အကြောင်းမူကား ယောနသည် ငါးကြီးဝမ်းထဲ၌ သုံးနေ့နှင့်သုံးညနေခဲ့ရသကဲ့သို့ လူ့သားသည်လည်း မြေကြီးအတွင်း၌ သုံးနေ့နှင့်သုံးညနေရလိမ့်မည်။
မဿဲ 28:6 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ဤနေရာ၌မရှိ။ အကြောင်းမူကား မိန့်တော်မူခဲ့သည့်အတိုင်း ထမြောက်တော်မူပြီ။ ကိုယ်တော်လျောင်းတော်မူခဲ့သည့်နေရာကို လာကြည့်ကြလော့။ Common Language Bible ကိုယ်တော်သည်ယခင်ကမိန့်တော်မူသည့်အတိုင်း သေခြင်းမှရှင်ပြန်ထမြောက်တော်မူပြီ။ လျောင်း တော်မူသည့်နေရာကိုကြည့်ကြလော့။- Garrad Bible ကိုယ် တော် သည် ဤ တွင် မ ရှိ။ မိန့် တော် မူ ခဲ့ သည့် အ တိုင်း ရှင် ပြန် ထ မြောက် တော် မူ ပြီ။ စက် တော် မူ နေ သော နေ ရာ ကို လာ ကြည့် ကြ။ Judson Bible ဤအရပ်၌ မရှိ။ မိန့်တော်မူသည်အတိုင်း ထမြောက်တော်မူပြီ။ လာကြ၊ သခင်လျောင်းတော်မူရာအရပ်ကို ကြည့်ကြလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအရှင်သည် ဤနေရာတွင် မရှိပါ။ မိန့်တော်မူခဲ့သည့်အတိုင်း သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီ။ အလောင်းတော်ထားသည့် နေရာကို လာ၍ ကြည့်ကြလော့။ မြန်မာ ဤအရပ်၌ မရှိ။ မိန့်တော်မူသည်အတိုင်း ထမြောက်တော်မူပြီ။ လာကြ၊ သခင်လျောင်းတော်မူရာအရပ်ကို ကြည့်ကြလော့။- |
အကြောင်းမူကား ယောနသည် ငါးကြီးဝမ်းထဲ၌ သုံးနေ့နှင့်သုံးညနေခဲ့ရသကဲ့သို့ လူ့သားသည်လည်း မြေကြီးအတွင်း၌ သုံးနေ့နှင့်သုံးညနေရလိမ့်မည်။
ထိုအချိန်မှစ၍ ယေရှုက မိမိသည် ဂျေရုဆလင်မြို့သို့သွား၍ သက်ကြီးဝါကြီးများ၊ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ကျမ်းပြုဆရာများ၏လက်၌ ဒုက္ခဝေဒနာများစွာခံစားရပြီး အသေသတ်ခြင်းခံရကာ သုံးရက်မြောက်သောနေ့၌ ထမြောက်ရမည်ဖြစ်ကြောင်းကို တပည့်တော်တို့အား စတင်ဖော်ပြတော်မူ၏။
လူတို့သည်လည်း သူ့ကိုသတ်ကြလိမ့်မည်။ ထို့နောက် သုံးရက်မြောက်သောနေ့၌ သူသည် ထမြောက်လိမ့်မည်”ဟု မိန့်တော်မူရာ တပည့်တော်တို့သည် အလွန်ဝမ်းနည်းကြ၏။
ထို့နောက် တောင်ပေါ်မှ သူတို့ဆင်းလာကြစဉ် ယေရှုက“လူ့သားသည် သေသောသူတို့ထဲမှ မထမြောက်မီ ဤရူပါရုံကို မည်သူ့ကိုမျှမပြောကြနှင့်”ဟု သူတို့အား မိန့်မှာတော်မူ၏။
ပြောင်လှောင်ခြင်း၊ ဒဏ်ခတ်ရိုက်နှက်ခြင်းနှင့် လက်ဝါးကပ်တိုင်ပေါ်၌တင်ထားခြင်း စသည်တို့ကိုပြုစေရန် သူ့ကို လူမျိုးခြားတို့ထံ အပ်နှံကြလိမ့်မည်။ သို့သော် သုံးရက်မြောက်သောနေ့၌ သူသည် ထမြောက်လိမ့်မည်”ဟု မိန့်တော်မူ၏။
“အရှင်၊ ထိုလှည့်ဖြားသောသူအသက်ရှင်စဉ်က ‘ငါသည် သုံးရက်ကြာလျှင် ထမြောက်မည်’ဟု ပြောဆိုခဲ့သည်ကို အကျွန်ုပ်တို့ မှတ်မိပါသည်။
သို့သော် ထိုသူက “ထိတ်လန့်အံ့ဩခြင်းမရှိကြနှင့်။ သင်တို့သည် လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရသော နာဇရက်မြို့သားယေရှုကိုရှာကြ၏။ ကိုယ်တော်သည်ထမြောက်တော်မူပြီ။ ဤနေရာ၌မရှိ။ အလောင်းတော်သွင်းထားသည့်နေရာကိုကြည့်ကြလော့။
ထို့နောက် ကိုယ်တော်က လူ့သားသည် ဒုက္ခဝေဒနာများစွာခံစားရလျက် သက်ကြီးဝါကြီးများ၊ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့်ကျမ်းပြုဆရာများ၏ငြင်းပယ်ခြင်းကိုခံရပြီး အသေသတ်ခြင်းခံရကာ သုံးရက်ကြာသောအခါ ထမြောက်ရမည်ဖြစ်ကြောင်းကို တပည့်တော်တို့အား သွန်သင်တော်မူ၏။
သို့ရာတွင် ပေတရုသည်ထ၍ သင်္ချိုင်းတော်သို့ပြေးသွားပြီး ငုံ့ကြည့်လိုက်ရာ ပိတ်ထည်ကိုသာတွေ့သဖြင့်ထိုအဖြစ်အပျက်ကိုအံ့သြလျက် မိမိအိမ်သို့ပြန်သွားလေ၏။
ထိုအရှင်၏အလောင်းကိုမတွေ့ခဲ့ကြပေ။ သူတို့သည်ပြန်လာ၍ ထိုအရှင်အသက်ရှင်လျက်ရှိကြောင်းမြွက်ဆိုသည့်ကောင်းကင်တမန်များကို ဗျာဒိတ်ရူပါရုံ၌တွေ့မြင်ရကြောင်း ပြောပြကြ၏။
တစ်ဖန် ကိုယ်တော်က“သင်တို့နှင့်အတူရှိစဉ် သင်တို့အား ငါပြောခဲ့သောစကားမှာ မောရှေ၏ပညတ်တရားကျမ်း၊ ပရောဖက်ကျမ်းများနှင့် ဆာလံကျမ်းတွင် ငါနှင့်ပတ်သက်၍ ရေးထားသမျှတို့သည် ပြည့်စုံခြင်းသို့ရောက်ရမည်ဟူ၍ဖြစ်၏”ဟု မိန့်တော်မူ၏။
ငါသည် အသက်ကိုပြန်လည်ရယူရန် ငါ့အသက်ကိုစွန့်သောကြောင့် ခမည်းတော်သည် ငါ့ကိုချစ်တော်မူ၏။
ယေရှုကလည်း“ဤဗိမာန်တော်ကိုဖြိုဖျက်ကြလော့။ ငါသည် ၎င်းကို သုံးရက်အတွင်းတည်ဆောက်မည်”ဟု သူတို့အား ပြန်၍မိန့်တော်မူ၏။
သို့သော် ဘုရားသခင်သည် ထိုအရှင်ကို သေခြင်းနှင့်ဆိုင်သောဝေဒနာမှလွတ်မြောက်စေ၍ ထမြောက်စေတော်မူ၏။ အဘယ်ကြောင့်ဆိုသော် သေခြင်းသည် ထိုအရှင်ကို အစဉ်ချည်နှောင်ထား၍မရနိုင်ချေ။