မိမိမြေကိုထွန်ယက်လုပ်ကိုင်သောသူသည် အစားအစာနှင့်ပြည့်စုံကြွယ်ဝလိမ့်မည်။ အချည်းနှီးသောအရာများနောက်သို့ လိုက်သောသူမူကား အသိစိတ်မရှိ။
ယာကုပ် 2:20 - မြန်မာ့စံမီသမ္မာကျမ်း အို လူမိုက်၊ လုပ်ဆောင်မှုကင်းသောယုံကြည်ခြင်းသည် အကျိုးမရှိကြောင်း သင်သိလိုသလော။ Common Language Bible အချင်းလူမိုက်၊ အကျင့်နှင့်ကင်းသည့်ယုံ ကြည်ခြင်းသည် အချည်းနှီးဖြစ်ကြောင်းသိ လိုသလော။- Garrad Bible အ ချင်း လူ မိုက်၊ ကိုယ် ကျင့် ကင်း သော ယုံ ကြည် ခြင်း သည် အ ကျိုး မ ရှိ ကြောင်း သိ လို သ လော။ Judson Bible လျှပ်ပေါ်သောလူ၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေဖြစ်သည်ကို သိချင်သလော။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အို လူမိုက်… လုပ်ဆောင်ခြင်းမရှိသော ယုံကြည်ခြင်းသည် အသုံးမဝင်ကြောင်း အထောက်အထား လိုအပ်သလော။ |
မိမိမြေကိုထွန်ယက်လုပ်ကိုင်သောသူသည် အစားအစာနှင့်ပြည့်စုံကြွယ်ဝလိမ့်မည်။ အချည်းနှီးသောအရာများနောက်သို့ လိုက်သောသူမူကား အသိစိတ်မရှိ။
ထာဝရဘုရားက “သင်တို့၏ဘိုးဘေးတို့သည် ငါ၌မည်သည့်မတရားမှုကိုတွေ့၍ ငါနှင့်ဝေးဝေးနေကြသနည်း။ အဘယ်ကြောင့် အချည်းနှီးသောအရာနောက်သို့လိုက်၍ အသုံးမကျသောသူဖြစ်ကြသနည်း။
အကြောင်းမူကား သူတို့သည် ဘုရားသခင်ကိုသိလျက်နှင့်ပင် ဘုရားအဖြစ်ဘုန်းတော်ကိုမချီးမွမ်း၊ ကျေးဇူးလည်းမတင်ကြပေ။ သူတို့၏တွေးတောကြံစည်မှုများသည် အချည်းနှီးဖြစ်သွား၍ သူတို့၏အသိတရားကင်းမဲ့သောစိတ်နှလုံးကိုလည်း အမှောင်ဖုံးလွှမ်းလေ၏။
အကြောင်းမူကား လူသည် ပညတ်တရားနှင့်ဆိုင်သောအကျင့်အားဖြင့်မဟုတ်ဘဲ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရ၏ဟု ငါတို့မှတ်ယူကြ၏။
သို့သော် အချင်းလူ၊ သင်သည် မည်သူဖြစ်၍ ဘုရားသခင်ကို ပြန်ခံပြောဆိုသနည်း။ ပုံသွင်းခံရသောအရာသည် ပုံသွင်းပေးသောသူအား “အဘယ်ကြောင့် ငါ့ကို ဤသို့ပြုလုပ်ခဲ့သနည်း”ဟု ပြောဆိုနိုင်ပါမည်လော။
ခရစ်တော်ယေရှု၌မူကား အရေဖျားလှီးခြင်းဖြစ်စေ၊ အရေဖျားမလှီးခြင်းဖြစ်စေ မည်သည့်အရာကိုမျှ မစွမ်းဆောင်နိုင်။ မေတ္တာအားဖြင့်လုပ်ဆောင်သော ယုံကြည်ခြင်းကသာ စွမ်းဆောင်နိုင်၏။
တစ်စုံတစ်ယောက်သည် ဘာမျှမဟုတ်ဘဲလျက် မိမိကိုယ်ကိုအရေးပါသူဟု ထင်မှတ်လျှင် သူသည် မိမိကိုယ်ကိုလှည့်ဖြား၏။
ခရစ်တော်၏တရား၌အခြေမပြုဘဲ လောက၏အခြေခံတရားနှင့် လူတို့၏ဓလေ့ထုံးတမ်း၌အခြေပြုသော အတွေးအခေါ်ပညာနှင့် အနှစ်သာရကင်းမဲ့သောလှည့်ဖြားမှုတို့ဖြင့် မည်သူကမျှ သင်တို့ကိုမလွှမ်းမိုးမသိမ်းသွင်းစေရန် သတိပြုကြလော့။
လူအချို့တို့သည် ထိုအရာများမှလွဲချော်၍ အကျိုးမဲ့သောစကားပြောဆိုခြင်းဘက်သို့ လှည့်သွားကြပြီ။
အကြောင်းမူကား နာခံမှုမရှိသောသူ၊ အကျိုးမဲ့စကားပြောဆိုသောသူနှင့် လိမ်လည်သောသူ များစွာရှိကြ၏။ အထူးသဖြင့် အရေဖျားလှီးထားသောသူတို့ထဲတွင်ရှိကြ၏။
တစ်စုံတစ်ယောက်သည် မိမိကိုယ်ကို ဘာသာတရားကိုင်းရှိုင်းသူဖြစ်သည်ဟု ထင်မှတ်သော်လည်း မိမိလျှာကိုမချုပ်တည်းဘဲ မိမိစိတ်နှလုံးကိုလှည့်ဖြားလျှင် ထိုသူ၏ဘာသာတရားကိုင်းရှိုင်းမှုသည် အချည်းနှီးဖြစ်၏။
ထိုနည်းတူ ယုံကြည်ခြင်းသည်လည်း လုပ်ဆောင်မှုမပါဘဲ ၎င်းသက်သက်သာဆိုလျှင် အသေဖြစ်၏။
အကြောင်းမူကား ဝိညာဉ်ကင်းသောကိုယ်ခန္ဓာသည် အသေဖြစ်သကဲ့သို့ လုပ်ဆောင်မှုကင်းသောယုံကြည်ခြင်းသည်လည်း အသေဖြစ်၏။