သူတို့သည် မိမိတို့လျှာကို မြွေ၏လျှာကဲ့သို့ ချွန်ထက်စေတတ်ကြပါ၏။ သူတို့၏နှုတ်ခမ်းအောက်တွင် မြွေဆိုး၏အဆိပ်ရှိပါ၏။(စေလာ)
ယာကုပ် 3:8 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် လျှာကိုယဉ်ပါးစေနိုင်သူ တစ်စုံတစ်ဦးမျှမရှိ။ လျှာသည် ထိန်းချုပ်၍မရနိုင်သောအဆိုးအမိုက်ဖြစ်ပြီး သေစေတတ်သောအဆိပ်အတောက်နှင့် ပြည့်လျက်ရှိ၏။ Common Language Bible သို့ရာတွင်လျှာကိုမူကားအဘယ်သူမျှ ကျိုးနွံအောင်မပြုနိုင်။ ယင်းသည်သေစေတတ် သောအဆိပ်နှင့်ပြည့်ဝလျက်ထိန်းချုပ်၍မရ အောင်ဆိုးရွားလေသည်။- Garrad Bible အ ငြိမ် မ နေ သော ဘေး၊ သေ စေ တတ် သော အ ဆိပ် နှင့် ပြည့် သော လျှာ မူ ကား မည် သူ မျှ မ နှိမ် နင်း နိုင်။ Judson Bible လျှာကိုကား၊ အဘယ်လူမျှမအောင်နိုင်၊ မဆုံးမနိုင်သော အဆိုးအညစ်ဖြစ်၏။ သေစေတတ်သော အဆိပ်အတောက်နှင့် ပြည့်စုံ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် လျှာကိုမူ မည်သူမျှ မယဉ်ပါးစေနိုင်။ လျှာသည် ထိန်းချုပ်မရအောင် ဆိုးရွားပြီး သေစေတတ်သော အဆိပ်နှင့် ပြည့်နှက်၏။ |
သူတို့သည် မိမိတို့လျှာကို မြွေ၏လျှာကဲ့သို့ ချွန်ထက်စေတတ်ကြပါ၏။ သူတို့၏နှုတ်ခမ်းအောက်တွင် မြွေဆိုး၏အဆိပ်ရှိပါ၏။(စေလာ)
သူ၏နှုတ်သည် ထောပတ်ကဲ့သို့ညက်ညောသော်လည်း သူ၏စိတ်နှလုံး၌ စစ်မက်ရှိ၏။ သူ၏စကားတို့သည် ဆီထက်ချောမွတ်သော်လည်း ဆွဲထုတ်ထားသောဓားများဖြစ်ကြ၏။
ငါ၏စိတ်ဝိညာဉ်သည် ခြင်္သေ့တို့အလယ်၌ရှိ၏။ အငမ်းမရဝါးမျိုတတ်သည့် လူသားတို့အလယ်၌ ငါလဲလျောင်းနေ၏။ သူတို့၏သွားသည် လှံနှင့်မြားကဲ့သို့ဖြစ်၏။ သူတို့၏လျှာသည်လည်း ထက်သောဓားကဲ့သို့ဖြစ်၏။
သူတို့၏အဆိပ်သည် မြွေ၏အဆိပ်နှင့်တူ၏။ သူတို့သည် ဂါထာမန္တန်ကို ကျွမ်းကျင်စွာမန်းမှုတ်တတ်သော အလမ္ပာယ်ဆရာ၏အသံကိုမကြားအောင် မိမိနားကိုပိတ်ထားသည့် နားမကြားသော မြွေဟောက်နှင့်တူကြ၏။
သူတို့သည် မိမိတို့ပါးစပ်ဖြင့် မြွက်ဟကြပါ၏။ သူတို့၏နှုတ်ခမ်း၌ ဓားများရှိပါ၏။ သူတို့က “မည်သူကြားသနည်း”ဟု ဆိုကြပါ၏။
စိတ်နှလုံးကောက်ကျစ်သောသူသည် ကောင်းသောအရာကိုတွေ့ရမည်မဟုတ်။ လိမ်လည်ပြောဆိုသောသူသည်လည်း ဒုက္ခတွင်းထဲသို့ကျရောက်လိမ့်မည်။
သူတို့၏လည်ချောင်းသည် ဖွင့်ထားသောသင်္ချိုင်းတွင်းဖြစ်ကြ၏။ သူတို့သည် မိမိတို့လျှာဖြင့် လိမ်လည်ပြောဆိုတတ်ကြ၏။ သူတို့၏နှုတ်ခမ်းအောက်၌ မြွေဆိုး၏အဆိပ်အတောက်ရှိ၏။
သူတို့၏စပျစ်ဝိုင်သည် မြွေနဂါး၏အဆိပ်၊ မြွေဟောက်၏ပြင်းထန်သောအဆိပ်ဖြစ်၏။
လျှာသည် မီးဖြစ်၏။ မတရားမှု၏လောကလည်းဖြစ်၏။ လျှာသည် ငါတို့၏အင်္ဂါအစိတ်အပိုင်းထဲက တစ်ခုဖြစ်ပြီး ကိုယ်ခန္ဓာတစ်ခုလုံးကို ညစ်ညူးစွန်းထင်းစေလျက် ဘဝတစ်ခုလုံးကို လောင်ကျွမ်းစေကာ မိမိသည်လည်း ငရဲမီး၏လောင်ကျွမ်းခြင်းကိုခံရ၏။
လူသားတို့သည် သားရဲတိရစ္ဆာန်နှင့်ကျေးငှက်မျိုးမှစ၍ တွားသွားသတ္တဝါနှင့်ရေသတ္တဝါမျိုးအပေါင်းတို့ကို ယဉ်ပါးစေနိုင်သကဲ့သို့ ယဉ်လည်းယဉ်ပါးစေခဲ့ကြ၏။
ထိုအခါ တစ်ကမ္ဘာလုံးကိုလှည့်ဖြား၍ မာရ်နတ်ဟူ၍လည်းကောင်း၊ စာတန်ဟူ၍လည်းကောင်း အခေါ်ခံရသည့် ရှေးမြွေဟောင်းတည်းဟူသောနဂါးကြီးသည် မြေကြီးပေါ်သို့ပစ်ချခြင်းခံရလေ၏။ သူနှင့်အတူ သူ၏စေတမန်တို့သည်လည်း ပစ်ချခြင်းခံရကြ၏။