Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ 5:6 - မြန်မာ

6 ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​ကို ဆာ​ငတ်​ခင်​မွတ်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ဝ​ပြော​ခြင်း​သို့ ရောက်​ကြ​လ​တ္တံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 ``ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​တိုင်း လိုက်​နာ​ကျင့်​သုံး​ရန်​လို​လား​တောင့်​တ​သော သူ​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။ ထို​သူ​တို့​သည်​တောင့်​တ​သည်​အ​တိုင်း အ​ပြည့်​အ​ဝ​ရ​ရှိ​ကြ​လတ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ဖြောင့် မတ် ခြင်း ကို ဆာ ငတ် သော သူ တို့၌ မင်္ဂ လာ ရှိ၏။ ထို သူ တို့ သည် ဝ ပြော ရကြ လ တ္တံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ဖြောင့်​မတ်​ခြင်း​ပါ​ရ​မီ​ကို ဆာ​ငတ်​ခင်​မွတ်​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် ဝ​ပြော​ခြင်း​သို့ ရောက်​ကြ​လ​တ္တံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ဖြောင့်မတ်​ခြင်း​ကို ဆာလောင်​မွတ်သိပ်​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် ဝပြော​ခြင်း​သို့​ရောက်​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

6 ဖြောင့်မတ်ခြင်း​ကို ငတ်မွတ်​တောင့်တသော​သူတို့​သည် မင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထို​သူတို့​သည် အလိုဆန္ဒ​ပြည့်စုံကြ​ရမည်​ဖြစ်​သောကြောင့်ပင်။

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 5:6
29 ပူးပေါင်းရင်းမြစ်များ  

ငါ​ပေး​သော​ရေ​ကို သောက်​သော​သူ​မူ​ကား၊ ရေ​ငတ်​ခြင်း​နှင့်​အ​စဉ်​မ​ပြတ် ကင်း​လွတ်​လိမ့်​မည်။ ငါ​ပေး​သော​ရေ​သည် ထို​သူ၌ ထာ​ဝ​ရ​အ​သက်​ရှင်​ခြင်း​အ​လို​ငှာ ထွက်​သော​စမ်း​ရေ​ဖြစ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။-


မုန့်​ကို​စား၍ ဝ​သော​ကြောင့်​သာ ရှာ​ကြ၏။ ပျက်​စီး​တတ်​သော​အ​စာ​ကို ရ​ခြင်း​ငှာ မ​ကြိုး​စား​ကြ​နှင့်။ လူ​သား​သည် သင်​တို့​အား​ပေး၍ ထာ​ဝ​ရ​အ​သက်​နှင့်​အ​မျှ တည်​တတ်​သော​အ​စာ​ကို ရ​ခြင်း​ငှာ ကြိုး​စား​ကြ​လော့။ ထို​သား​သည် ခ​မည်း​တော်​ဘု​ရား၏​တံ​ဆိပ်​ခတ်​ခြင်း​ကို ခံ​သော​သူ​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။


ထို​ပွဲ​ကို​ခံ၍ နောက်​ဆုံး​ဖြစ်​သော​နေ့​မြတ်၌ ယေ​ရှု​သည်​ရပ်၍ ကြွေး​ကြော်​တော်​မူ​သည်​ကား၊ ရေ​ငတ်​သော​သူ​ရှိ​လျှင် ငါ့​ထံ​သို့​လာ၍ သောက်​လော့။-


ယ​ခု​တွင် ငတ်​မွတ်​သော​သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ဝ​ပြော​ခြင်း​သို့ ရောက်​ကြ​လ​တ္တံ့။ ယ​ခု​တွင် ငို​ကြွေး​သော သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ရယ်​ကြ​လ​တ္တံ့။ သူ​တစ်​ပါး​တို့​သည် လူ​သား​ကြောင့် သင်​တို့​ကို​မုန်း​သော​အ​ခါ၊-


ငတ်​မွတ်​သော​သူ​တို့​ကို ကောင်း​မွန်​စွာ​ကျွေး၍ ရ​တတ်​သော​သူ​တို့​ကို လက်​ချည်း လွှတ်​လိုက်​တော်​မူ​ပြီ။-


ဝ​စွာ​စား​ရ​သော သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ငတ်​မွတ်​ခြင်း​သို့ ရောက်​ရ​ကြ​လ​တ္တံ့။ ယ​ခု ရယ်​တတ်​သော​သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ညည်း​တွား​ငို​ကြွေး​ရ​ကြ​လ​တ္တံ့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ