ကိုယ်တော်က လူအား ‘ကြည့်ရှုလော့။ ဘုရားရှင်ကို ကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာဖြစ်၏။ မကောင်းမှုကိုရှောင်ကြဉ်ခြင်းသည် အသိဉာဏ်ဖြစ်၏’ဟူ၍ မိန့်တော်မူပြီ”ဟု ဆိုလေ၏။
မဿဲ 7:24 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ငါဟောပြောသော ဤတရားစကားတို့ကိုကြား၍ ကျင့်သုံးသောသူတိုင်းသည် ကျောက်ပေါ်၌ မိမိအိမ်ကိုဆောက်သည့် ပညာသတိရှိသောသူနှင့်တူ၏။ Common Language Bible `ငါဟောပြောသောဤတရားစကားကိုကြား၍ လိုက်လျှောက်သူသည်ကျောက်ပေါ်တွင်အိမ်ဆောက် သည့်ပညာရှိနှင့်တူ၏။- Garrad Bible ထို့ ကြောင့် မည် သူ မ ဆို ငါ ယ ခု ဟော ပြော ချက် ကို ကြား၍ လိုက် နာ လျှင် ကျောက် ပေါ် တွင် အိမ် ဆောက် သော ပ ညာ ရှိ နှင့် ငါ ပုံ နှိုင်း မည်။ Judson Bible အကြင်သူသည် ငါဟောပြောသော ဤစကားကို ကြား၍နားထောင်၏။ ထိုသူသည် ကျောက်ပေါ်မှာ အိမ်ဆောက်သော ပညာရှိနှင့် တူကြောင်းကို ငါပုံပြမည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါဟောပြောသော ဤတရားစကားကို ကြား၍ လိုက်နာသောသူသည် ကျောက်ပေါ်တွင် အိမ်ဆောက်သောပညာရှိနှင့် တူ၏။ မြန်မာ အကြင်သူသည် ငါဟောပြောသော ဤစကားကို ကြား၍နားထောင်၏။ ထိုသူသည် ကျောက်ပေါ်မှာ အိမ်ဆောက်သော ပညာရှိနှင့် တူကြောင်းကို ငါပုံပြမည်။- |
ကိုယ်တော်က လူအား ‘ကြည့်ရှုလော့။ ဘုရားရှင်ကို ကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာဖြစ်၏။ မကောင်းမှုကိုရှောင်ကြဉ်ခြင်းသည် အသိဉာဏ်ဖြစ်၏’ဟူ၍ မိန့်တော်မူပြီ”ဟု ဆိုလေ၏။
ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာ၏အရင်းအမြစ်ဖြစ်၏။ ကိုယ်တော်၏ဥပဒေသတို့ကို လိုက်နာသောသူ အပေါင်းတို့သည် ကောင်းသောဉာဏ်စွမ်းကိုရရှိကြ၏။ ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်သည် ထာဝရတည်၏။
ကိုယ်တော်၏နှုတ်ကပတ်တော်တို့ကိုဖွင့်ပြခြင်းသည် အလင်းကိုပေး၍ အသိဉာဏ်နည်းပါးသောသူတို့အား အသိဉာဏ်ကိုပေးပါ၏။
ကိုယ်တော်၏သက်သေခံချက်တို့သည် အကျွန်ုပ်ဆင်ခြင်အောက်မေ့စရာဖြစ်သောကြောင့် အကျွန်ုပ်သည် အကျွန်ုပ်၏ဆရာအားလုံးတို့ထက် ပို၍ပညာသတိရှိပါ၏။
လေပွေတိုက်ခတ်သွားသောအခါ ဆိုးယုတ်သောသူသည် ပျောက်ကွယ်သွား၏။ ဖြောင့်မတ်သောသူ၌ကား အစဉ်အမြဲတည်သောအုတ်မြစ်ရှိ၏။
စိတ်နှလုံး၌ပညာရှိသောသူသည် ပညတ်ချက်တို့ကို လက်ခံတတ်၏။ နှုတ်ဖွာသည့် ဆိုးမိုက်သောသူကား ပျက်စီးခြင်းသို့ ရောက်ရလိမ့်မည်။
ဆိုးယုတ်သောသူတို့သည် ဖြိုလှဲခြင်းခံရ၍ ပျောက်ကွယ်သွားကြ၏။ ဖြောင့်မတ်သောသူတို့၏အိမ်မူကား တည်မြဲလိမ့်မည်။
ဆင်ခြင်ဉာဏ်ရှိသောသူ၏ဉာဏ်ပညာမှာ မိမိလမ်းကိုသိရှိနားလည်ခြင်းဖြစ်၏။ မိုက်မဲသောသူတို့၏မိုက်မဲခြင်းမူကား လိမ်လည်လှည့်ဖြားခြင်းဖြစ်၏။
အကြောင်းမူကား ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏အလိုတော်ကိုဆောင်ရွက်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိဖြစ်၏”ဟု မိန့်တော်မူ၏။
သင့်အား ငါဆိုသည်ကား သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်၌ ငါ၏အသင်းတော်ကို ငါတည်ဆောက်မည်။ မရဏာနိုင်ငံ၏တံခါးတို့သည်လည်း ထိုအသင်းတော်ကို အနိုင်ရကြမည်မဟုတ်။
မိမိ၏အိမ်သူအိမ်သားများအား အချိန်တန်သောအခါ အစားအစာကိုစီစဉ်ပေးရန် သူတို့အပေါ်သခင်ခန့်ထားသည့် သစ္စာနှင့်ပညာသတိရှိသောအစေအပါးကား မည်သူနည်း။
ထိုသူတို့ထဲမှ ငါးယောက်သည် မိုက်မဲသောသူဖြစ်ကြပြီး ငါးယောက်သည် ပညာသတိရှိသောသူဖြစ်ကြ၏။
ပညာသတိရှိသောသူတို့မူကား မိမိတို့မီးခွက်နှင့်အတူ ဆီကို ဘူးထဲ၌ယူသွားကြ၏။
သို့သော် ပညာသတိရှိသောသူတို့က ‘ထိုသို့ပြုလျှင် သင်တို့နှင့်ငါတို့အတွက် လုံလောက်မည်မဟုတ်ပါ။ ဆီရောင်းသောသူတို့ထံသို့သာသွား၍ မိမိတို့အတွက် ဝယ်ယူကြပါ’ဟု ပြန်ပြောကြ၏။
မိုးရွာ၍ မြစ်ရေစီးဆင်းလာကာ လေထန်သဖြင့် ထိုအိမ်ကိုတိုက်ခတ်သော်လည်း ကျောက်ပေါ်၌အုတ်မြစ်ချထားသောကြောင့် ထိုအိမ်သည် မပြိုလဲပေ။
ငါဟောပြောသော ဤတရားစကားတို့ကိုကြား၍ မကျင့်သုံးသောသူတိုင်းသည် သဲပေါ်၌ မိမိအိမ်ကိုဆောက်သည့် မိုက်မဲသောသူနှင့်တူ၏။
သို့ရာတွင် ကိုယ်တော်က“စင်စစ်ကား ဘုရားသခင်၏နှုတ်ကပတ်တရားကိုကြား၍ စောင့်ထိန်းသောသူသည် မင်္ဂလာရှိ၏”ဟု မိန့်တော်မူ၏။
ဤအရာများကို သင်တို့သိမှတ်၍ ထိုအတိုင်းကျင့်သုံးလျှင် သင်တို့သည် မင်္ဂလာရှိကြ၏။
ငါသည် ငါ့ခမည်းတော်၏ပညတ်ချက်များကို စောင့်ထိန်း၍ ခမည်းတော်၏ချစ်ခြင်းမေတ္တာတော်၌ တည်နေသကဲ့သို့ သင်တို့သည် ငါ၏ပညတ်ချက်များကိုစောင့်ထိန်းလျှင် ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေကြလိမ့်မည်။
သင်တို့အား ငါပညတ်သည့်အရာတို့ကို သင်တို့ကျင့်သုံးလျှင် သင်တို့သည် ငါ၏မိတ်ဆွေများဖြစ်ကြ၏။
အကြောင်းမူကား ပညတ်တရားကိုကြားနာသောသူတို့သည် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်ကြသည်မဟုတ်။ ပညတ်တရားကိုလိုက်နာကျင့်သုံးသောသူတို့သာလျှင် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရကြ၏။
ငါတို့သည် ဘုရားသခင်၏ပညတ်တော်တို့ကို လိုက်နာစောင့်ထိန်းလျှင် ထိုအမှုအရာအားဖြင့် ဘုရားသခင်ကို ငါတို့သိကျွမ်းသည်ကိုသိကြ၏။