ယာကုပ် 2:14 - မြန်မာ့စံမီသမ္မာကျမ်း ငါ့ညီအစ်ကိုတို့၊ တစ်စုံတစ်ယောက်သောသူသည် ငါ၌ယုံကြည်ခြင်းရှိ၏ဟုဆိုသော်လည်း လုပ်ဆောင်မှုမပါလျှင် မည်သည့်အကျိုးရှိသနည်း။ ထိုယုံကြည်ခြင်းသည် သူ့ကိုကယ်တင်နိုင်သလော။ Common Language Bible ငါ့ညီအစ်ကိုတို့၊ လူတစ်စုံတစ်ယောက်သည် ယုံကြည်ပါသည်ဟုဆိုသော်လည်း အကျင့် အားဖြင့်သက်သေမပြနိုင်ပါမူအဘယ် အကျိုးရှိမည်နည်း။ ထိုယုံကြည်ခြင်းက သူ့အားကယ်တင်နိုင်မည်လော။- Garrad Bible ညီ အစ် ကို တို့၊ တစ် ဦး ဦး က ယုံ ကြည် ခြင်း ရှိ သည် ဟု ဆို လျက် ကိုယ် ကျင့် မ ပါ လျှင် မည် သည့် အ ကျိုး ရှိ သ နည်း။ ထို ယုံ ကြည် ခြင်း ဖြင့် ကယ် တင် ရာ ရောက် မည် လော။ Judson Bible ငါ့ညီအစ်ကိုတို့၊ တစ်စုံတစ်ယောက်သောသူက၊ ငါသည် ယုံကြည်ခြင်းရှိ၏ဟု ပြောလျက်၊ အကျင့်ကို မကျင့်ဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။ ထိုယုံကြည်ခြင်းသည် ထိုသူကို ကယ်တင်နိုင်သလော။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ညီအစ်ကိုမောင်နှမတို့… တစ်စုံတစ်ယောက်က ငါ့ထံတွင် ယုံကြည်ခြင်းရှိ၏ ဟု ဆိုသော်လည်း လုပ်ဆောင်ခြင်းမရှိလျှင် မည်သည့်အကျိုး ရှိသနည်း။ ထိုသို့သောယုံကြည်ခြင်းသည် ထိုသူကို ကယ်တင်နိုင်သလော။ |
အမှန်စင်စစ် သင်တို့၏ဖြောင့်မတ်ခြင်းသည် ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့ထက်မသာလျှင် သင်တို့သည် ကောင်းကင်နိုင်ငံတော်သို့ မည်သည့်အခါမျှ ဝင်ရလိမ့်မည်မဟုတ်ဟု သင်တို့အား ငါဆို၏။
ယောဟန်က “အင်္ကျီနှစ်ထည်ရှိသောသူသည် မရှိသောသူအားဝေမျှပေးစေ။ စားစရာရှိသောသူသည်လည်း ထိုနည်းတူပြုစေ”ဟု ပြန်ဖြေလေ၏။
သို့သော် ကြား၍ မကျင့်သုံးသောသူမူကား အုတ်မြစ်မချဘဲ မြေပေါ်၌အိမ်ဆောက်သောသူနှင့်တူ၏။ မြစ်ရေသည် ထိုအိမ်ကိုရိုက်ခတ်သောအခါ ချက်ချင်းပြိုလဲသွားလေ၏။ ထိုအိမ်၏ပျက်စီးမှုသည်လည်း ကြီးမားလှပေ၏”ဟု မိန့်တော်မူ၏။
ဘုရားသခင်သည် သူတို့နှင့်ငါတို့ကို လုံးဝခွဲခြားတော်မမူဘဲ ယုံကြည်ခြင်းအားဖြင့် သူတို့၏စိတ်နှလုံးကို စင်ကြယ်စေတော်မူ၏။
ရှိမုန်ကိုယ်တိုင်သည်လည်း ယုံကြည်၍ ဗတ္တိဇံခံကာ ဖိလိပ္ပုကိုဆည်းကပ်လျက် နိမိတ်လက္ခဏာများနှင့် ကြီးမားသောတန်ခိုးလက္ခဏာများဖြစ်ပေါ်သည်ကို တွေ့မြင်၍ အံ့ဩငေးမောနေ၏။
သင်၏စိတ်နှလုံးသည် ဘုရားသခင်၏ရှေ့တော်၌ မမှန်ကန်သောကြောင့် သင်သည် ဤအမှုအရာ၌ ပါဝင်ခွင့်မရှိ။ သင့်ဝေစုလည်းမရှိ။
သင်သည် ပညတ်တရားကိုကျင့်သုံးလျှင် အရေဖျားလှီးခြင်းသည် အမှန်ပင်အကျိုးရှိ၏။ သို့သော် သင်သည် ပညတ်တရားကိုဖောက်ဖျက်ကျူးလွန်သူဖြစ်ပါက သင်၏အရေဖျားလှီးခြင်းသည် အရေဖျားမလှီးခြင်းဖြစ်သွား၏။
သင်တို့သည် ထိုသတင်းကို အကြောင်းမဲ့မယုံကြည်ဘဲ သင်တို့အား ငါဟောပြောခဲ့သောတရားစကားကို စွဲကိုင်ထားလျှင် ၎င်းအားဖြင့် ကယ်တင်ခြင်းကိုလည်းခံရကြ၏။
မည်သူမဆို သခင်ဘုရားကိုမချစ်လျှင် ကျိန်ခြင်းကိုခံပါစေ။ သခင်ဘုရား၊ ကြွလာတော်မူပါ။
ညီအစ်ကိုတို့၊ သင်တို့သည် လွတ်လပ်မှုအတွက် ခေါ်ယူတော်မူခြင်းခံရကြ၏။ သို့သော် ထိုလွတ်လပ်မှုကို သွေးသားဇာတိအတွက် အခွင့်အရေးတစ်ခုအနေဖြင့် မသုံးဘဲ မေတ္တာအားဖြင့် အချင်းချင်းအစေခံကြလော့။
ခရစ်တော်ယေရှု၌မူကား အရေဖျားလှီးခြင်းဖြစ်စေ၊ အရေဖျားမလှီးခြင်းဖြစ်စေ မည်သည့်အရာကိုမျှ မစွမ်းဆောင်နိုင်။ မေတ္တာအားဖြင့်လုပ်ဆောင်သော ယုံကြည်ခြင်းကသာ စွမ်းဆောင်နိုင်၏။
သင်တို့၏ယုံကြည်ခြင်းနှင့်ဆိုင်သောလုပ်ဆောင်မှု၊ မေတ္တာဖြင့်ကြိုးပမ်းအားထုတ်မှုနှင့် ငါတို့သခင်ယေရှုခရစ်တော်ကို မျှော်လင့်ခြင်းအားဖြင့်ဖြစ်ပေါ်သောသည်းခံမှုတို့ကို ငါတို့အဖဖြစ်တော်မူသောဘုရားသခင်ရှေ့တော်၌ အမြဲမပြတ်အောက်မေ့ကြ၏။
ဤညွှန်ကြားချက်၏ရည်ရွယ်ချက်ပန်းတိုင်ကား စင်ကြယ်သောစိတ်နှလုံး၊ ကြည်လင်သောအသိစိတ်နှင့် ဟန်ဆောင်မှုကင်းသောယုံကြည်ခြင်းတို့မှဖြစ်ပေါ်လာသည့် ချစ်ခြင်းမေတ္တာဖြစ်၏။
အကြောင်းမူကား ကိုယ်ခန္ဓာနှင့်ဆိုင်သောလေ့ကျင့်မှုသည် အနည်းအကျဉ်းအကျိုးရှိသော်လည်း ဘုရားဝတ်၌မွေ့လျော်ခြင်းမူကား ယခုဘဝ၊ နောင်ဘဝနှင့်ဆိုင်သော ကတိတော်ပါရှိသည်ဖြစ်၍ အလုံးစုံတို့အတွက် အကျိုးရှိ၏။
သူတို့သည် ဘုရားသခင်ကိုသိသည်ဟု ဝန်ခံကြသော်လည်း သူတို့ပြုသောအမှုများအားဖြင့် ဘုရားသခင်ကိုငြင်းပယ်၍ ရွံရှာဖွယ်ကောင်းသောသူ၊ နာခံခြင်းမရှိသောသူ၊ ကောင်းသောအမှုရှိသမျှနှင့်မထိုက်တန်သောသူများဖြစ်ကြ၏။
ဤစကားသည် သစ္စာစကားဖြစ်၏။ ဘုရားသခင်ကိုယုံကြည်သောသူတို့သည် ကောင်းသောအမှုတို့ကိုပါဝင်လုပ်ဆောင်ရန် အမြဲဂရုစိုက်ကြမည့်အကြောင်း ငါသည် သင့်အား ဤအရာများအတွက် အခိုင်အမာရပ်တည်စေလို၏။ ဤအရာများသည် ကောင်းမြတ်၍ လူတို့အတွက်အကျိုးရှိ၏။
အာဗြဟံသည် စမ်းသပ်စစ်ဆေးခြင်းကိုခံရသောအခါ ယုံကြည်ခြင်းအားဖြင့် ဣဇက်ကိုပူဇော်၏။ ကတိတော်များကိုရရှိထားသောသူသည် တစ်ဦးတည်းသောသားကိုပူဇော်ရန်ပြင်ဆင်၏။
ထူးခြားသောသွန်သင်ချက်အမျိုးမျိုးနောက်သို့ လိုက်ပါမသွားကြနှင့်။ အကြောင်းမူကား စားစရာအားဖြင့်မဟုတ်ဘဲ ကျေးဇူးတော်အားဖြင့် စိတ်နှလုံးကိုတည်မြဲစေခြင်းသည် ကောင်းမြတ်ပေ၏။ စားစရာအားဖြင့် အသက်ရှင်လျှောက်လှမ်းသောသူတို့သည် အကျိုးကိုမရရှိကြပေ။
သင်တို့ထဲမှ တစ်စုံတစ်ယောက်က “ငြိမ်းချမ်းစွာသွားကြလော့။ နွေးထွေးစွာနေ၍ ဝလင်စွာစားကြလော့”ဟု သူတို့အားဆိုလျက် သူတို့၏ကိုယ်ခန္ဓာအတွက် လိုအပ်သောအရာများကို မပေးဘဲနေလျှင် မည်သည့်အကျိုးရှိမည်နည်း။
သို့သော် “သင်၌ယုံကြည်ခြင်းရှိ၍ ငါ၌လုပ်ဆောင်မှုရှိသည်”ဟု အချို့သောသူက ပြောဆိုလိမ့်မည်။ သို့ဆိုလျှင် လုပ်ဆောင်မှုကင်းသော သင်၏ယုံကြည်ခြင်းကို ငါ့အားပြလော့။ ငါသည်လည်း ငါ၏လုပ်ဆောင်မှုအားဖြင့် ငါ၏ယုံကြည်ခြင်းကို သင့်အားပြမည်။
အကြောင်းမူကား ဝိညာဉ်ကင်းသောကိုယ်ခန္ဓာသည် အသေဖြစ်သကဲ့သို့ လုပ်ဆောင်မှုကင်းသောယုံကြည်ခြင်းသည်လည်း အသေဖြစ်၏။
ဤအကြောင်းကြောင့် သင်တို့၏ယုံကြည်ခြင်း၌ ကောင်းမြတ်ခြင်းကိုလည်းကောင်း၊ ကောင်းမြတ်ခြင်း၌ အသိပညာကိုလည်းကောင်း၊