စိတ်နှိမ့်ချသောသူတို့ကို တရားမျှတခြင်းထဲ၌ ဦးဆောင်လမ်းပြတော်မူ၏။ မိမိ၏လမ်းတော်ကိုလည်း စိတ်နှိမ့်ချသောသူတို့အား သင်ကြားပေးတော်မူ၏။
ယာကုပ် 1:21 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ညစ်ညူးခြင်းရှိသမျှနှင့် ပြည့်လျှံကဲလွန်သောမကောင်းမှုတို့ကို ဖယ်ရှား၍ သင်တို့အထဲ၌ ထည့်သွင်းထားသောနှုတ်ကပတ်တော်ကို နူးညံ့သိမ်မွေ့သောစိတ်ဖြင့်ခံယူကြလော့။ ထိုနှုတ်ကပတ်တော်သည် သင်တို့၏စိတ်ဝိညာဉ်ကို ကယ်တင်နိုင်၏။ Common Language Bible သို့ဖြစ်၍သင်တို့သည်ညစ်ညမ်းသည့်အလေ့ အထနှင့်ဆိုးယုတ်သည့်အကျင့်မှန်သမျှတို့ ကိုပယ်ရှားကြလော့။ သင်တို့၏စိတ်အတွင်း ၌ဘုရားသခင်သွင်းပေးတော်မူသောတရား တော်သည် သင်တို့ကိုကယ်တင်နိုင်၏။ တရား တော်ကိုသိမ်မွေ့စွာခံယူကြလော့။ Garrad Bible သို့ ဖြစ် ၍ ခပ် သိမ်း သော ညစ် ပေ ခြင်း နှင့် အ လွန် ယုတ် ညံ့ ခြင်း ကို ပယ် ရှား ပြီး လျှင် သင် တို့ ဝိ ညာဉ် ကို ကယ် တင် နိုင် သော အဇ္စု တ္တ၌ စိုက် ပျိုး ပြီး တ ရား တော် ကို သိမ် မွေ့ စွာ ခံ ယူ ကြ လော့။ Judson Bible ထိုကြောင့်၊ ခပ်သိမ်းသောညစ်ညူးခြင်း၊ မနာလိုသောစိတ် လွန်ကျူးခြင်းကို ပယ်ရှား၍၊ သင်တို့စိတ်ဝိညာဉ်ကို ကယ်တင်နိုင်သော၊ အထဲ၌ စိုက်ပျိုးသောနှုတ်ကပတ်တရားကို နူးညံ့သိမ်မွေ့သော စိတ်နှင့် ခံယူကြလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုကြောင့် အမျိုးမျိုးသော ညစ်ညူးခြင်း၊ ယုတ်ညံ့ခြင်းအပေါင်းတို့ကို ဖယ်ရှား၍ သင်တို့နှလုံးသား၌ ထည့်သွင်းထားသော တရားတော်ကို နှိမ့်ချစွာ လက်ခံကြလော့။ ထိုတရားတော်သည် သင်တို့ကို ကယ်တင်နိုင်၏။ |
စိတ်နှိမ့်ချသောသူတို့ကို တရားမျှတခြင်းထဲ၌ ဦးဆောင်လမ်းပြတော်မူ၏။ မိမိ၏လမ်းတော်ကိုလည်း စိတ်နှိမ့်ချသောသူတို့အား သင်ကြားပေးတော်မူ၏။
ထိုနေ့ရက်၌ လူတို့သည် မိမိတို့ရှိခိုးကိုးကွယ်ရန် ထုလုပ်ထားသော ငွေရုပ်တု၊ ရွှေရုပ်တုတို့ကို ပွေးများ၊ လင်းနို့များအလယ်၌ ပစ်ထားကြမည်။
စိတ်နှိမ့်ချသောသူတို့သည် ထာဝရဘုရား၌ တစ်ဖန်ဝမ်းမြောက်ကြလိမ့်မည်။ လူတို့တွင် နွမ်းပါးသောလူသည် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်၌ ရွှင်လန်းကြလိမ့်မည်။
သင်တို့သည် ငွေဖြင့်မွမ်းမံသောရုပ်တု၊ ရွှေဖြင့်သွန်းလုပ်သောရုပ်တုတို့ကို ညစ်ညူးသည်ဟုမှတ်လျက် ရာသီသွေးစွန်းသောအဝတ်ကဲ့သို့ လွှင့်ပစ်၍ “သွားတော့”ဟု ဆိုလိမ့်မည်။
ဘုရားရှင်ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောရန် ထာဝရဘုရားသည် ငါ့ကိုဘိသိက်ပေးတော်မူပြီ။ စိတ်နှလုံးကြေကွဲသောသူတို့ကို ဖြေသိမ့်ပေးရန်၊ ဖမ်းဆီးချုပ်နှောင်ခံရသူတို့အား လွတ်မြောက်ခြင်းတရားကိုဟောပြောရန်၊ အကျဉ်းချခံရသောသူတို့အား လွတ်ငြိမ်းခြင်းတရားဟောပြောရန် ငါ့ကိုစေလွှတ်တော်မူပြီ။
‘သင်တို့ကျူးလွန်သောအပြစ်များကို စွန့်၍ စိတ်နှလုံးအသစ်၊ စိတ်သဘောအသစ် ရှိကြလော့။ အို အစ္စရေးအမျိုး၊ အဘယ်ကြောင့် သင်တို့သေရမည်နည်း။
သင်တို့ကို သန့်ရှင်းသောရေနှင့်ပက်ဖျန်းသဖြင့် သင်တို့သည် စင်ကြယ်လိမ့်မည်။ သင်တို့၏အညစ်အကြေး၊ သင်တို့၏ရုပ်တုဆင်းတုရှိသမျှတို့မှလည်း သင်တို့ကို စင်ကြယ်စေမည်။
စိတ်နှလုံးနှိမ့်ချ၍ စီရင်ထုံးဖွဲ့ချက်တို့ကို လိုက်နာသောပြည်သူပြည်သားအပေါင်းတို့၊ ထာဝရဘုရားကိုရှာကြလော့။ ထာဝရဘုရား အမျက်တော်ကျရောက်သောနေ့တွင် အကွယ်အကာရကောင်းရနိုင်သည်ဖြစ်၍ ဖြောင့်မတ်ခြင်းကိုရှာကြလော့။ စိတ်နှိမ့်ချခြင်းကိုလည်း ရှာကြလော့။
နူးညံ့သိမ်မွေ့သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ကမ္ဘာမြေကို အမွေဆက်ခံရကြလိမ့်မည်။
ဝိညာဉ်တော်ကသာ အသက်ရှင်စေ၏။ ကိုယ်ကာယသည် မည်သည့်အကျိုးကိုမျှမပေး။ ငါဟောပြောသောစကားတို့သည် ဝိညာဉ်ဖြစ်ပြီး အသက်လည်းဖြစ်၏။
ရှိမုန်ပေတရုက “သခင်ဘုရား၊ အကျွန်ုပ်တို့သည် မည်သူ့ထံသို့သွားရမည်နည်း။ ထာဝရအသက်နှင့်ဆိုင်သောစကားတို့သည် ကိုယ်တော်၌သာရှိပါ၏။
သို့ဖြစ်၍ အကျွန်ုပ်သည် သင့်ထံသို့ ချက်ချင်းလူလွှတ်ခဲ့ပါသည်။ သင်သည်လည်း ကြွရောက်လာသောကြောင့် ကျေးဇူးတင်ပါသည်။ ယခု အကျွန်ုပ်တို့အားလုံးသည် သင့်အား သခင်ဘုရားမိန့်မှာတော်မူသမျှတို့ကို ကြားနာရန် ဘုရားသခင်ရှေ့တော်၌ ရှိနေကြပါသည်”ဟု ဆိုလေ၏။
အာဗြဟံ၏အမျိုးအနွယ်ဝင်ဖြစ်သူများနှင့် သင်တို့ထဲမှ ဘုရားသခင်ကိုကြောက်ရွံ့သောညီအစ်ကိုတို့၊ ဤကယ်တင်ခြင်းသတင်းစကားသည် ငါတို့ထံသို့ ပေးပို့ခြင်းခံရ၏။
ငါသည် ကောင်းမြတ်သောသတင်းအတွက် ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား ဤသတင်းသည် ဦးစွာဂျူးလူမျိုး ထို့နောက် ဂရိလူမျိုးအပါအဝင် ယုံကြည်သောသူအပေါင်းတို့အား ကယ်တင်ခြင်းရရှိစေသော ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏။
သို့သော် အကိုင်းအခက်အချို့တို့သည် ခုတ်ဖြတ်ခြင်းခံရ၍ သံလွင်ပင်အရိုင်းဖြစ်သောသင်သည် ထိုအကိုင်းအခက်များကြား၌ ကိုင်းဆက်ကူးခံရပြီး သံလွင်ပင်အမြစ်မှအဆီအနှစ်ကို မျှဝေခံစားသူဖြစ်လာလျှင်
သင်တို့သည် အပြစ်၏ကျွန်ဖြစ်ခဲ့ကြသော်လည်း သင်တို့ခံယူရရှိသော သွန်သင်ချက်၏နည်းဥပဒေသကို စိတ်နှလုံးနှင့်တကွနာခံကြသဖြင့်
သင်တို့သည် ထိုသတင်းကို အကြောင်းမဲ့မယုံကြည်ဘဲ သင်တို့အား ငါဟောပြောခဲ့သောတရားစကားကို စွဲကိုင်ထားလျှင် ၎င်းအားဖြင့် ကယ်တင်ခြင်းကိုလည်းခံရကြ၏။
ချစ်ရသောသူတို့၊ ငါတို့၌ ဤသို့သော ကတိတော်များရှိကြသောကြောင့် ကိုယ်ကာယနှင့်စိတ်ဝိညာဉ်တို့၏အညစ်အကြေးရှိသမျှတို့မှ မိမိတို့ကိုယ်ကိုစင်ကြယ်စေ၍ ဘုရားသခင်ကိုကြောက်ရွံ့ခြင်းအားဖြင့် မြင့်မြတ်သန့်ရှင်းခြင်းနှင့်ပြည့်စုံကြကုန်စို့။
သင်တို့သည်လည်း သင်တို့၏ကယ်တင်ခြင်းနှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းတည်းဟူသော သမ္မာတရား၏နှုတ်ကပတ်တော်ကို ထိုသခင်၌ကြားရ၍ ကိုယ်တော်ကိုယုံကြည်သဖြင့် ကတိထားတော်မူသော သန့်ရှင်းသောဝိညာဉ်တော်ဖြင့် တံဆိပ်ခတ်နှိပ်ခြင်းကိုခံရကြ၏။
သင်တို့သည် လှည့်ဖြားတတ်သောတပ်မက်ခြင်းများကြောင့် ပျက်စီးခြင်းသို့ရောက်မည့် သင်တို့၏လူဟောင်းတည်းဟူသော ယခင်က အသက်ရှင်နေထိုင်မှုကို ချွတ်ပယ်၍
ထို့ကြောင့် မုသားစကားကိုဖယ်ရှား၍ သင်တို့တစ်ဦးစီသည် မိမိဝန်းကျင်၌ရှိသောသူအား မှန်သောစကားကိုပြောကြလော့။ အကြောင်းမူကား ငါတို့သည် တစ်ဦးနှင့်တစ်ဦး ကိုယ်အင်္ဂါချင်းများဖြစ်ကြ၏။
မဖွယ်မရာပြုမူခြင်း၊ မိုက်မဲစွာပြောဆိုခြင်းနှင့် ညစ်ညမ်းသောပြက်လုံးထုတ်ခြင်းတို့သည်လည်း မသင့်လျော်သဖြင့် ရှောင်ရှား၍ ကျေးဇူးတော်ချီးမွမ်းခြင်းကိုသာ ပြုကြလော့။
အကြောင်းမူကား ငါတို့ဟောပြောသည့် ကောင်းမြတ်သောသတင်းသည် စကားအားဖြင့်သာမဟုတ်ဘဲ တန်ခိုးတော်အားဖြင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်လည်းကောင်း၊ ပြည့်ဝသောစိတ်ချမှုအားဖြင့်လည်းကောင်း သင်တို့ထံသို့ရောက်လာ၏။ ငါတို့သည် သင်တို့နှင့်အတူရှိစဉ် သင်တို့အတွက် မည်ကဲ့သို့သောသူဖြစ်ကြသည်ကို သင်တို့သိကြ၏။
သင်တို့သည် ငါတို့ထံမှကြားနာသော ဘုရားသခင်၏နှုတ်ကပတ်တရားကို လက်ခံကြသောအခါ လူတို့၏စကားအဖြစ်မဟုတ်ဘဲ ၎င်း၏စစ်မှန်သည့်အဖြစ်အတိုင်း တစ်နည်းဆိုသော် ယုံကြည်သောသင်တို့အထဲ၌ သက်ဝင်လှုပ်ရှားနေသော ဘုရားသခင်၏နှုတ်ကပတ်တရားအဖြစ် လက်ခံကြသောကြောင့် ငါတို့သည် ဘုရားသခင်ကို အမြဲမပြတ်ကျေးဇူးတင်ကြ၏။
အကြောင်းမူကား လူအပေါင်းတို့ကို ကယ်တင်တော်မူသောဘုရားသခင်၏ကျေးဇူးတော်သည် ပေါ်ထွန်းတော်မူပြီး
ထို့ကြောင့် ဤမျှလောက်များပြားသောသက်သေတို့သည် ငါတို့ကိုဝိုင်းရံလျက်ရှိသည်ဖြစ်၍ ငါတို့သည် လေးသောဝန်နှင့် အလွယ်တကူငြိတွယ်တတ်သည့်သဘောရှိသော အပြစ်ရှိသမျှတို့ကို ဖယ်ရှားလျက် ငါတို့ရှေ့၌ပြင်ဆင်ထားသောပြေးပွဲကို ဇွဲလုံ့လဖြင့်ပြေးကြကုန်စို့။
ဤမျှလောက်ကြီးမြတ်သောကယ်တင်ခြင်းကို လျစ်လျူရှုပါက ငါတို့သည် အပြစ်ဒဏ်မှ မည်သို့လွတ်နိုင်ကြမည်နည်း။ သခင်ဘုရားက ပထမဦးစွာ ဟောပြောတော်မူသော ဤကယ်တင်ခြင်းတရားသည် ကြားနာသောသူတို့မှတစ်ဆင့် ငါတို့ထံ၌ အတည်ပြုခြင်းခံရ၏။
အကြောင်းမူကား ငါတို့သည်လည်း ကောင်းမြတ်သောသတင်းကို ထိုသူတို့နည်းတူ ကြားရကြပြီ။ သို့သော် သူတို့ကြားရသောနှုတ်ကပတ်တော်သည် သူတို့၌ ယုံကြည်ခြင်းနှင့်မပေါင်းစပ်သောကြောင့် သူတို့အတွက် အကျိုးမရှိခဲ့ချေ။
ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့။ သို့ပြုလျှင် ကိုယ်တော်သည် သင်တို့ထံ ချဉ်းကပ်တော်မူလိမ့်မည်။ အပြစ်သားတို့၊ သင်တို့လက်ကို စင်ကြယ်စေကြလော့။ စိတ်နှစ်ခွရှိသောသူတို့၊ သင်တို့စိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စေကြလော့။
အပြစ်သားကို သူ၏မှားယွင်းသောလမ်းမှ ပြန်လည်ခေါ်ဆောင်လာသောထိုသူသည် လမ်းလွဲခဲ့သူ၏စိတ်ဝိညာဉ်ကို သေခြင်းမှကယ်တင်၍ များစွာသောအပြစ်တို့ကိုဖုံးအုပ်ပေးမည်ဖြစ်ကြောင်း သိမှတ်ပါစေ။
သင်တို့သည် သမ္မာတရားကိုနာခံခြင်းအားဖြင့် သင်တို့၏စိတ်ဝိညာဉ်များကို သန့်ရှင်းစင်ကြယ်စေပြီး ဟန်ဆောင်မှုကင်းသည့် ညီအစ်ကိုချင်းချစ်သောမေတ္တာကိုရရှိကြသည်ဖြစ်၍ ဖြူစင်သောစိတ်နှလုံးဖြင့် အချင်းချင်းခိုင်မြဲစွာချစ်ကြလော့။
ဤသည်ကား သင်တို့၏ယုံကြည်ခြင်းအကျိုးရလဒ်တည်းဟူသော စိတ်ဝိညာဉ်ကယ်တင်ခြင်းကို ရရှိကြသောကြောင့်ဖြစ်၏။
ထို့ကြောင့် မကောင်းမှုအမျိုးမျိုးနှင့်တကွ ရှိသမျှသောစဉ်းလဲခြင်း၊ သူတော်ကောင်းယောင်ဆောင်ခြင်း၊ မလိုမုန်းထားခြင်းနှင့် ပုတ်ခတ်ပြောဆိုခြင်းအလုံးစုံတို့ကို ဖယ်ရှားကြလော့။
ချစ်ရသောသူတို့၊ သင်တို့သည် ဧည့်သည်အာဂန္တုများဖြစ်ကြသဖြင့် စိတ်ဝိညာဉ်ကိုဆန့်ကျင်တိုက်ခိုက်သော ကိုယ်ကာယတပ်မက်ခြင်းများကို ရှောင်ကြဉ်ကြရန် ငါတိုက်တွန်းနှိုးဆော်ပါ၏။