ဆိုးညစ်သောအမှုကိုပြုသောသူတို့၊ ငါ့ထံမှဖယ်ခွာကြလော့။ ငါသည် ငါ့ဘုရားသခင်၏ပညတ်တော်တို့ကို လိုက်နာကျင့်သုံးမည်။
မဿဲ 7:23 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ငါသည် သူတို့အား ‘သင်တို့ကို ငါလုံးဝမသိ။ တရားမဲ့သောအမှုကိုပြုသောသူတို့၊ ငါ့ထံမှ ထွက်သွားကြလော့’ဟု အတိအလင်းပြောမည်။ Common Language Bible ထိုအခါ `ဆိုးသွမ်းသူတို့၊ သင်တို့ကိုအဘယ် အခါကမျှငါမသိ။ ငါ့ထံမှထွက်သွား ကြလော့' ဟုထိုသူတို့အားငါပြောမည်။ Garrad Bible ငါ က သင် တို့ ကို မ သိ စ ဘူး။ မ တ ရား ပြု ကျင့် သူ တို့၊ ငါ့ ထံ မှ ထွက် သွား ကြ ဟု ပြန် ဆို မည်။ Judson Bible ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျှင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ငါသည် သူတို့အား ‘အို မတရားမှုပြုသောသူတို့… သင်တို့ကို မည်သည့်အခါကမျှ ငါမသိခဲ့။ ငါ့ထံမှ ထွက်သွားကြ’ ဟု ပြောမည်။ မြန်မာ ထိုသို့လျှောက်ကြသောအခါ သင်တို့ကို ငါအလျှင်းမသိ၊ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှ ဖယ်ကြဟု ထိုသူတို့အား အတည့်အလင်း ငါပြောမည်။- |
ဆိုးညစ်သောအမှုကိုပြုသောသူတို့၊ ငါ့ထံမှဖယ်ခွာကြလော့။ ငါသည် ငါ့ဘုရားသခင်၏ပညတ်တော်တို့ကို လိုက်နာကျင့်သုံးမည်။
ဝါကြွားသောသူတို့သည် ကိုယ်တော်၏မျက်မှောက်တော်၌ ရပ်နိုင်ကြမည်မဟုတ်ပါ။ ကိုယ်တော်သည် အပြစ်ဒုစရိုက်ပြုသောသူအပေါင်းတို့ကို မုန်းတော်မူ၏။
အပြစ်ဒုစရိုက်ပြုသောသူအပေါင်းတို့၊ ငါ့ထံမှထွက်သွားကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် ငါ၏ငိုကြွေးသံကိုကြားတော်မူပြီ။
သို့သော် သတို့သားက ‘သင်တို့အား ငါအမှန်ဆိုမည်။ သင်တို့ကို ငါမသိ’ဟု ပြန်ပြောလေ၏။
ထို့နောက် မင်းကြီးသည် လက်ဝဲတော်ဘက်၌ရှိသောသူတို့အားလည်း ‘ကျိန်ဆဲခြင်းခံရသောသူတို့၊ ငါ့ထံမှထွက်ခွာ၍ မာရ်နတ်နှင့်သူ၏စေတမန်များအတွက်ပြင်ဆင်ထားသော ထာဝရမီးထဲသို့ သွားကြလော့။
အိမ်ရှင်သည်ထ၍ တံခါးကိုပိတ်ပြီးမှ သင်တို့သည် အပြင်၌ရပ်၍ တံခါးကိုခေါက်လျက် ‘သခင်၊ အကျွန်ုပ်တို့အားတံခါးဖွင့်ပေးပါ’ဟု ဆိုကြသော်လည်း သခင်က ‘သင်တို့သည် အဘယ်ကလာကြသည်ကို ငါမသိ’ဟု ပြန်၍ဆိုလိမ့်မည်။
သို့သော် သခင်က ‘သင်တို့သည် အဘယ်ကလာကြသည်ကို ငါမသိ။ မတရားမှုကိုပြုသောသူအပေါင်းတို့၊ ငါ့ထံမှထွက်သွားကြလော့’ဟု သင်တို့အားဆိုလိမ့်မည်။
ငါသည် ကောင်းမြတ်သောသိုးထိန်းဖြစ်၏။ ခမည်းတော်သည် ငါ့ကိုသိတော်မူ၍ ငါသည် ခမည်းတော်ကိုသိသကဲ့သို့ ငါ့သိုးတို့ကို ငါသိ၍ ငါ့သိုးတို့သည်လည်း ငါ့ကိုသိကြ၏။
သို့ရာတွင် ဘုရားသခင်၏ခိုင်ခံ့သောအုတ်မြစ်သည် တည်မြဲလျက်ရှိ၍ ထိုအုတ်မြစ်ပေါ်၌ “ထာဝရဘုရားသည် မိမိလူတို့ကို သိတော်မူ၏”ဟူ၍လည်းကောင်း၊ “ထာဝရဘုရား၏နာမတော်ကို တိုင်တည်ခေါ်ဆိုသောသူတိုင်း မတရားမှုမှဖယ်ခွာကြလော့”ဟူ၍လည်းကောင်း တံဆိပ်ခတ်နှိပ်ထား၏။
အပြင်၌ကား ခွေးများ၊ ပြုစားသောသူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ လူသတ်သူများ၊ ရုပ်တုကိုးကွယ်သူများနှင့် မုသားကိုနှစ်သက်၍ ကျင့်သုံးသောသူအပေါင်းတို့ရှိကြ၏။