အကြောင်းမူကား ကိုယ်တော်သည် ဆာငတ်သောစိတ်ဝိညာဉ်ကို ဝလင်စေ၍ ဆာလောင်မွတ်သိပ်သောစိတ်ဝိညာဉ်ကို ကောင်းသောအရာနှင့်ပြည့်စုံစေတော်မူ၏။
မဿဲ 5:6 - မြန်မာ့စံမီသမ္မာကျမ်း ဖြောင့်မတ်ခြင်းကို ဆာလောင်မွတ်သိပ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ဝပြောခြင်းသို့ရောက်ကြလိမ့်မည်။ Common Language Bible ``ဘုရားသခင်၏အလိုတော်အတိုင်း လိုက်နာကျင့်သုံးရန်လိုလားတောင့်တသော သူတို့သည်မင်္ဂလာရှိကြ၏။ ထိုသူတို့သည်တောင့်တသည်အတိုင်း အပြည့်အဝရရှိကြလတ္တံ့။ Garrad Bible ဖြောင့် မတ် ခြင်း ကို ဆာ ငတ် သော သူ တို့၌ မင်္ဂ လာ ရှိ၏။ ထို သူ တို့ သည် ဝ ပြော ရကြ လ တ္တံ့။ Judson Bible ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဝပြောခြင်းသို့ ရောက်ကြလတ္တံ့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဖြောင့်မတ်ခြင်းကို ငတ်မွတ်တောင့်တသောသူတို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် အလိုဆန္ဒပြည့်စုံကြရမည်ဖြစ်သောကြောင့်ပင်။ မြန်မာ ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဝပြောခြင်းသို့ ရောက်ကြလတ္တံ့။- |
အကြောင်းမူကား ကိုယ်တော်သည် ဆာငတ်သောစိတ်ဝိညာဉ်ကို ဝလင်စေ၍ ဆာလောင်မွတ်သိပ်သောစိတ်ဝိညာဉ်ကို ကောင်းသောအရာနှင့်ပြည့်စုံစေတော်မူ၏။
ကိုယ်တော်သည် မိမိကိုကြောက်ရွံ့သောသူတို့၏ အလိုကို ပြည့်စုံစေတော်မူ၏။ သူတို့၏အော်ဟစ်သံကိုလည်းကြား၍ သူတို့ကို ကယ်တင်တော်မူ၏။
အကျွန်ုပ်မူကား ဖြောင့်မတ်ခြင်းကြောင့် ကိုယ်တော်၏မျက်နှာတော်ကိုဖူးမြော်ရပါလိမ့်မည်။ အကျွန်ုပ်နိုးလာသောအခါ ကိုယ်တော်၏သဏ္ဌာန်တော်ကိုမြင်၍ အလိုပြည့်စုံပါလိမ့်မည်။
အကျွန်ုပ်၏စိတ်ဝိညာဉ်သည် အဆီအနှစ်နှင့်မြိန်ရှက်သောအစာကို စားရသည့်အလား အားရကျေနပ်လျက်ရှိပါ၏။ ရွှင်လန်းစွာကြွေးကြော်သောနှုတ်ခမ်းဖြင့် အကျွန်ုပ်၏နှုတ်သည် ကိုယ်တော်ကိုချီးမွမ်းပါမည်။
ကိုယ်တော်၏တံတိုင်းတော်များအတွင်း၌နေထိုင်စေရန် ကိုယ်တော်ရွေးချယ်၍ အထံတော်သို့ခေါ်ဆောင်လာသောသူသည် မင်္ဂလာရှိ၏။ အကျွန်ုပ်တို့သည် ကိုယ်တော်၏ သန့်ရှင်းသောဗိမာန်တော်တည်းဟူသော ကိုယ်တော်၏အိမ်တော်မှကောင်းမြတ်သောအရာဖြင့် ပြည့်စုံကြွယ်ဝကြပါလိမ့်မည်။
အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ထာဝရဘုရား၏တံတိုင်းတော်များကို လွမ်းဆွတ်၍ မူးမေ့မတတ်ဖြစ်ပါ၏။ အကျွန်ုပ်၏စိတ်နှလုံးနှင့် အကျွန်ုပ်၏ကိုယ်ခန္ဓာသည် အသက်ရှင်သောဘုရားသခင်ထံ ရွှင်လန်းစွာသီချင်းဆိုပါ၏။
ဆိုးယုတ်သောသူကြောက်လန့်သောအမှုသည် သူ့အပေါ်သို့သက်ရောက်လိမ့်မည်။ ဖြောင့်မတ်သောသူတို့၏အလိုဆန္ဒကိုကား ကိုယ်တော်ဖြည့်ဆည်းပေးတော်မူလိမ့်မည်။
ဖြောင့်မတ်ခြင်းနှင့် မေတ္တာကရုဏာကို လက်ကိုင်ပြုသောသူသည် အသက်ရှင်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် ဂုဏ်သရေကို တွေ့ရှိလိမ့်မည်။
“အို ငါ့နှမ၊ ငါ့သတို့သမီး၊ ငါ့ဥယျာဉ်ထဲသို့ ငါလာပြီ။ မုရန်နှင့် အမွှေးနံ့သာတို့ကို ငါစုသိမ်းပြီ။ ပျားလပို့မှပျားရည်တို့ကို ငါစားပြီ။ စပျစ်ဝိုင်နှင့် နို့ကိုလည်း ငါသောက်ရပြီ။” “အို မိတ်ဆွေတို့၊ စားကြပါ။ အို ချစ်သူတို့၊ သောက်၍ ယစ်မူးကြပါ။”
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် လူအပေါင်းတို့အတွက် အကောင်းဆုံးအစားအစာနှင့် နှစ်ချို့စပျစ်ဝိုင်စားသောက်ပွဲကို ဤတောင်ပေါ်၌ ပြင်ဆင်တော်မူမည်။ ထိုစားသောက်ပွဲတွင် အဆီအနှစ်နှင့်ပြည့်သောအကောင်းဆုံးအစားအစာများ၊ သန့်စင်ထားသောနှစ်ချို့စပျစ်ဝိုင်များဖြင့် တည်ခင်းတော်မူမည်။
ဆင်းရဲနွမ်းပါးသောသူတို့သည် ရေကိုရှာကြ၏။ ရေမရှိသောကြောင့် သူတို့သည် ရေငတ်၍ အာခေါင်ခြောက်ကပ်သောအခါ ငါထာဝရဘုရားသည် သူတို့ကိုထူးမည်။ အစ္စရေးလူမျိုး၏ဘုရားသခင် ငါသည် သူတို့ကို စွန့်ပစ်မည်မဟုတ်။
အကြောင်းမူကား ငါသည် ရေငတ်နေသောပြည်အပေါ် ရေကိုသွန်းလောင်းမည်။ ခြောက်သွေ့သောမြေပေါ်တွင် စမ်းရေစီးစေမည်။ သင်၏သားစဉ်မြေးဆက်အပေါ် ငါ့ဝိညာဉ်ကို သွန်းလောင်းမည်။ သင်၏သားမြေးတို့အပေါ် ငါ့ကောင်းချီးမင်္ဂလာကို သွန်းလောင်းမည်။
ထို့ကြောင့် အရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါ့အစေအပါးတို့စားရသော်လည်း သင်တို့ဆာလောင်မွတ်သိပ်ကြလိမ့်မည်။ ငါ့အစေအပါးတို့သောက်ရသော်လည်း သင်တို့ရေငတ်ကြလိမ့်မည်။ ငါ့အစေအပါးတို့ဝမ်းမြောက်ရသော်လည်း သင်တို့အရှက်ကွဲကြလိမ့်မည်။
သင်တို့သည် သူ၏နို့ရည်ကြွယ်ဝသောသားမြတ်ကိုစို့၍ ဝလင်ကြလိမ့်မည်။ နို့ရည်ကြွယ်ဝသောသားမြတ်ကို အလိုရှိသမျှသောက်၍ နှစ်သက်အားရကြလိမ့်မည်။
ငါသည် ပင်ပန်းနွမ်းနယ်သူကို နှစ်သိမ့်ပေးမည်။ အားငယ်သူအပေါင်းတို့ကို အားပေးမည်”ဟု မိန့်တော်မူ၏။
ဆာလောင်သောသူတို့ကို ကောင်းသောအရာများဖြင့်ပြည့်ဝစေ၍ ကြွယ်ဝသောသူတို့ကို လက်ချည်းသက်သက်ပြန်လွှတ်တော်မူ၏။
ယခုဆာလောင်နေသောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ဝပြောခြင်းသို့ရောက်ကြလိမ့်မည်။ ယခုငိုကြွေးနေသောသင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ရယ်မောကြလိမ့်မည်။
ယခု ဝလင်စွာစားရသောသင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ဆာလောင်ကြလိမ့်မည်။ ယခု ရယ်မောသောသင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ဝမ်းနည်းကြေကွဲလျက် ငိုကြွေးကြလိမ့်မည်။
ငါပေးမည့်ရေကိုသောက်သောသူမူကား ကာလအစဉ်အဆက် မည်သည့်အခါမျှ ရေငတ်မည်မဟုတ်။ ထိုထက်မက ငါပေးမည့်ရေသည် ထိုသူ၌ ထာဝရအသက်တိုင်အောင် ရေပန်းထွက်ရာ စမ်းရေပေါက်ဖြစ်လိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
ပျက်စီးတတ်သောအစားအစာအတွက်မဟုတ်ဘဲ လူ့သားသည် သင်တို့ကိုပေးမည့် ထာဝရအသက်တိုင်အောင်တည်မြဲသောအစားအစာအတွက် လုပ်ဆောင်ကြလော့။ အကြောင်းမူကား ခမည်းတော်ဘုရားသည် ထိုလူ့သားကို တံဆိပ်ခတ်နှိပ်တော်မူ၏”ဟု ပြန်၍မိန့်တော်မူ၏။
ထိုပွဲတော်၏ကြီးမြတ်သောနေ့ဖြစ်သည့် နောက်ဆုံးနေ့၌ ယေရှုသည်ရပ်လျက်“မည်သူမဆို ရေငတ်လျှင် ငါ့ထံသို့လာ၍ သောက်လော့။
သူတို့သည် နောက်တစ်ဖန် ဆာလောင်ခြင်း၊ ရေငတ်ခြင်း ရှိတော့မည်မဟုတ်။ နေ၊ သို့မဟုတ် အခြားမည်သည့်အပူရှိန်မျှ သူတို့အပေါ်ကျရောက်မည်မဟုတ်။