောက် ဖြူသောပလ္လင်ကြီးနှင့် ထိုပလ္လင်ပေါ်တွင်ထိုင်တော်မူသောအရှင်ကို ငါမြင်ရ၏။ ကောင်းကင်နှင့်မြေကြီးသည် ထိုအရှင်၏မျက်မှောက်မှ ပျောက်လွင့်သွား၍ ၎င်းတို့အတွက်နေရာမရှိတော့ပေ။
ထို့နောက် ကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ငါမြင်ရ၏။ အကြောင်းမူကား ပထမကောင်းကင်နှင့် ပထမမြေကြီးသည် ပျောက်ကွယ်သွား၍ ပင်လယ်သည်လည်းမရှိတော့ချေ။