ထိုအခါ ပရောဖက်ဧလိရှဲသည် ပရောဖက်အဖွဲ့သားထဲမှ တစ်ပါးကို ခေါ်၍ “သင်၏ခါးကိုစည်းလော့။ ဆီဘူးကိုယူပြီးလျှင် ရာမုတ်ဂိလဒ်မြို့သို့ သွားလော့။
မဿဲ 26:7 - မြန်မာ့စံမီသမ္မာကျမ်း အလွန်တန်ဖိုးကြီးသောဆီမွှေးထည့်ထားသည့် ကျောက်ဖြူဘူးပါသော အမျိုးသမီးတစ်ဦးသည် အထံတော်သို့ချဉ်းကပ်၍ စားပွဲ၌ထိုင်နေသော ကိုယ်တော်၏ခေါင်းပေါ်၌ ထိုဆီမွှေးကို သွန်းလောင်းလေ၏။ Common Language Bible အမျိုးသမီးတစ်ယောက်သည်အလွန်အဖိုး ထိုက်သည့်ဆီမွှေးကျောက်ဖြူဗူးကိုယူဆောင်၍ အထံတော်သို့လာပြီးလျှင်ထိုဆီမွှေးကို ကိုယ်တော်၏ခေါင်းတော်ထက်တွင်သွန်းလောင်း လေသည်။- Garrad Bible မိန်း မ တစ် ယောက် သည် အ ဖိုး ထိုက် သော နံ့ သာ ဆီ ကို ကျောက် ဖြူ ဘူး နှင့် ယူ လာ၍ စား ပွဲ ထိုင် တော် မူ စဉ် ဦး ခေါင်း တော် ပေါ် သို့ သွန်း လောင်း၏။ Judson Bible မိန်းမတစ်ယောက်သည် အဖိုးများစွာထိုက်သော ဆီမွှေးကျောက်ဖြူခွက် တစ်လုံးကို အထံတော်သို့ ယူခဲ့၍၊ စားပွဲနားမှာ လျောင်းတော်မူသော ကိုယ်တော်၏ခေါင်းပေါ်၌ သွန်းလောင်းလေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အမျိုးသမီးတစ်ဦးသည် အလွန်တန်ဖိုးကြီးသည့် ဆီမွှေးကို ထည့်ထားသောကျောက်ဖြူဘူးတစ်လုံးကို ကိုင်၍ ရောက်လာ၏။ ထို့နောက် သူသည် ထိုဆီမွှေးကို စားပွဲ၌ ထိုင်နေတော်မူသော ယေရှု၏ ခေါင်းတော်ပေါ်၌ လောင်းလေ၏။ မြန်မာ မိန်းမတစ်ယောက်သည် အဖိုးများစွာထိုက်သော ဆီမွှေးကျောက်ဖြူခွက် တစ်လုံးကို အထံတော်သို့ ယူခဲ့၍၊ စားပွဲနားမှာ လျောင်းတော်မူသော ကိုယ်တော်၏ခေါင်းပေါ်၌ သွန်းလောင်းလေ၏။- |
ထိုအခါ ပရောဖက်ဧလိရှဲသည် ပရောဖက်အဖွဲ့သားထဲမှ တစ်ပါးကို ခေါ်၍ “သင်၏ခါးကိုစည်းလော့။ ဆီဘူးကိုယူပြီးလျှင် ရာမုတ်ဂိလဒ်မြို့သို့ သွားလော့။
ခေါင်းပေါ်၌သွန်းလောင်း၍ မုတ်ဆိတ်သို့စီးဆင်းသောဆီတည်းဟူသော အာရုန်၏မုတ်ဆိတ်မှသည် သူ၏ဝတ်ရုံလည်ခွံတိုင်အောင်စီးဆင်းသည့် အဖိုးတန်သောဆီကဲ့သို့ဖြစ်၏။
သေသောယင်ကောင်သည် အမွှေးနံ့သာဖော်စပ်သူ၏နံ့သာဆီကို အပုပ်နံ့ထွက်စေသကဲ့သို့ အနည်းငယ်သောမိုက်မဲခြင်းသည် ဉာဏ်ပညာနှင့် ဂုဏ်သရေထက် အလေးသာတတ်၏။
သင်၏အဝတ်များသည် အစဉ်အမြဲဖြူနေပါစေ။ သင်၏ခေါင်းပေါ်မှနံ့သာဆီကိုလည်း မခန်းခြောက်စေနှင့်။
အရှင်၏နံ့သာဆီရနံ့သည် အလွန်မွှေးကြိုင်ပါ၏။ အရှင့်နာမသည် ဆွတ်ထားသောနံ့သာဆီကဲ့သို့ မွှေးပါ၏။ ထို့ကြောင့် မိန်းမပျိုတိုင်း အရှင့်ကို ချစ်နှစ်သက်ကြပါ၏။
သင်သည် ရှင်ဘုရင်ထံသို့ နံ့သာဆီဖြင့် သွား၏။ နံ့သာမျိုးများစွာဖြင့် ကိုယ့်ကိုယ်ကိုယ်မွှေးကြိုင်စေ၏။ သင်၏သံတမန်တို့ကိုလည်း အဝေးသို့စေလွှတ်၏။ သင်သည် မရဏာနိုင်ငံတိုင်အောင် နိမ့်ကျ၏။
တပည့်တော်တို့သည် ထိုအခြင်းအရာကိုမြင်လျှင် စိတ်ဆိုးလျက် “အဘယ်ကြောင့် ဤသို့ဖြုန်းတီးရသနည်း။
ယေရှုသည် ဗေသနိရွာတွင် အနာကြီးရောဂါသည်ရှိမုန်၏အိမ်ထဲ၌ထိုင်၍ စားသောက်နေတော်မူစဉ် အမျိုးသမီးတစ်ဦးသည် အလွန်တန်ဖိုးကြီးသော နာဒုဆီမွှေးအစစ်ထည့်ထားသည့် ကျောက်ဖြူဘူးကိုယူဆောင်လာ၍ ထိုကျောက်ဖြူဘူးကိုခွဲပြီးလျှင် ကိုယ်တော်၏ခေါင်းပေါ်၌ ဆီမွှေးကို သွန်းလောင်းလေ၏။
သင်သည် ငါ၏ခေါင်းကို ဆီဖြင့်မလိမ်း။ သို့သော် သူသည် ငါ၏ခြေကို ဆီမွှေးဖြင့်လိမ်းပေး၏။