ထိုအခါ အမှုထမ်းတစ်ဦးက “အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ မည်သူမျှမရှိပါ။ အစ္စရေးပြည်ရှိ ပရောဖက်ဧလိရှဲက အရှင့်အိပ်ခန်းတွင်းမှပြောသောစကားများကို အစ္စရေးဘုရင်အား ပြန်ပြောပြလေ့ရှိပါ၏”ဟု လျှောက်တင်၏။
ယောဘဝတ္တု။ 12:22 - မြန်မာ့စံမီသမ္မာကျမ်း မှောင်မိုက်ထဲမှ လျှို့ဝှက်သောအရာတို့ကို ဖော်ထုတ်ပြ၏။ အမှောင်ထုကို အလင်းသို့ ရောက်စေတော်မူ၏။ Common Language Bible မှောင်မိုက်ထဲ၌ နက်နဲသောအရာတို့ကို ထင်ရှားစေ၍၊ သေခြင်းအရိပ်ကိုအလင်းထဲသို့ ထုတ်ဘော်တော် မူ၏။ Garrad Bible မှောင် မိုက် ထဲ၌ နက် နဲ ရာ များ ကို ထုတ် ဖော်၍၊ သေ ခြင်း အ ရိပ် ကို လည်း ထင် လင်း စေ တော် မူ၏။ Judson Bible မှောင်မိုက်ထဲ၌ နက်နဲသောအရာတို့ကို ထင်ရှားစေ၍၊ သေခြင်းအရိပ်ကိုအလင်းထဲသို့ ထုတ်ဖော်တော်မူ၏။ |
ထိုအခါ အမှုထမ်းတစ်ဦးက “အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ မည်သူမျှမရှိပါ။ အစ္စရေးပြည်ရှိ ပရောဖက်ဧလိရှဲက အရှင့်အိပ်ခန်းတွင်းမှပြောသောစကားများကို အစ္စရေးဘုရင်အား ပြန်ပြောပြလေ့ရှိပါ၏”ဟု လျှောက်တင်၏။
ပြီးပြည့်စုံသောဉာဏ်ပညာသည် အသွားနှစ်ဖက်ပါသည်ဖြစ်၍ ဉာဏ်ပညာ၏လျှို့ဝှက်ချက်ကို သင့်အား ဖော်ပြတော်မူပါစေ။ ဘုရားသခင်သည် သင့်အပြစ်များကို မေ့လျော့တော်မူကြောင်း သိမှတ်လော့။
နံနက်အချိန်သည် သူတို့အဖို့ သေမင်းအရိပ်ကဲ့သို့ဖြစ်၏။ သူတို့သည် ထိတ်လန့်ဖွယ်သောသေမင်းအရိပ်နှင့် အကျွမ်းဝင်ကြ၏။
ထိုနေ့ရက်ကို မှောင်မိုက်ခြင်းနှင့် သေမင်းအရိပ်တို့သည် သိမ်းယူပါစေ။ တိမ်တိုက်ဖုံးလွှမ်းပါစေ။ နေ့၏အမှောင်ထုသည် ထိုနေ့ရက်ကို ခြောက်လှန့်ပါစေ။
“အကယ်စင်စစ် အမှောင်သည် အကျွန်ုပ်ကိုဖုံးလွှမ်း၍ အကျွန်ုပ်ကိုဝန်းရံထားသောအလင်းသည် ညဖြစ်သွားလိမ့်မည်”ဟု အကျွန်ုပ်ဆိုလျှင်လည်း
ကိုယ်တော်အတွက် အမှောင်သည် မမှောင်ပါ။ ညသည် နေ့ကဲ့သို့လင်းပါ၏။ မှောင်မည်းခြင်းသည်လည်း အလင်းကဲ့သို့ဖြစ်ပါ၏။
ဘုရားသခင်သည် ထိုအမှုကို မစစ်ကြောဘဲနေတော်မူမည်လော။ အကြောင်းမူကား ကိုယ်တော်သည် စိတ်နှလုံး၏လျှို့ဝှက်ချက်များကို သိတော်မူ၏။
ခက်ခဲနက်နဲသောအရာ၊ လျှို့ဝှက်သောအရာတို့ကို ဖွင့်ပြတော်မူ၏။ မှောင်မိုက်ထဲ၌ရှိသောအရာတို့ကိုလည်း သိတော်မူ၏။ အလင်းသည် ကိုယ်တော်နှင့်အတူရှိ၏။
ခုနစ်စင်ကြယ်နှင့် သရဝဏ်နက္ခတ်တို့ကိုဖန်ဆင်းတော်မူသောအရှင်၊ သေမင်းအရိပ်ကို နံနက်အလင်းဖြစ်စေသောအရှင်၊ နေ့ကို ညအမှောင်ဖြစ်စေသောအရှင်၊ ပင်လယ်ရေကို ဆင့်ခေါ်ပြီး ထိုရေတို့ကို မြေမျက်နှာပြင်ပေါ်လွှတ်ပေးလိုက်သောအရှင်၏နာမတော်ကား ထာဝရဘုရားဟူ၍ဖြစ်၏။
ထို့ကြောင့် သူတို့ကိုမကြောက်ကြနှင့်။ အကြောင်းမူကား ဖုံးအုပ်ထားသည့်အရာများတွင် ဖွင့်ပြခြင်းမခံရမည့်အရာ တစ်စုံတစ်ခုမျှမရှိ။ ကွယ်ဝှက်ထားသည့်အရာများတွင်လည်း ဖော်ပြခြင်းမခံရမည့်အရာ တစ်စုံတစ်ခုမျှမရှိ။
မှောင်မိုက်နှင့် သေခြင်း၏အရိပ်ထဲတွင်နေထိုင်သောသူတို့အပေါ် ထွန်းလင်းကာ ငါတို့၏ခြေကို ငြိမ်သက်ခြင်းလမ်းထဲသို့ပို့ဆောင်တော်မူ၏”ဟု ဆိုလေ၏။
သို့သော် ဘုရားသခင်သည် ထိုအရာတို့ကို ဝိညာဉ်တော်အားဖြင့် ငါတို့အားဖော်ပြတော်မူ၏။ အကြောင်းမူကား ဝိညာဉ်တော်သည် ဘုရားသခင်၏နက်နဲသောအရာများမှစ၍ ခပ်သိမ်းသောအရာတို့ကို စူးစမ်းတော်မူ၏။
သို့ဖြစ်၍ သခင်ဘုရားကြွလာတော်မမူမီ မည်သည့်အရာကိုမျှ အချိန်မတန်ဘဲ မစီရင်ကြနှင့်။ ထိုသခင်သည် အမှောင်ထဲ၌ ကွယ်ဝှက်ထားသောအရာများကို အလင်းသို့ယူဆောင်လာပြီး စိတ်နှလုံးအကြံအစည်များကို ထင်ရှားစေတော်မူလိမ့်မည်။ ထိုအခါ လူအသီးသီးတို့သည် ဘုရားသခင်ထံတော်မှ ချီးမွမ်းခြင်းကိုခံရကြလိမ့်မည်။