ဆာလောင်မွတ်သိပ်သောသူအား စိတ်စေတနာဖြင့်ကျွေးမွေး၍ နှိပ်စက်ခြင်းခံရသောသူ၏အလိုကို ပြည့်စုံစေလျှင် သင်၏အလင်းသည် အမှောင်ထဲ၌ ထွန်းလင်းမည်။ သင်၏မှောင်မိုက်သည် မွန်းတည့်အလင်းကဲ့သို့ဖြစ်မည်။
ယာကုပ် 2:15 - မြန်မာ့စံမီသမ္မာကျမ်း ညီအစ်ကို၊ သို့မဟုတ် ညီအစ်မသည် အဝတ်မပါအချည်းစည်းနေလျက် နေ့စဉ်လိုအပ်သောအစားအစာလည်း မရှိသောအခါ Common Language Bible ညီအစ်ကိုမောင်နှမတို့သည်ဝတ်ရေးစား ရေးချို့တဲ့ဆင်းရဲသောအခါ၊- Garrad Bible ညီ အစ် ကို ဖြစ် စေ၊ နှ မ ဖြစ် စေ၊ နေ့ စဉ် စား ရာ မဲ့ ဝတ် ရာ မဲ့ နေ သော်၊ Judson Bible ညီအစ်ကိုနှမတို့သည် အဝတ်အချည်းစည်းရှိ၍၊ နေ့တိုင်း စားရသောအစာမရှိသောအခါ၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ညီအစ်ကိုမောင်နှမတစ်ဦးဦးသည် အစားအစာနှင့် အဝတ်အထည် ချို့တဲ့ဆင်းရဲနေသောအခါ |
ဆာလောင်မွတ်သိပ်သောသူအား စိတ်စေတနာဖြင့်ကျွေးမွေး၍ နှိပ်စက်ခြင်းခံရသောသူ၏အလိုကို ပြည့်စုံစေလျှင် သင်၏အလင်းသည် အမှောင်ထဲ၌ ထွန်းလင်းမည်။ သင်၏မှောင်မိုက်သည် မွန်းတည့်အလင်းကဲ့သို့ဖြစ်မည်။
ဆာလောင်မွတ်သိပ်သောသူတို့ကို စားစရာဝေပေးခြင်း၊ အိုးမဲ့အိမ်မဲ့ဆင်းရဲသားများကို အိမ်သို့ခေါ်လာခြင်း၊ အဝတ်မရှိသောသူကိုမြင်လျှင် ဝတ်ပေးခြင်း၊ မိမိသွေးသားချင်းကို လျစ်လျူမရှုခြင်းပင် မဟုတ်လော။
မည်သူ့ကိုမျှနိုင်ထက်စီးနင်းမပြု၊ ကြွေးယူသူပေါင်ထားသောပစ္စည်းကို ပြန်ပေး၍ သူတစ်ပါးဥစ္စာကို မတရားမယူ၊ ဆာလောင်မွတ်သိပ်သောသူအား စားစရာကိုပေး၍ အဝတ်အချည်းစည်းဖြစ်သောသူအား ဝတ်စရာကိုပေးလျှင်၊
အကြောင်းမူကား ဆင်းရဲသားတို့သည် သင်တို့၌ အစဉ်ရှိကြသည်ဖြစ်၍ သင်တို့အလိုရှိသည့်အခါ သူတို့ကိုကျေးဇူးပြုနိုင်၏။ ငါမူကား သင်တို့၌ အစဉ်ရှိသည်မဟုတ်။
ယောဟန်က “အင်္ကျီနှစ်ထည်ရှိသောသူသည် မရှိသောသူအားဝေမျှပေးစေ။ စားစရာရှိသောသူသည်လည်း ထိုနည်းတူပြုစေ”ဟု ပြန်ဖြေလေ၏။
သူသည် ဂရိစကားကိုပြောသောဂျူးလူမျိုးတို့နှင့် ဆွေးနွေးပြောဆိုလျက်နေ၏။ သို့သော် သူတို့သည် ရှောလုကိုသတ်ရန် ကြံစည်အားထုတ်ကြ၏။
သူတို့သည် ခဲနှင့်ပေါက်သတ်ခြင်း၊ လွှနှင့်ပိုင်းဖြတ်ခြင်း၊ ဓားနှင့်ခုတ်သတ်ခြင်းတို့ကိုခံရကြ၍ ဆင်းရဲနွမ်းပါးလျက်၊ နှိပ်စက်ခြင်း၊ မတရားပြုမူဆက်ဆံခြင်းတို့ကိုခံရလျက်၊ သိုးသားရေ၊ ဆိတ်သားရေတို့ကိုဝတ်လျက် လှည့်လှည်ကြရ၏။
ငါချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောကတွင် ဆင်းရဲသောသူတို့ကို ယုံကြည်ခြင်း၌ကြွယ်ဝသောသူအဖြစ်လည်းကောင်း၊ ကိုယ်တော်ကိုချစ်သောသူတို့အား ကတိထားတော်မူသောနိုင်ငံတော်ကို အမွေဆက်ခံသူအဖြစ်လည်းကောင်း ရွေးကောက်တော်မူသည်မဟုတ်လော။
တစ်စုံတစ်ဦးသည် လောကီစည်းစိမ်ရှိလျက်နှင့် မိမိညီအစ်ကိုဆင်းရဲချို့တဲ့နေသည်ကိုမြင်၍ မိမိ၏ကြင်နာစိတ်ကိုချုပ်တည်းထားလျှင် ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည် ထိုသူ၌ မည်သို့တည်မည်နည်း။