ထို့နောက် လာဗန်က “ယနေ့တွင် ဤကျောက်ပုံသည် သင်နှင့်ငါကြား၌ သက်သေဖြစ်၏”ဟု ဆို၏။ ထို့ကြောင့် ၎င်း၏အမည်ကို ဂိလဒ် ဟူ၍လည်းကောင်း၊
ယာကုပ် 5:3 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့၏ရွှေငွေများသည် အချေးတက်လျက်ရှိပြီ။ ထိုအချေးသည်လည်း သင်တို့တစ်ဖက်၌ သက်သေဖြစ်၍ သင်တို့အသားကို မီးကဲ့သို့ လှိုက်စားလိမ့်မည်။ သင်တို့သည် နောက်ဆုံးသောနေ့ရက်ကာလ၌ ဥစ္စာများကိုသိုမှီးထားကြသည်တကား။ Common Language Bible သင်တို့၏ရွှေငွေများသည်လည်းအချေးတက် လျက်နေလေပြီ။ ထိုအချေးသည်သင်တို့တစ်ဘက် ၌သက်သေအထောက်အထားဖြစ်၍ မီးကဲ့သို့ သင်တို့အသားကိုလောင်ကျွမ်းပျက်စီးစေလိမ့် မည်။ ဤနောက်ဆုံးသောနေ့ရက်ကာလ၌သင်တို့ သည်ဥစ္စာဘဏ္ဍာများကိုစုဆောင်းသိုမှီးလျက် နေကြသည်တကား။- Garrad Bible သင် တို့ ရွှေ ငွေ လည်း အ ညှိ တက်၍ ထို အ ညှိ သည် သင် တို့ တစ် ဘက်၌ သက် သေ ခံ လျက် သင် တို့ အ သား ကို မီး ကဲ့ သို့ စား လိမ့် မည်။ ဤ နောက် ဆုံး ခေတ် ကာ လ၌ ဘ ဏ္ဍာ ကို သို ထား ကြ ပြီ တ ကား။ Judson Bible ရွှေငွေလည်း အချေးတက်၍ ပျက်ကုန်ပြီ။ ထိုအချေးသည် သင်တို့တစ်ဖက်၌ သက်သေဖြစ်၍၊ မီးကဲ့သို့ သင်တို့အသားကို စားလိမ့်မည်။ နောက်ဆုံးသော နေ့ရက်ကာလအဖို့ ဘဏ္ဍာကို ဆည်းပူးကြပြီတကား၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့၏ရွှေငွေများသည် အကြေးအညှိတက်၍ ပျက်စီးလေပြီ။ ထိုအကြေးအညှိသည် သင်တို့ကို တရားခွင်၌ စွပ်စွဲမည့် သက်သေဖြစ်ပြီး သင်တို့၏ကိုယ်ခန္ဓာကို မီးကဲ့သို့ လောင်ကျွမ်းပျက်စီးစေလိမ့်မည်။ သင်တို့သည် နောက်ဆုံးသောနေ့ရက်များ၌ စည်းစိမ်ဥစ္စာများကို သိုထားကြလေပြီ။ |
ထို့နောက် လာဗန်က “ယနေ့တွင် ဤကျောက်ပုံသည် သင်နှင့်ငါကြား၌ သက်သေဖြစ်၏”ဟု ဆို၏။ ထို့ကြောင့် ၎င်း၏အမည်ကို ဂိလဒ် ဟူ၍လည်းကောင်း၊
ငါသည် သင့်ကိုအန္တရာယ်ပြုရန် ဤကျောက်ပုံကိုမကျော်မည့်အကြောင်း၊ သင်သည်လည်း ငါ့ကိုအန္တရာယ်ပြုရန် ဤကျောက်ပုံနှင့် ဤမှတ်တိုင်ကိုမကျော်မည့်အကြောင်း ဤကျောက်ပုံသည် သက်သေဖြစ်၏။ ဤမှတ်တိုင်သည်လည်း သက်သေဖြစ်၏။
ထို့နောက် ယာကုပ်သည် မိမိ၏သားတို့ကိုခေါ်၍ “စုဝေးကြလော့။ နောင်ကာလတွင် သင်တို့၌ဖြစ်ပျက်မည့်အရာကို သင်တို့အား ငါပြောပြမည်။
ငါ့ကို ပိန်ရှုံ့စေတော်မူသည်မှာ သက်သေဖြစ်၏။ ချည့်နဲ့ခြင်းသည်လည်း ငါ့ရှေ့တွင်ရပ်လျက် သက်သေထူလေ၏။
နောက်ဆုံးသောကာလ၌ ထာဝရဘုရားအိမ်တော်တည်ရာတောင်သည် တောင်တို့၏အထွတ်အထိပ်၌တည်၍ တောင်ကုန်းတို့အထက်၌ ချီးမြှောက်ခြင်းခံရလိမ့်မည်။ လူမျိုးအပေါင်းတို့သည်လည်း ထိုတောင်သို့ စုဝေးလာကြလိမ့်မည်။
သူတို့အသက်ကိုရန်ရှာသောရန်သူတို့သည် သူတို့ကို ဝိုင်းရံထားသဖြင့် အကျပ်အတည်းထဲသို့ရောက်သောအခါ သူတို့သားသမီးများ၏အသားကို သူတို့အား ပြန်စားစေမည်။ သူတို့သည် အချင်းချင်းတို့၏အသားကို ပြန်စားကြရမည်ဟူ၍ မိန့်တော်မူပြီ’ဟု ဆင့်ဆိုလော့။
ငါ့လူမျိုးတော်တို့၏အသားကို စားကြ၏။ သူတို့၏အရေခွံကိုနွှာ၍ အရိုးကို ချိုးပြီးလျှင် အိုးထဲ၊ ဒယ်အိုးထဲ ထည့်ချက်မည့်အသားကဲ့သို့ ခုတ်ထစ်ကြသည်”ဟု ဆို၏။
နောက်ဆုံးသောကာလတွင် ထာဝရဘုရား၏အိမ်တော်တည်ရှိရာတောင်သည် တောင်တို့၏အထွတ်၌ တည်လိမ့်မည်။ တောင်ကုန်းတို့ထက် ချီးမြှောက်ခြင်းခံရ၍ လူမျိုးတို့သည် ထိုတောင်တွင် စုရုံးကြလိမ့်မည်။
ဟောပြောထားသောအရာမှာ ‘ဘုရားသခင်မိန့်တော်မူသည်ကား ငါသည် နောက်ဆုံးသောနေ့ရက်တို့၌ လူအပေါင်းတို့အပေါ်သို့ ငါ၏ဝိညာဉ်ကိုသွန်းလောင်းမည်။ ထိုအခါ သင်တို့၏သားသမီးများသည် ပရောဖက်ပြုဟောပြောကြလိမ့်မည်။ သင်တို့ထဲမှလူငယ်များသည် ဗျာဒိတ်ရူပါရုံများကိုမြင်ရကြလိမ့်မည်။ သင်တို့ထဲမှသက်ကြီးဝါကြီးများသည် အိပ်မက်များကိုမြင်မက်ကြလိမ့်မည်။
သို့သော် သင်၏မာကျောခက်ထန်မှုနှင့်နောင်တမရသောစိတ်နှလုံးတို့ကြောင့် သင်သည် အမျက်တော်နေ့တည်းဟူသော ဘုရားသခင်၏ဖြောင့်မတ်သည့် တရားစီရင်ခြင်းထင်ရှားရာနေ့အတွက် အမျက်တော်ကို မိမိအဖို့သိုမှီးလျက်ရှိ၏။
သူတို့၏စကားသည် မြစ်ပွားနာကဲ့သို့ပျံ့နှံ့သွားလိမ့်မည်။ ထိုသူတို့ထဲတွင် ဟုမေနဲနှင့်ဖိလက်တို့ပါ၏။
ထို့နောက် ယောရှုက လူအပေါင်းတို့အား “ကြည့်ပါ။ ငါတို့အား ထာဝရဘုရားမိန့်တော်မူသောစကားတော်အလုံးစုံကို ဤကျောက်တုံးသည်လည်း ကြားပြီဖြစ်၍ ငါတို့အဖို့ သက်သေဖြစ်လိမ့်မည်။ ဘုရားသခင်၏စကားတော်ကို သင်တို့ငြင်းပယ်လျှင် ဤကျောက်တုံးသည် သက်သေဖြစ်လိမ့်မည်”ဟု ဆို၏။
ပထမဦးစွာ သင်တို့သိထားရမည့်အချက်မှာ ပြက်ရယ်ပြုတတ်သောသူတို့သည် နောက်ဆုံးသောနေ့ရက်ကာလ၌ ပြက်ရယ်ပြုလျက်ပေါ်လာ၍ မိမိတို့၏တပ်မက်ခြင်းများအတိုင်း လျှောက်လှမ်းကာ
သင်မြင်ရသော ဦးချိုဆယ်ချောင်းနှင့် သားရဲတို့သည် ထိုပြည့်တန်ဆာကိုမုန်း၍ သူ့ကိုလုံးလုံးပျက်စီးစေကာ အဝတ်မပါအချည်းစည်းဖြစ်စေကြလိမ့်မည်။ သူ၏အသားကိုလည်းကိုက်စား၍ သူ့ကိုမီးရှို့ကြလိမ့်မည်။
အသက်စာစောင်၌ စာရင်းမဝင်သောသူရှိသမျှတို့သည်လည်း မီးအိုင်ထဲသို့ ပစ်ချခြင်းခံရကြ၏။
သို့သော် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ ရွံရှာဖွယ်ကောင်းသူများ၊ လူသတ်သူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ ပြုစားသောသူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သောသူအပေါင်းတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲ၌ မိမိတို့အဖို့ကိုရကြလိမ့်မည်။ ဤသည်ကား ဒုတိယသေခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။