ထို့နောက် သူသည် သူငယ်အပေါ် ကိုယ်ကိုသုံးကြိမ်မှောက်ပြီး ထာဝရဘုရားထံ “အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ ဤသူငယ်ကို ပြန်၍အသက်ရှင်စေတော်မူပါ”ဟူ၍ အော်ဟစ်တောင်းလျှောက်၏။
ယာကုပ် 5:14 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့တွင် နာမကျန်းဖြစ်သူရှိလျှင် သူသည် အသင်းတော်အကြီးအကဲများကိုဖိတ်ခေါ်စေ။ သူတို့သည်လည်း သခင်ဘုရား၏နာမတော်၌ သူ့ကိုဆီလိမ်း၍ သူ့အတွက်ဆုတောင်းပေးကြစေ။ Common Language Bible ဖျားနာသူသည်အသင်းတော်ကိုအုပ်ထိန်းသူ လူကြီးများအားဖိတ်ခေါ်စေ။ သူတို့သည်သခင် ဘုရား၏နာမတော်ကိုအမှီပြု၍ လူနာ အားဆီဖြင့်လူး၍ဆုတောင်းကြစေ။- Garrad Bible ရော ဂါ စွဲ လျှင် အ သင်း တော့် ဥ က္က ဋ္ဌ တို့ ကို ပင့် ခေါ် ပြီး မှ အ ရှင် ဘု ရား၏ နာ မ တော် ကို အ မှီ ပြု လျက် ဆီ လူး ၍ ပ ဌ နာ ပြု ကြ စေ။ Judson Bible နာသောသူရှိလျှင်၊ သင်းအုပ်ကိုခေါ်၍ သူတို့သည် သခင်ဘုရား၏ နာမတော်ကို အမှီပြုလျက်၊ လူနာကိုဆီနှင့်လူး၍ သူ့အပေါ်မှာ ဆုတောင်းကြစေ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့တွင် အလွန်နာမကျန်းဖြစ်သောသူ ရှိလျှင် အသင်းတော်အကြီးအကဲများကို ခေါ်စေ။ သူတို့သည်လည်း သခင်ဘုရား၏ နာမတော်ကို အမှီပြု၍ လူနာအား ဆီလိမ်းကာ ဆုတောင်းပေးကြစေ။ |
ထို့နောက် သူသည် သူငယ်အပေါ် ကိုယ်ကိုသုံးကြိမ်မှောက်ပြီး ထာဝရဘုရားထံ “အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၊ ဤသူငယ်ကို ပြန်၍အသက်ရှင်စေတော်မူပါ”ဟူ၍ အော်ဟစ်တောင်းလျှောက်၏။
ဧလိရှဲသည် အခန်းထဲသို့ဝင်ပြီး သူတို့နှစ်ယောက်ထဲသာရှိသော ထိုအခန်း၏တံခါးကိုပိတ်ကာ ထာဝရဘုရားထံ ဆုတောင်းလေ၏။
နေမန်သည် အမျက်ထွက်လျက် “သူကိုယ်တိုင်ထွက်လာပြီး မတ်တပ်ရပ်လျက် သူ၏ဘုရားသခင်ထာဝရဘုရား၏နာမတော်ဖြင့်ဆုတောင်းပေးလိမ့်မည်၊ အနာကိုလက်နှင့်သပ်ပေးမည်၊ ငါ့အနာကြီးရောဂါကို ပျောက်ကင်းစေမည်ဟု ငါထင်ခဲ့၏။
သူတို့လက်ဖြင့် မြွေကိုဖမ်းကိုင်ကြလိမ့်မည်။ သေစေတတ်သောအဆိပ်တစ်စုံတစ်ခုကိုသောက်မိသော်လည်း သူတို့ကို လုံးဝအန္တရာယ်ဖြစ်စေမည်မဟုတ်။ မကျန်းမာသောသူတို့အပေါ်လက်တင်သောအခါ ထိုသူတို့သည် ကျန်းမာလာကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သူတို့သည် များစွာသောနတ်ဆိုးတို့ကိုနှင်ထုတ်ကာ မကျန်းမာသောသူများစွာတို့ကို ဆီလိမ်း၍ကျန်းမာစေကြ၏။
သူတို့သည် ထိုအတိုင်းပြုလျက် ၎င်းကို ဗာနဗနှင့်ရှောလုတို့၏လက်မှတစ်ဆင့် အသင်းတော်အကြီးအကဲများထံသို့ ပေးပို့ကြ၏။
အသင်းတော်တိုင်းတွင်လည်း သူတို့အတွက် အသင်းတော်အကြီးအကဲများကိုခန့်ထား၍ အစာရှောင်လျက် ဆုတောင်းကြကာ သူတို့ယုံကြည်သောသခင်ဘုရားထံသို့ သူတို့ကိုအပ်နှံကြ၏။
ဂျေရုဆလင်မြို့သို့ရောက်ကြသောအခါ အသင်းတော်မှစ၍ တမန်တော်များနှင့် အသင်းတော်အကြီးအကဲများသည် သူတို့ကို ကြိုဆိုလက်ခံကြ၏။ သူတို့သည်လည်း မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူသမျှတို့ကို ပြောကြားကြ၏။
ပုဗလိ၏ဖခင်သည် အဖျားအနာနှင့်ဝမ်းကိုက်ရောဂါခံစားရလျက် အိပ်ရာ၌လဲလျောင်းနေ၏။ ပေါလုသည် သူ့ထံသို့ဝင်ပြီး ဆုတောင်းပေးကာ သူ့အပေါ်လက်တင်၍ သူ့ကိုကျန်းမာစေ၏။
ပေတရုသည် အားလုံးကို အခန်းအပြင်သို့ထွက်စေပြီးလျှင် ဒူးထောက်လျက် ဆုတောင်းလေ၏။ ထို့နောက် အလောင်းဘက်သို့လှည့်၍ “တဗိသ၊ ထလော့”ဟု ဆိုလေရာ တဗိသသည် မိမိမျက်စိကိုဖွင့်ပြီး ပေတရုကိုမြင်သောအခါ ထ၍ထိုင်လေ၏။
ကရေတေကျွန်းတွင် သင့်ကို ငါထားခဲ့ခြင်းမှာ သင့်အား ငါမှာကြားထားသည့်အတိုင်း လိုအပ်သည့်အရာများကို စီမံဆောင်ရွက်ရန်နှင့် မြို့တိုင်းတွင် အသင်းတော်အကြီးအကဲများကို ခန့်ထားရန်အတွက်ဖြစ်၏။