Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -

ယောဘဝတ္တု။ 13 - Garrad Bible

1 ထို အ ရာ ရှိ သ မျှ ကို၊ ဒိ ဋ္ဌ သု တ ငါ မြင် ရ ကြား ရ၍ နား လည် ခဲ့ ပြီ။

2 သင် တို့ သိ သ မျှ ကို ငါ သိ၍၊ သင် တို့ ထက် ငါ ယုတ် ညံ့ သည် မ ဟုတ်။

3 ငါ သည် အ န န တ္တ တန် ခိုး ရှင် ထံ လျှောက် ထား၍၊ ဘု ရား သ ခင် ရှေ့၊ ချေ ပ ရန် အ လို ရှိ ပါ၏။

4 သင် တို့ ရှိ သ မျှ မူ ကား၊ မု သာ မွမ်း မံ သူ၊ အ သုံး မဲ့ ဆေး သ မား များ ဖြစ် ကြ သ တည်း။

5 တိတ် တိတ် ဆိတ် ဆိတ် နေ ကြ ပါ ချေ က၊ ဉာဏ် ပ ညာ ရှိ ရာ ရောက် တော့ မည်။

6 ငါ ဆုံး မ ချက် ကိုလည်း ကောင်း၊ နှုတ် မြွက် သော ပဲ့ ပြင် ချက် ကိုလည်း ကောင်း၊ နား ထောင် နာ ခံ ကြ ကုန်။

7 ဘု ရား သ ခင် ဘက်၌၊ မ တ ရား သ ဖြင့်လည်း ကောင်း၊ ပ ရိ ယယ် ဖြင့်လည်း ကောင်း၊ ပြော ဆို ဝံ့ ကြ သ လော။

8 မျက် နှာ တော် ကို ငဲ့၍၊ ဘု ရား သ ခင် ဘက်၌ ထု ချေ ကြ မည် လော။

9 စီ စစ် တော် မူ ခြင်း ကို ခံ ရ ကြ လျှင်၊ သင် တို့၌ အ ကျိုး ရှိ မည် လော။ လူ ချင်း လှည့် စား သ ကဲ့ သို့၊ ကိုယ် တော် ကို လှည့် စား ကြ မည် လော။

10 မျက် နှာ ကို လျှို့ တ ဝှက် ထောက် ကြ လျှင်၊ သင် တို့ ကို ဆုံး မ တော် မူ လိမ့် မည်။

11 မြင့် မြတ် တော် မူ ခြင်း ကြောင့်၊ သင် တို့ သည် ထိန့် လန့် လျက်၊ ကိုယ် တော် အား ကြောက် ရွံ့ ရာ ရောက် ကြ မည် မ ဟုတ် လော။

12 သင် တို့ ဥ ဒါန်း စ ကား များ သည်၊ ပြာ ပုံ သ ဖွယ် က တုတ် များ လည်း သ ရွတ် သ ဖွယ် ဖြစ် လိမ့် သ တည်း။

13 တိတ် နေ ကြ လော့၊ ငါ ပြော ဆို ပါ မည်။ ဖြစ် လို ရာ ဖြစ် ပါ စေ။

14 မု ချ အား ဖြင့်၊ ငါ့ အ လောင်း ကို ငါ ကိုက် ချီ၍၊ အ သက် ကို လည်း ဆောင် ကိုင် တော့ မည်။

15 ငါ့ ကို ကွပ် မျက် တော် မူ၍၊ စောင့် မျှော် ရန် အ ကြောင်း မ ရှိ သော် လည်း၊ မျက် မှောက် တော် တွင် ပင်၊ အ မှု နည်း လမ်း များ ကို ချေ ပ ဦး မည်။

16 လူ သ ရော် လူ ပျက် တို့ လည်း၊ ရှေ့ တော် သို့ မ ဝင် နိုင် ကြ သည် ကို ထောက် ချင့်၍၊ ငါ သည် ကယ် တင် ရေး ကယ် တင် ခွင့် ရ လိမ့် မည်။

17 ငါ ပြော ဆို ချက် ကို နာ ခံ နာ ယူ၍၊ ကြား ပြော မည့် စ ကား ကို နား ထောင် ကြ ပါ လော့။

18 တ ရား မှု ကို ငါ စီ စဉ် ထား ခဲ့ လေ ပြီ။ ဖြောင့် မတ် သည် ဟူ၍ စီ ရင် မည် ကို ငါ သိ၏။

19 ငါ နှင့် မည် သူ ဘက် ပြိုင် မည် နည်း။ ထွက် ပေါ် လျှင်၊ ဆိတ် ဆိတ် နေ၍ ငါ အ သေ ခံ မည်။

20 အ ကျွန်ုပ်၌ ဒဏ် နှစ် ရပ် ကို စီ ရင် တော် မ မူ ပါ နှင့်။ မ မူ လျှင် မျက် နှာ တော် ကွယ် အောင် ပုန်း ရှောင် မည် မ ဟုတ် ပါ။

21 အ ကျွန်ုပ် ကို ဘေး ဖြင့် မ ခြောက် လှန့် ဘဲ၊ လက် တော် ကင်း ဝေး စေ တော် မူ ပါ။

22 သို့ မှ ခေါ် တော် မူ သော အ ခါ၊ ထု ချေ ပါ မည်။ သို့ တည်း မ ဟုတ်၊ အ ကျွန်ုပ် လျှောက် လဲ ရာ ကို တုံ့ ပြန် တော် မူ ပါ။

23 အ ကျွန်ုပ်၏ ဒု စ ရိုက် အ ပြစ် သည်၊ မည် မျှ များ ပြား သ နည်း။ လွန် ကျူး မှု၊ ပြစ် မှု များ ကို လည်း သိ စေ တော် မူ ပါ။

24 အ ကျွန်ုပ် ကို ရန် သူ သ ဖွယ် ထင် မှတ်၍၊ အ ဘယ့် ကြောင့် မျက် နှာ လွှဲ တော် မူ ပါ သ နည်း။

25 လေ တိုက် သော သစ် ရွက် ကို လှုပ် ရှား၍၊ ဖွဲ ခြောက် ကို လည်း လိုက် လံ တော် မူ မည် လော။

26 ကိုယ် တော် သည်၊ အ ကျွန်ုပ် နှင့် စပ်၍ နစ် နာ စ ရာ များ ကို မှတ် သား လျက်၊ ငယ် ပြစ် များ ကို ပြန် ပေး တော် မူ ပြီ။

27 အ ကျွန်ုပ် ကို ခြေ ထိပ် ခတ် တော် မူ ပြီ။ သွား လေ ရာ ရာ ကို စောင့် ကြည့် လျက်၊ ခြေ ရာ များ ကို လည်း ကန့် သတ် တော် မူ၏။

28 ဆွေး မြေ့ သော အ ရိုး၊ ပိုး စား သော အ ဝတ် ကဲ့ သို့၊ အား လျော့ ရ သူ ဖြစ် လေ စွ တ ကား။

Garrad Holy Bible © Bible Society of Myanmar, 1928.

Bible Society of Myanmar
ကြှနျုပျတို့နောကျလိုကျပါ:



ကြော်ငြာတွေ