လာကြ၊ ငါတို့သည်ဆင်းသွား၍ သူတို့အချင်းချင်းပြောဆိုသောစကားကို သူတို့နားမလည်ကြစေရန် ထိုအရပ်တွင် သူတို့၏ဘာသာစကားကို ရှုပ်ထွေးစေကြစို့”ဟု မိန့်တော်မူ၏။
ယာကုပ် 4:13 - မြန်မာ့စံမီသမ္မာကျမ်း “ယနေ့၊ သို့မဟုတ် မနက်ဖြန်တွင် ဤမြို့၊ သို့မဟုတ် ထိုမြို့သို့သွား၍ ထိုအရပ်၌ တစ်နှစ်ပတ်လုံးနေလျက် ကူးသန်းရောင်းဝယ်ကာ အမြတ်ရအောင်လုပ်ကြမည်”ဟု ဆိုတတ်သောသူတို့၊ ယခုနားထောင်ကြလော့။ Common Language Bible ``ယနေ့သို့မဟုတ်နက်ဖြန်နေ့၌ဤမည်သော မြို့သို့ငါတို့သွား၍တစ်နှစ်မျှနေကြကုန်အံ့။ ထိုမြို့တွင်ကုန်သွယ်၍ငွေအမြောက်အမြားရှာ ကြကုန်အံ့'' ဟုသင်တို့အချို့ပြောဆိုလေ့ရှိ ကြ၏။ သို့ရာတွင်ငါပြောသည်ကိုနားထောင် ကြလော့။- Garrad Bible နက် ဖြန် မည် သို့ ဖြစ် မည် မ သိ ဘဲ လျက် ယ နေ့ ဖြစ် စေ၊ နက် ဖြန် ဖြစ် စေ၊ ထို ထို မြို့ သို့ သွား၍ တစ် နှစ် နေ ခိုက် အ မြတ် အ စွန်း ရ အောင် ကူး သန်း ရောင်း ဝယ် မည် ဟု ပြော ဆို သူ အ ချင်း တို့၊ သင် တို့ အ သက် ကား မည် သို့ နည်း။ သင် တို့ သည် တစ် ခ ဏ မျှ ထင် ပေါ်၍ ပျောက် လွင့် တတ် သော အ ခိုး အ ငွေ့ သ ဖွယ် ဖြစ် ၏။ Judson Bible ယနေ့ နက်ဖြန် ဤမည်သောမြို့သို့ သွားကြကုန်အံ့။ ထိုမြို့၌ တစ်နှစ်ပတ်လုံးနေ၍ ကုန်သွယ်သဖြင့် အမြတ်ရအောင် ပြုကြကုန်အံ့ဟု ဆိုတတ်သောသူတို့၊ နားထောင်ကြလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း “ယနေ့၊ သို့မဟုတ် မနက်ဖြန် ဤမည်သောမြို့သို့ သွား၍ တစ်နှစ်ပတ်လုံး နေကြမည်။ ထိုမြို့တွင် ကုန်သွယ်၍ ငွေရှာကြမည်” ဟု ပြောသောသူတို့… နားထောင်ကြလော့။ |
လာကြ၊ ငါတို့သည်ဆင်းသွား၍ သူတို့အချင်းချင်းပြောဆိုသောစကားကို သူတို့နားမလည်ကြစေရန် ထိုအရပ်တွင် သူတို့၏ဘာသာစကားကို ရှုပ်ထွေးစေကြစို့”ဟု မိန့်တော်မူ၏။
မနက်ဖြန်အတွက် မဝါကြွားနှင့်။ အကြောင်းမူကား တစ်ရက်အတွင်း မည်သို့ဖြစ်မည်ကို သင်မသိ။
ငါသည် ငါ့စိတ်နှလုံးအား “ယခုလာလော့။ အပျော်အပါးအားဖြင့် သင့်ကို ငါစမ်းသပ်မည်။ ကောင်းသောအရာကိုလည်း ခံစားသိရှိလော့”ဟု မြွက်ဆို၏။ သို့ရာတွင် ကြည့်ရှုလော့။ ထိုအမှုအရာသည်လည်း အချည်းနှီးဖြစ်၏။
ထိုအခါ ယဇ်ပုရောဟိတ်သည် လူကဲ့သို့၊ သခင်သည် ကျွန်ယောက်ျားကဲ့သို့၊ သခင်မသည် ကျွန်မိန်းမကဲ့သို့၊ ရောင်းသူသည် ဝယ်သူကဲ့သို့၊ မြီရှင်သည် မြီစားကဲ့သို့၊ အတိုးစားသူသည် အတိုးဆပ်သူကဲ့သို့ ဖြစ်လိမ့်မည်။
ယခု ငါ၏စပျစ်ခြံကို ငါမည်သို့ပြုမည်ကို သင်တို့အား ငါပြောမည်။ ခြံစည်းရိုးကို ငါဖယ်ရှားသဖြင့် စပျစ်ခြံသည် ဝါးမျိုဖျက်ဆီးခြင်းခံရမည်။ တံတိုင်းကို ငါဖြိုဖျက်သဖြင့် စပျစ်ခြံသည် နင်းချေခြင်းခံရမည်။
အချိန်ကျရောက်ပြီ။ နေ့ရက်ရောက်လာလေပြီ။ လူအပေါင်းတို့အား ငါအမျက်ထွက်သည်ဖြစ်၍ ဝယ်သူလည်း ဝမ်းမမြောက်နှင့်၊ ရောင်းသူလည်း မညည်းတွားနှင့်။
ငိုကြွေးသောသူတို့သည် မငိုကြွေးသကဲ့သို့လည်းကောင်း၊ ဝမ်းမြောက်သောသူတို့သည် ဝမ်းမြောက်ခြင်းမရှိသကဲ့သို့လည်းကောင်း၊ ဝယ်ယူသောသူတို့သည် မည်သည့်အရာကိုမျှ မပိုင်ဆိုင်သကဲ့သို့လည်းကောင်း နေကြပါစေ။
ချမ်းသာသောသူတို့၊ ယခုနားထောင်ကြလော့။ သင်တို့အပေါ်သက်ရောက်လာမည့် ဒုက္ခဆင်းရဲခြင်းများအတွက် အော်ဟစ်ငိုကြွေးကြလော့။