ငါသည်လည်း သင်တို့ကဲ့သို့ အသိစိတ်ရှိ၍ သင်တို့ထက် မညံ့။ ဤကဲ့သို့သောအရာများကို အဘယ်သူမသိဘဲနေမည်နည်း။
ယောဘဝတ္တု။ 13:2 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့သိသကဲ့သို့ ငါလည်း သိပါ၏။ သင်တို့ထက် ငါညံ့ဖျင်းသည်မဟုတ်။ Common Language Bible သင်တို့သိသမျှကို ငါသိ၏။ သင်တို့ထက် ငါယုတ် ညံ့သည်မဟုတ်။ Garrad Bible သင် တို့ သိ သ မျှ ကို ငါ သိ၍၊ သင် တို့ ထက် ငါ ယုတ် ညံ့ သည် မ ဟုတ်။ Judson Bible သင်တို့သိသမျှကို ငါသိ၏။ သင်တို့ထက် ငါယုတ်ညံ့သည်မဟုတ်။ |
ငါသည်လည်း သင်တို့ကဲ့သို့ အသိစိတ်ရှိ၍ သင်တို့ထက် မညံ့။ ဤကဲ့သို့သောအရာများကို အဘယ်သူမသိဘဲနေမည်နည်း။
‘ယောဘတစ်ယောက် အသိတရားမရှိဘဲ ပြောလေပြီ။ ပညာသတိမရှိသောစကားတို့ကို ပြောလေပြီ’ဟု ဆိုကြလိမ့်မည်။
ယောဘသည် နှုတ်ကို အချည်းနှီးဖွင့်လေပြီ။ အသိတရားမဲ့သောစကားများစွာကို ပြောမိလေပြီ”ဟု ဆိုလေ၏။
ကိုယ်တော့်ထံမှ မြည်ဟိန်းသောအသံ၊ နှုတ်တော်မှထွက်သောအသံတော်ကို သေချာစွာနားထောင်ကြလော့။
ဤသို့ ထာဝရဘုရားသည် ယောဘနှင့်စကားပြောဆိုပြီးမှ ထာဝရဘုရားက တေမန်အမျိုးသား ဧလိဖတ်အား “သင်နှင့်သင့်မိတ်ဆွေနှစ်ဦးတို့သည် ငါ့အစေအပါးယောဘကဲ့သို့ ငါ့အကြောင်းကို မှန်မှန်ကန်ကန်မပြောသောကြောင့် သင်တို့ကို ငါအမျက်ထွက်၏။
ငါသည် မိုက်မဲသောသူဖြစ်ခဲ့လေပြီ။ သင်တို့သည် ငါ့ကို အတင်းအကျပ် ထိုသို့ဖြစ်စေကြ၏။ အမှန်စင်စစ် ငါသည် သင်တို့၏ထောက်ခံချီးကျူးမှုကို ခံထိုက်၏။ အကြောင်းမူကား ငါသည် မပြောပလောက်သောသူဖြစ်သော်လည်း ထိပ်တန်းတမန်တော်များထက် အနည်းငယ်မျှမညံ့ပေ။