Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ 7:23 - မြန်မာ

23 ထို​သို့​လျှောက်​ကြ​သော​အ​ခါ သင်​တို့​ကို ငါ​အ​လျှင်း​မ​သိ၊ အ​ဓ​မ္မ​အ​မှု​ကို ပြု​သော​သူ​တို့၊ ငါ့​ထံ​မှ ဖယ်​ကြ​ဟု ထို​သူ​တို့​အား အ​တည့်​အ​လင်း ငါ​ပြော​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

23 ထို​အ​ခါ `ဆိုး​သွမ်း​သူ​တို့၊ သင်​တို့​ကို​အ​ဘယ် အ​ခါ​က​မျှ​ငါ​မ​သိ။ ငါ့​ထံ​မှ​ထွက်​သွား ကြ​လော့' ဟု​ထို​သူ​တို့​အား​ငါ​ပြော​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 ငါ က သင် တို့ ကို မ သိ စ ဘူး။ မ တ ရား ပြု ကျင့် သူ တို့၊ ငါ့ ထံ မှ ထွက် သွား ကြ ဟု ပြန် ဆို မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 ထို​သို့​လျှောက်​ကြ​သော​အ​ခါ သင်​တို့​ကို ငါ​အ​လျှင်း​မ​သိ၊ အ​ဓ​မ္မ​အ​မှု​ကို ပြု​သော​သူ​တို့၊ ငါ့​ထံ​မှ ဖယ်​ကြ​ဟု ထို​သူ​တို့​အား အ​တည့်​အ​လင်း ငါ​ပြော​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 ထိုအခါ ငါ​သည် သူ​တို့​အား ‘သင်​တို့​ကို ငါ​လုံးဝ​မ​သိ။ တရားမဲ့​သော​အမှု​ကို​ပြု​သော​သူ​တို့၊ ငါ့​ထံမှ ထွက်သွား​ကြ​လော့’​ဟု အတိအလင်း​ပြော​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

23 ထိုအခါ ငါ​သည် သူတို့​အား ‘အို မတရားမှု​ပြုသောသူတို့… သင်တို့​ကို မည်သည့်အခါ​ကမျှ ငါ​မသိခဲ့။ ငါ့​ထံမှ ထွက်သွားကြ’ ဟု ပြောမည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 7:23
11 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ လက်​ဝဲ​တော်​ဘက်၌​ရှိ​သော​သူ​တို့​အား မင်း​ကြီး​က၊ ကျိန်​ခြင်း​ကို ခံ​ရ​သော​သူ​တို့၊ မာရ်​နတ်​နှင့် သူ၏​တ​မန်​တို့​အ​ဖို့ ပြင်​ဆင်​သော ထာ​ဝ​ရ​မီး​ထဲ​သို့ ငါ့​ထံ​မှ ခွာ​သွား​ကြ​လော့။-


သ​ခင်​က၊ သင်​တို့​သည် အ​ဘယ်​က​လာ​သည်​ကို ငါ​မ​သိ​ဟု ငါ​ဆို​ပြီ။ မ​တ​ရား​သော​အ​မှု​ကို ပြု​သော​သူ​အ​ပေါင်း​တို့၊ ငါ့​ထံ​မှ ဖယ်​သွား​ကြ​ဟု ပြော​လိမ့်​မည်၊


အိမ်​ရှင်​သည် တစ်​ခါ​ထ၍ တံ​ခါး​ကို ပိတ်​ပြီး​မှ၊ သင်​တို့​သည် ပြင်၌​ရပ်၍ တံ​ခါး​ကို​ခေါက်​လျက်၊ သ​ခင်၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​အား​ဖွင့်​ပါ​ဟု တောင်း​လျှောက်​သော်​လည်း၊ သ​ခင်​က၊ သင်​တို့​သည် အ​ဘယ်​က​လာ​သည်​ကို ငါ​မ​သိ​ဟု ပြန်​ပြော​လိမ့်​မည်။-


အ​ရှင်​က​လည်း၊ ငါ​အ​မှန်​ဆို​သည်​ကား၊ သင်​တို့​ကို ငါ​မ​သိ​ဟု ပြန်​ပြော​လေ၏။-


ငါ​သည် ကောင်း​သော​သိုး​ထိန်း​ဖြစ်၏။ ခ​မည်း​တော်​သည် ငါ့​ကို​သိ​တော်​မူ၍၊ ငါ​သည်​လည်း ခ​မည်း​တော်​ကို သိ​သ​ကဲ့​သို့ ငါ၏​သိုး​တို့​ကို ငါ​သိ၏။ ငါ့​သိုး​တို့​သည်​လည်း ငါ့​ကို​သိ​ကြ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ