သင်သည် ပင်လယ်အလယ်ဗဟို၌ လဲလျောင်းနေသောသူကဲ့သို့လည်းကောင်း၊ သင်္ဘောရွက်တိုင်၏ထိပ်ဖျား၌ လဲလျောင်းနေသောသူကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။
မဿဲ 26:43 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် တစ်ဖန်ပြန်လာ၍ တပည့်တော်တို့သည် မျက်စိလေးလံသဖြင့် အိပ်ပျော်နေကြသည်ကို တွေ့လျှင် Common Language Bible ကိုယ်တော်နောက်တစ်ကြိမ်ပြန်လာတော်မူသော အခါတပည့်တော်တို့သည်မျက်စိလေးလံ သဖြင့်အိပ်ပျော်လျက်နေကြသည်ကိုတွေ့ တော်မူ၏။ Garrad Bible ပြန် ကြွ သည့် ကာ လ တ ပည့် တော် တို့ မျက် စိ လေး သ ဖြင့် အိပ် နေ ကြ သည် ကို တွေ့ ရာ တစ် ဖန် ထွက် ခွာ တော် မူ ပြီး လျှင် Judson Bible ထိုနောက် တပည့်တော်တို့ရှိရာသို့ လာ၍ သူတို့သည် မျက်စိလေးလံသဖြင့် တစ်ဖန် အိပ်ပျော်လျက် နေကြသည်ကို တွေ့တော်မူလျှင်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် တပည့်တော်တို့ထံ ပြန်ကြွလာတော်မူသောအခါ သူတို့သည် ငိုက်မျဉ်း၍ အိပ်ပျော်နေကြသည်ကို တွေ့မြင်တော်မူ၏။ မြန်မာ ထိုနောက် တပည့်တော်တို့ရှိရာသို့ လာ၍ သူတို့သည် မျက်စိလေးလံသဖြင့် တစ်ဖန် အိပ်ပျော်လျက် နေကြသည်ကို တွေ့တော်မူလျှင်၊- |
သင်သည် ပင်လယ်အလယ်ဗဟို၌ လဲလျောင်းနေသောသူကဲ့သို့လည်းကောင်း၊ သင်္ဘောရွက်တိုင်၏ထိပ်ဖျား၌ လဲလျောင်းနေသောသူကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။
မာလိန်မှူးသည် သူ့ထံသို့သွား၍ “သင် အဘယ်ကြောင့် အိပ်မောကျနေသနည်း။ ထပြီး သင့်ဘုရားထံ ဆုတောင်းပါလော့။ ငါတို့ သေကျေပျက်စီးမသွားအောင် သင့်ဘုရားသည် ငါတို့ကို ကယ်တင်ကောင်းကယ်တင်လိမ့်မည်”ဟု ဆို၏။
တစ်ဖန် ဒုတိယအကြိမ်ထွက်သွား၍“အကျွန်ုပ်၏အဖ၊ ဤခွက်ကို အကျွန်ုပ်မသောက်ဘဲ လွန်သွားရန် မဖြစ်နိုင်ပါက ကိုယ်တော်၏အလိုတော်အတိုင်း ဖြစ်စေတော်မူပါ”ဟု ဆုတောင်းတော်မူ၏။
သူတို့ကိုထားခဲ့၍ တစ်ဖန်ကြွသွားလျက် အထက်က တောင်းလျှောက်ခဲ့သည့်အတိုင်း တတိယအကြိမ် ထပ်၍ဆုတောင်းတော်မူ၏။
ပေတရုနှင့် သူ၏အပေါင်းအဖော်တို့သည် မျက်စိလေး၍ အိပ်မောကျနေကြ၏။ သို့သော် ကောင်းစွာနိုးလာသောအခါ ကိုယ်တော်၏ဘုန်းအသရေတော်ကိုလည်းကောင်း၊ ကိုယ်တော်နှင့်အတူရပ်နေသူနှစ်ဦးတို့ကိုလည်းကောင်း မြင်ကြ၏။
ဥတုခုအမည်ရှိသော လူငယ်တစ်ဦးသည် ပြတင်းပေါက်အပေါ်၌ထိုင်၍ အလွန်အမင်းအိပ်ငိုက်နေ၏။ ပေါလုသည် ကြာမြင့်စွာဆွေးနွေးပြောဆိုသောအခါ သူသည် အိပ်မောကျ၍ တတိယထပ်မှ အောက်သို့ ပြုတ်ကျသွားလေ၏။ သူ့ကိုပွေ့ချီလိုက်သောအခါ သေဆုံးနေသည်ကို တွေ့ကြ၏။
အထက်အာဏာပိုင်များကို လူတိုင်းနာခံစေ။ အကြောင်းမူကား ဘုရားသခင်ထံမှမဟုတ်သောအာဏာဟူ၍မရှိ။ တည်လျက်ရှိသောအာဏာများသည် ဘုရားသခင်ခန့်အပ်တော်မူရာဖြစ်၏။