မဿဲ 5:27 - မြန်မာ့စံမီသမ္မာကျမ်း ‘အိမ်ထောင်ရေးဖောက်ပြန်မှုကို မကျူးလွန်ရ’ ဟု ပြောထားသည်ကို သင်တို့ကြားရ၏။ Common Language Bible ``သူ့အိမ်ရာကိုမပြစ်မှားနှင့်ဟူသောပညတ် ကိုသင်တို့ကြားသိရလေပြီ။-ထွ၊ ၂၀:၁၄။ တရား၊ ၅:၁၈။* Garrad Bible သူ့ သား အိမ် ရာ မ ပြစ် မှား ရ ဟူ သော ဆင့် ဆို ချက် ကို သင် တို့ ကြား ကြ ပြီ။ Judson Bible သူ့မယားကို မပြစ်မှားရဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ‘သူတစ်ပါးသားမယားကို မပြစ်မှားနှင့်’ ဟူသော ပညတ်တော်ကို သင်တို့ကြားရပြီ။ မြန်မာ သူ့မယားကို မပြစ်မှားရဟူသော ရှေးပညတ်စကားကို သင်တို့ကြားရပြီ။- |
သူတစ်ပါး၏မယားနှင့် အိမ်ထောင်ရေးဖောက်ပြန်သောသူသည် အသိစိတ်မရှိ။ ထိုအမှုကိုပြုသောသူသည် ကိုယ့်ကိုယ်ကိုယ်ဖျက်ဆီးသောသူဖြစ်၏။
တစ်စုံတစ်ယောက်သည် သူတစ်ပါး၏မယားနှင့်ဖြစ်စေ၊ မိမိအိမ်နီးချင်း၏မယားနှင့်ဖြစ်စေ အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်လျှင် အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်သောထိုယောက်ျားနှင့် ထိုမိန်းမသည် မုချအသတ်ခံရမည်။
‘လူမသတ်ရ။ မည်သူမဆို လူသတ်လျှင် အပြစ်စီရင်ခြင်းကိုခံထိုက်ပေ၏’ဟု ရှေးလူတို့အားပြောထားသည်ကို သင်တို့ကြားခဲ့ရ၏။
တစ်ဖန် ‘မမှန်မကန်တိုင်တည်ပြောဆိုခြင်းမပြုဘဲ သင်ပြုထားသောကတိသစ္စာများကို ထာဝရဘုရားရှေ့တော်၌ စောင့်ထိန်းရမည်’ ဟု ရှေးလူတို့အားပြောထားသည်ကို သင်တို့ကြားရ၏။
‘သင့်ဝန်းကျင်၌ရှိသောသူကိုချစ်၍ သင်၏ရန်သူကို မုန်းရမည်’ ဟု ဆိုထားသည်ကို သင်တို့ကြားရ၏။