သင့်အသက်တာသည်လည်း မွန်းတည့်ချိန်ထက် ထွန်းလင်း၍ မှောင်မိုက်ခြင်းသည်ပင်လျှင် နံနက်ခင်းကဲ့သို့ဖြစ်လိမ့်မည်။
ယောဘဝတ္တု။ 11:18 - မြန်မာ့စံမီသမ္မာကျမ်း မျှော်လင့်ချက်ရှိသည်ဖြစ်၍ စိတ်အေးလက်အေးနေရလိမ့်မည်။ သင့်ပတ်ဝန်းကျင်ကိုကြည့်လျှင် လုံခြုံမှုရှိသည်ဖြစ်၍ နှစ်ခြိုက်စွာအိပ်ရလိမ့်မည်။ Common Language Bible မြော်လင့်စရာရှိသောကြောင့် မစိုးရိမ်ဘဲနေလိမ့်မည်။ ယခုအရှုံးခံရသော်လည်း လုံခြုံစွာ ငြိမ်ဝပ်လိမ့်မည်။ Garrad Bible စောင့် မျှော် ရာ အ ကြောင်း ရှိ သ ဖြင့် စိတ် ချ စွာ နေ၍၊ လျှောက် ကြည့် ပြီး လျှင်၊ စိတ် ဧ စွာ အိပ် ပျော် ရ လ တ္တံ့။ Judson Bible မျှော်လင့်စရာရှိသောကြောင့် မစိုးရိမ်ဘဲနေလိမ့်မည်။ ယခုအရှုံးခံရသော်လည်း လုံခြုံစွာငြိမ်ဝပ်လိမ့်မည်။ |
သင့်အသက်တာသည်လည်း မွန်းတည့်ချိန်ထက် ထွန်းလင်း၍ မှောင်မိုက်ခြင်းသည်ပင်လျှင် နံနက်ခင်းကဲ့သို့ဖြစ်လိမ့်မည်။
သင်သည် ခြောက်လှန့်မည့်သူမရှိဘဲ လဲလျောင်းရလိမ့်မည်။ လူများစွာတို့သည် သင်၏မျက်နှာသာပေးမှုကို လိုချင်ကြလိမ့်မည်။
မည်သည့်ခွန်အားဖြင့် ငါစောင့်မျှော်နေရမည်နည်း။ ငါစိတ်ရှည်သည်းခံရအောင် ငါ့ဘဝနိဂုံးကား မည်သို့နည်း။
ငါ၏နေ့ရက်တို့သည် ရက်ကန်းလွန်းထက်မြန်၍ မျှော်လင့်ချက်ကင်းမဲ့စွာ ကုန်ဆုံးသွား၏။
စောစောထလျက်၊ ညဥ့်နက်မှအိပ်လျက်၊ ခက်ခဲပင်ပန်းစွာ လုပ်ကိုင်စားသောက်လျက်နေခြင်းသည် သင့်အတွက် အချည်းနှီးဖြစ်၏။ အကြောင်းမူကား ကိုယ်တော်သည် မိမိချစ်တော်မူသောသူအား အိပ်စက်ရသောအခွင့်ကိုပေးတော်မူ၏။
ထာဝရဘုရားသည် ငါ့ကိုဖေးမတော်မူသောကြောင့် ငါသည် လဲလျောင်း၍အိပ်ပျော်ရသောအခွင့်၊ နိုးရသောအခွင့်ကိုရ၏။
အကျွန်ုပ်သည် ငြိမ်းချမ်းစွာလဲလျောင်း၍ အိပ်ပျော်ပါမည်။ အကြောင်းမူကား အို ထာဝရဘုရား၊ ကိုယ်တော်တစ်ပါးတည်းသာလျှင် အကျွန်ုပ်အား ဘေးကင်းလုံခြုံစွာနေထိုင်ရသောအခွင့်ကို ပေးတော်မူပါ၏။
အို ငါ၏စိတ်ဝိညာဉ်၊ သင်သည် အဘယ်ကြောင့်ညှိုးငယ်သနည်း။ ငါ့အထဲ၌ အဘယ်ကြောင့် မငြိမ်မသက်ဖြစ်သနည်း။ ဘုရားသခင်ကိုမျှော်လင့်ကိုးစားလော့။ ငါသည် ငါ့ကိုကယ်တင်တော်မူသောအရှင်၊ ငါ၏ဘုရားသခင်ကို ထပ်၍ချီးမွမ်းမည်။
ဆိုးယုတ်သောသူသည် မိမိပြုသောမကောင်းမှုထဲ၌ လဲကျလိမ့်မည်။ ဖြောင့်မတ်သောသူမူကား သူ၏သေခြင်းထဲ၌ပင် ခိုလှုံရာကိုတွေ့လိမ့်မည်။
ဤလျှို့ဝှက်နက်နဲသောအရာသည် လူမျိုးခြားတို့တွင် ဘုန်းအသရေနှင့်မည်မျှကြွယ်ဝသည်ကို သန့်ရှင်းသူတို့အားသိစေရန် ဘုရားသခင်အလိုရှိတော်မူ၏။ ဤလျှို့ဝှက်နက်နဲသောအရာမှာ ဘုန်းအသရေတော်နှင့်ဆိုင်သောမျှော်လင့်ခြင်းဖြစ်သည့် သင်တို့ထဲ၌ရှိတော်မူသောခရစ်တော်ဖြစ်၏။