ထို့နောက် အိမ်တံခါးဝရှိ လူကြီးလူငယ်တို့ကို မျက်စိကွယ်စေရန် ဒဏ်ခတ်သဖြင့် သူတို့သည် တံခါးကိုရှာရ၍ မောပန်းကြ၏။
ယောဘဝတ္တု။ 12:25 - မြန်မာ့စံမီသမ္မာကျမ်း အလင်းမရှိသောမှောင်မိုက်ထဲ၌ စမ်းတဝါးဝါးသွားလာစေ၍ အရက်မူးသောသူကဲ့သို့ ဒယီးဒယိုင်ဖြစ်စေတော်မူ၏။ Common Language Bible သူတို့သည်အလင်းမရှိ။ မှောင်မိုက်၌ စမ်းသပ်လျက်သွားရကြ၏။ ယစ်မူးသောသူကဲ့သို့ တိမ်းယိမ်းလျက် သွားစေတော်မူ၏။ Garrad Bible အ လင်း မဲ့ မှောင် မိုက်၌ စမ်း ယမ်း လျက်၊ ယစ် မူး သော သူ ကဲ့ သို့ ယိမ်း ယိုင် လျက် သွား စေ တော် မူ၏။ Judson Bible သူတို့သည် အလင်းမရှိ။ မှောင်မိုက်၌ စမ်းသပ်လျက် သွားရကြ၏။ ယစ်မူးသောသူကဲ့သို့ တိမ်းယိမ်းလျက် သွားစေတော်မူ၏။ |
ထို့နောက် အိမ်တံခါးဝရှိ လူကြီးလူငယ်တို့ကို မျက်စိကွယ်စေရန် ဒဏ်ခတ်သဖြင့် သူတို့သည် တံခါးကိုရှာရ၍ မောပန်းကြ၏။
သူ၏တဲရှိအလင်းသည် မှောင်မိုက်ဖြစ်လိမ့်မည်။ သူ၏ဘေးရှိမီးခွက်သည်လည်း ငြိမ်းသွားလိမ့်မည်။
နေ့အချိန်၌ပင် သူတို့ကို အမှောင်ထုဖုံးလွှမ်း၍ မွန်းတည့်အချိန်၌ပင် ညအချိန်ကဲ့သို့ စမ်းတဝါးဝါးသွားလာကြရ၏။
သူတို့သည် ယစ်မူးသူကဲ့သို့ ဒယီးဒယိုင်ဖြစ်လျက်၊ ရှေ့နောက်ယိမ်းထိုးလျက်နေကြ၏။ သူတို့၏အကြံဉာဏ်အားလုံးသည်လည်း ကုန်ခန်းလေ၏။
ထာဝရဘုရားသည် အီဂျစ်ပြည်ထဲသို့ ရှုပ်ထွေးသောသဘောကို သွင်းတော်မူသဖြင့် ယစ်မူးသူသည် မိမိအန်ဖတ်ပေါ်မှာ ဒယီးဒယိုင်ဖြစ်နေသကဲ့သို့ သူတို့သည် အီဂျစ်ပြည်၏အမှုကိစ္စရှိသမျှတို့ကို လမ်းလွဲစေကြပြီ။
ကမ္ဘာမြေကြီးသည် ယစ်မူးသူကဲ့သို့ ဒယီးဒယိုင်ယိမ်းထိုးနေ၏။ ပုခက်ကဲ့သို့ခါယမ်းနေ၏။ ကမ္ဘာမြေကြီးကျူးလွန်သောအပြစ်သည် လေးလံသဖြင့် လဲကျသွား၍ ပြန်ထနိုင်တော့မည်မဟုတ်။
ငါတို့သည် မျက်မမြင်ကဲ့သို့ နံရံကိုလိုက်စမ်းရ၏။ မျက်စိမပါသောသူကဲ့သို့ လိုက်စမ်းရ၏။ မှောင်ရီပျိုးချိန်၌ ခလုတ်တိုက်သကဲ့သို့ မွန်းတည့်ချိန်မှာပင် ခလုတ်တိုက်ကြ၏။ သန်မာသောသူများကြား၌ လူသေကဲ့သို့ဖြစ်ကြ၏။
ကြည့်လော့။ ထာဝရဘုရား၏လက်တော်သည် ယခုပင် သင့်အပေါ်သို့ကျရောက်သဖြင့် သင်သည် မျက်စိကွယ်လျက် ကာလအတန်ကြာ နေကိုမမြင်ဘဲနေလိမ့်မည်”ဟု ဆို၏။ ထိုခဏချင်းတွင် မှုန်ဝါးခြင်းနှင့်မှောင်မိုက်ခြင်းတို့သည် သူ့အပေါ်ကျရောက်သဖြင့် သူသည် လက်ဆွဲ၍လမ်းပြမည့်သူကို စမ်းတဝါးဝါးလိုက်ရှာလေ၏။
မျက်မမြင်သည် စမ်းတဝါးဝါးလိုက်စမ်းရသကဲ့သို့ သင်သည်လည်း မွန်းတည့်အချိန်၌ပင် စမ်းတဝါးဝါးလိုက်စမ်းရမည်။ သင့်ဘဝလမ်းခရီး၌ အောင်မြင်လိမ့်မည်မဟုတ်။ နှိပ်စက်ခြင်း၊ လုယူခြင်းကိုသာ တစ်ချိန်လုံးခံနေရမည်။ သင့်ကို ကယ်တင်မည့်သူမရှိ။
မိမိညီအစ်ကိုကိုမုန်းသောသူမူကား မှောင်မိုက်၌ရှိ၍ မှောင်မိုက်၌အသက်ရှင်လျှောက်လှမ်းနေ၏။ မှောင်မိုက်သည် သူ၏မျက်စိကိုကွယ်စေသဖြင့် သူသည် မိမိမည်သည့်အရပ်သို့သွားနေသည်ကို မသိ။