တရားစီရင်ရာတွင် မတရားသဖြင့် မစီရင်ရ။ ဆင်းရဲသောသူကို ဘက်မလိုက်ရ။ ချမ်းသာသောသူကိုလည်း မလိုက်လျောရ။ သင်၏အိမ်နီးချင်းကို ဖြောင့်မတ်စွာတရားစီရင်ရမည်။
ယာကုပ် 2:9 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် မျက်နှာလိုက်လျှင် သင်တို့သည် အပြစ်ပြုကြသည်ဖြစ်၍ ဖောက်ဖျက်ကျူးလွန်သူအဖြစ် ပညတ်တရားအားဖြင့် အပြစ်ဖော်ပြခြင်းကိုခံရမည်။ Common Language Bible သို့ရာတွင်မျက်နှာကြီးငယ်လိုက်ကြပါမူ အပြစ်ကူးသူများဖြစ်၍ထိုပညတ်တော် အားဖြင့်အပြစ်သင့်လိမ့်မည်။- Garrad Bible မျက် နှာ ငဲ့ လျှင် မူ ကား ပြစ် မှား၍ ကျူး လွန် သူ များ အ ဖြစ် ထို ပ ညတ် တော် အား ဖြင့် အ ပြစ် သင့် လိမ့် မည်။ Judson Bible သို့မဟုတ် လူမျက်နှာကိုထောက်လျှင်၊ ဒုစရိုက်ကို ပြုသောသူဖြစ်ကြ၏။ တရားကို လွန်ကျူးသောသူဟု ပညတ်တော်အားဖြင့် ထင်ရှားစွာဖြစ်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် မျက်နှာလိုက်လျှင် သင်တို့သည် အပြစ်ကျူးလွန်သူဖြစ်၍ ပညတ်တရားကို ချိုးဖောက်သူအဖြစ် ပြစ်ဒဏ်ချမှတ်ခံရမည်။ |
တရားစီရင်ရာတွင် မတရားသဖြင့် မစီရင်ရ။ ဆင်းရဲသောသူကို ဘက်မလိုက်ရ။ ချမ်းသာသောသူကိုလည်း မလိုက်လျောရ။ သင်၏အိမ်နီးချင်းကို ဖြောင့်မတ်စွာတရားစီရင်ရမည်။
ထိုအရှင်ရောက်လာသောအခါ လောကီသားတို့အား အပြစ်အကြောင်း၊ ဖြောင့်မတ်ခြင်းအကြောင်းနှင့် တရားစီရင်ခြင်းအကြောင်းတို့ကို ဖော်ပြမည်။
သင်တို့တွင် မည်သူသည် ငါ၌အပြစ်ရှိကြောင်း ဖော်ပြနိုင်သနည်း။ သမ္မာတရားကို ငါပြောဆိုသည်မှန်လျှင် အဘယ်ကြောင့် သင်တို့သည် ငါ့ကိုမယုံကြည်ကြသနည်း။
သူတို့သည် ထိုစကားကိုကြားရသောအခါ အသက်ကြီးသောသူတို့မှစ၍ တစ်ယောက်ပြီးတစ်ယောက်ထွက်သွားကြသဖြင့် ယေရှုတစ်ပါးတည်းသာ အလယ်၌ရှိနေသောထိုမိန်းမနှင့် ကျန်ရစ်ခဲ့၏။
သို့ဖြစ်၍ ပညတ်တရားနှင့်ဆိုင်သောအကျင့်အားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရမည်မဟုတ်။ အကြောင်းမူကား ပညတ်တရားအားဖြင့် အပြစ်အကြောင်းကိုသိရှိရုံမျှသာဖြစ်၏။
သို့သော် အားလုံးသည် ပရောဖက်ပြုဟောပြောကြစဉ် မယုံကြည်သူ၊ သို့မဟုတ် ကျွမ်းဝင်မှုမရှိသေးသောသူ တစ်စုံတစ်ဦးဝင်လာလျှင် သူသည် သင်တို့အားလုံးကြောင့် အပြစ်ဖော်ပြခြင်းကိုခံရ၍ သင်တို့အားလုံး၏စစ်ဆေးစီရင်ခြင်းကိုခံရကာ
အဘယ်ကြောင့်ဆိုသော် ငါသည် ဘုရားသခင်၌အသက်ရှင်နိုင်ရန် ပညတ်တရားအားဖြင့် ပညတ်တရားအရာ၌ သေဆုံးခဲ့ပြီ။ ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ထားခြင်းခံရပြီ။
သင်တို့သည် တရားစီရင်သောအခါ မျက်နှာကြီး၊ မျက်နှာငယ် ဟူ၍မျက်နှာမလိုက်ဘဲ ကြားနာစစ်ဆေးရမည်။ တရားစီရင်ခြင်းကို ဘုရားသခင်ပိုင်တော်မူသောကြောင့် မည်သူ့ကိုမျှ မကြောက်နှင့်။ ခက်ခဲသောအမှုကို ငါ့ထံ တင်ပြလော့။ ငါ ကြားနာစစ်ဆေးပေးမည်’ဟု ငါပြောခဲ့၏။
အပြစ်ကိုပြုနေသောသူတိုင်းသည် တရားမဲ့သောအမှုကိုလည်းပြု၏။ အပြစ်သည် တရားမဲ့ခြင်းဖြစ်၏။
ဤသည်ကား လူအပေါင်းတို့ကိုတရားစီရင်ရန်နှင့် ဘုရားတရားမဲ့စွာဖြင့်ပြုခဲ့သောသူတို့၏ဘုရားတရားမဲ့ခြင်းအမှုအလုံးစုံအတွက်လည်းကောင်း၊ ဘုရားတရားမဲ့သောအပြစ်သားတို့သည် ဘုရားသခင်ကိုဆန့်ကျင်ပြောဆိုသည့် ပြင်းထန်သောစကားအလုံးစုံအတွက်လည်းကောင်း သူတို့အားလုံး၏အပြစ်ကိုဖော်ပြရန်ဖြစ်၏”ဟု ဆိုထား၏။