ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် ချစ်ခြင်းမေတ္တာ ဤသုံးပါးတို့သည် တည်လျက်ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံးဖြစ်၏။
ယာကုပ် 2:17 - မြန်မာ့စံမီသမ္မာကျမ်း ထိုနည်းတူ ယုံကြည်ခြင်းသည်လည်း လုပ်ဆောင်မှုမပါဘဲ ၎င်းသက်သက်သာဆိုလျှင် အသေဖြစ်၏။ Common Language Bible ယုံကြည်ခြင်းသည်လည်းထိုနည်းတူပင်ဖြစ် သည်။ အကျင့်အားဖြင့်မပြနိုင်သောယုံကြည် ခြင်းသည်အသေဖြစ်သည်။ Garrad Bible ထို နည်း တူ ယုံ ကြည် ခြင်း သည် ကိုယ် ကျင့် မ ပါ လျှင် ပြ က တေ့ အ သေ ဖြစ် ၏။ Judson Bible ထိုနည်းတူ၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် တစ်ပါးတည်းရှိသောကြောင့် အသေဖြစ်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနည်းတူပင် ယုံကြည်ခြင်းတစ်ပါးတည်းသာဖြစ်လျှင် လုပ်ဆောင်ခြင်းမရှိသောကြောင့် အသေဖြစ်၏။ |
ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် ချစ်ခြင်းမေတ္တာ ဤသုံးပါးတို့သည် တည်လျက်ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံးဖြစ်၏။
ငါသည် မိမိဥစ္စာပစ္စည်းရှိသမျှတို့ကို စွန့်ကြဲသည်သာမက ငါ၏ကိုယ်ခန္ဓာကိုမီးရှို့စေရန် အပ်နှံသော်လည်း မေတ္တာမရှိလျှင် ငါ၌မည်သည့်အကျိုးမျှမရှိ။
ခရစ်တော်ယေရှု၌မူကား အရေဖျားလှီးခြင်းဖြစ်စေ၊ အရေဖျားမလှီးခြင်းဖြစ်စေ မည်သည့်အရာကိုမျှ မစွမ်းဆောင်နိုင်။ မေတ္တာအားဖြင့်လုပ်ဆောင်သော ယုံကြည်ခြင်းကသာ စွမ်းဆောင်နိုင်၏။
သင်တို့၏ယုံကြည်ခြင်းနှင့်ဆိုင်သောလုပ်ဆောင်မှု၊ မေတ္တာဖြင့်ကြိုးပမ်းအားထုတ်မှုနှင့် ငါတို့သခင်ယေရှုခရစ်တော်ကို မျှော်လင့်ခြင်းအားဖြင့်ဖြစ်ပေါ်သောသည်းခံမှုတို့ကို ငါတို့အဖဖြစ်တော်မူသောဘုရားသခင်ရှေ့တော်၌ အမြဲမပြတ်အောက်မေ့ကြ၏။
ဤညွှန်ကြားချက်၏ရည်ရွယ်ချက်ပန်းတိုင်ကား စင်ကြယ်သောစိတ်နှလုံး၊ ကြည်လင်သောအသိစိတ်နှင့် ဟန်ဆောင်မှုကင်းသောယုံကြည်ခြင်းတို့မှဖြစ်ပေါ်လာသည့် ချစ်ခြင်းမေတ္တာဖြစ်၏။
ငါ့ညီအစ်ကိုတို့၊ တစ်စုံတစ်ယောက်သောသူသည် ငါ၌ယုံကြည်ခြင်းရှိ၏ဟုဆိုသော်လည်း လုပ်ဆောင်မှုမပါလျှင် မည်သည့်အကျိုးရှိသနည်း။ ထိုယုံကြည်ခြင်းသည် သူ့ကိုကယ်တင်နိုင်သလော။
အကြောင်းမူကား ဝိညာဉ်ကင်းသောကိုယ်ခန္ဓာသည် အသေဖြစ်သကဲ့သို့ လုပ်ဆောင်မှုကင်းသောယုံကြည်ခြင်းသည်လည်း အသေဖြစ်၏။