ဒါဝိဒ်မင်းကြီးက “ရှောလုမင်းကြီးအမျိုးထဲမှ ကြွင်းကျန်သူတစ်ဦးဦးရှိသေးသလော။ ငါသည် ယောနသန်အား မေတ္တာကရုဏာကိုပြလို၏”ဟု ဆို၏။
မဿဲ 25:40 - မြန်မာ့စံမီသမ္မာကျမ်း မင်းကြီးကလည်း ‘သင်တို့အား ငါအမှန်ဆိုမည်။ ငါ၏ဤညီအစ်ကိုတို့တွင် အငယ်ဆုံးသောသူတို့ထဲမှ တစ်ဦးတစ်ယောက်အား သင်တို့ပြုခဲ့သမျှသည် ငါ့ကိုပြုခဲ့ခြင်းဖြစ်၏’ဟု ပြန်၍မိန့်တော်မူလိမ့်မည်။ Common Language Bible ထိုအခါဘုရင်မင်းမြတ်က `အမှန်အကန်သင် တို့အားငါဆိုသည်ကား၊ ဤငါ၏ညီများအနက် အသိမ်ငယ်ဆုံးဖြစ်သူတစ်စုံတစ်ယောက်အား သင်တို့ပြုစုခဲ့သမျှသည်ငါ့အားပြုစုခြင်း ပင်မည်၏' ဟုမိန့်တော်မူလိမ့်မည်။ Garrad Bible ဘု ရင် မင်း က ဤ ညီ တော် တို့ အ နက် သိမ် ငယ် သူ တစ် ယောက် ယောက် ကို သင် တို့ ပြု သ မျှ ပင် ငါ့ ကို ပြု ကြောင်း ငါ အ မှန် ဆို သည် ဟု အ မိန့် ရှိ တော် မူ လိမ့် မည်။ Judson Bible မင်းကြီးက၊ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ်ဆုံးသော သူတစ်ယောက်အား ပြုကြသမျှတို့ကို ငါ့အားပြုကြပြီဟု ပြန်၍မိန့်တော်မူလတ္တံ့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ရှင်ဘုရင်ကလည်း ‘သင်တို့အား ငါအမှန်ဆို၏။ ငါ၏ ညီအစ်ကိုမောင်နှမများထဲမှ အသေးနုပ်ဆုံးသောသူအား သင်တို့ပြုစုကြသမျှသည် ငါ့အား ပြုစုခြင်းပင်ဖြစ်သည်’ ဟု ပြန်၍ မိန့်တော်မူလိမ့်မည်။ မြန်မာ မင်းကြီးက၊ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ်ဆုံးသော သူတစ်ယောက်အား ပြုကြသမျှတို့ကို ငါ့အားပြုကြပြီဟု ပြန်၍မိန့်တော်မူလတ္တံ့။- |
ဒါဝိဒ်မင်းကြီးက “ရှောလုမင်းကြီးအမျိုးထဲမှ ကြွင်းကျန်သူတစ်ဦးဦးရှိသေးသလော။ ငါသည် ယောနသန်အား မေတ္တာကရုဏာကိုပြလို၏”ဟု ဆို၏။
ဒါဝိဒ်မင်းကြီးက သူ့အား “မကြောက်နှင့်။ သင့်ဖခင်ယောနသန်ကိုထောက်ပြီး သင့်အား မေတ္တာကရုဏာကိုပြမည်။ သင့်အဘိုးရှောလုမင်းကြီးပိုင်ခဲ့သောလယ်ယာမြေအားလုံးကို သင့်အား ပြန်ပေးအပ်မည်။ သင်သည် ငါ့စားပွဲတွင် အမြဲစားသောက်ရမည်”ဟု ဆိုလျှင်
ယခု ခေါင်မိုးပြင်ပေါ်မှာ အိပ်ရာ၊ စားပွဲ၊ မီးအိမ်ပါသော အခန်းငယ်တစ်ခန်းကို သူ့အဖို့ ဆောက်လုပ်ကြစို့။ အကျွန်ုပ်တို့ထံလာသောအခါ ထိုအခန်းတွင် တည်းခိုနေပါစေ”ဟု ဆို၏။
ဆင်းရဲသောသူကို နှိပ်စက်သောသူသည် သူ၏ဖန်ဆင်းရှင်ကို စော်ကားသောသူဖြစ်၏။ နွမ်းပါးသောသူကို သနားသောသူမူကား ကိုယ်တော်ကို ရိုသေလေးမြတ်သောသူဖြစ်၏။
ဆင်းရဲသောသူကိုသနားသောသူသည် ထာဝရဘုရားအား ချေးငှားခြင်းဖြစ်၍ ကိုယ်တော်သည် သူ၏လုပ်ဆောင်မှုအတွက် သူ့အား ဆုလာဘ်ကိုပေးတော်မူလိမ့်မည်။
ထာဝရဘုရားက ထိုနေ့၌ သင့်ကို ငါကယ်နုတ်မည်။ သင်ကြောက်သောသူတို့လက်သို့ သင်မရောက်ရ။
သင်တို့ကိုလက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူသည်လည်း ငါ့အားစေလွှတ်တော်မူသောအရှင်ကိုလက်ခံ၏။
သင်တို့အား ငါအမှန်ဆိုမည်။ တပည့်တော်ဟူသောအမည်နာမကိုထောက်၍ ဤငယ်သောသူများထဲမှ တစ်စုံတစ်ဦးအား ရေအေးတစ်ခွက်မျှပင် တိုက်သောသူသည် အကျိုးကျေးဇူးကို လုံးဝဆုံးရှုံးရမည်မဟုတ်”ဟု မိန့်တော်မူ၏။
ဤငယ်သောသူများထဲမှ တစ်စုံတစ်ဦးကို မထီမဲ့မြင်မပြုမိစေရန် သတိပြုကြလော့။ အကြောင်းမူကား ကောင်းကင်ဘုံရှိ သူတို့၏ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏မျက်နှာတော်ကို အစဉ်မပြတ်ဖူးမြင်ရကြသည်ဟု သင်တို့အား ငါဆို၏။
ထို့နောက် မင်းကြီးသည် မိမိ၏လက်ယာတော်ဘက်၌ရှိသောသူတို့အား ‘ငါ့ခမည်းတော်ထံမှ ကောင်းချီးမင်္ဂလာခံစားရသောသူတို့၊ ကမ္ဘာတည်ကတည်းက သင်တို့အတွက် ပြင်ဆင်ထားသောနိုင်ငံတော်ကို လာ၍ အမွေဆက်ခံကြလော့။
မည်သည့်အခါတွင် ကိုယ်တော်နာမကျန်းဖြစ်တော်မူသည်ကိုလည်းကောင်း၊ ထောင်ကျတော်မူသည်ကိုလည်းကောင်း မြင်၍ ကိုယ်တော်ထံလာခဲ့ပါသနည်း’ဟု မင်းကြီးအား ပြန်လျှောက်ကြလိမ့်မည်။
မင်းကြီးကလည်း ‘သင်တို့အား ငါအမှန်ဆိုမည်။ ဤအငယ်ဆုံးသောသူတို့ထဲမှ တစ်ဦးတစ်ယောက်အား သင်တို့မပြုခဲ့သမျှသည် ငါ့ကိုမပြုခြင်းဖြစ်၏’ဟု ပြန်၍မိန့်တော်မူလိမ့်မည်။
ထို့နောက် ယေရှုက“ကြောက်ရွံ့ခြင်းမရှိကြနှင့်။ သွား၍ ငါ၏ညီအစ်ကိုတို့အား ဂါလိလဲနယ်သို့သွားရန် ပြောကြားကြလော့။ သူတို့သည် ထိုနေရာ၌ ငါ့ကိုတွေ့မြင်ရကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သင်တို့အား ငါအမှန်ဆိုသည်ကား ခရစ်တော်၏တပည့်ဟူသောအမည်နာမကိုထောက်၍ သင်တို့အား ရေတစ်ခွက်ကိုတိုက်သောသူသည် အကျိုးကျေးဇူးကို လုံးဝဆုံးရှုံးရမည်မဟုတ်။
“ထာဝရဘုရား၏နာမတော်၌ ကြွလာတော်မူသောရှင်ဘုရင်သည် မင်္ဂလာရှိစေသတည်း။ ကောင်းကင်၌ ငြိမ်သက်ခြင်းရှိ၍ အမြင့်ဆုံးသောအရပ်၌ ဘုန်းကြီးတော်မူစေသတည်း”ဟု ကြွေးကြော်ကြ၏။
ယေရှုကလည်း“ငါသည် ခမည်းတော်ထံသို့ မတက်သွားရသေးသဖြင့် ငါ့ကိုမထိနှင့်ဦး။ ငါ့ညီအစ်ကိုတို့ထံသို့သွား၍ ‘ငါ့ခမည်းတော်တည်းဟူသော သင်တို့၏ခမည်းတော်၊ ငါ့ဘုရားသခင်တည်းဟူသော သင်တို့၏ဘုရားသခင်ထံသို့ ငါတက်သွားတော့မည်’ဟူ၍ ပြောကြားလော့”ဟု မိန့်တော်မူ၏။
အကြောင်းမူကား ဘုရားသခင်သည် သိထားနှင့်တော်မူသောသူတို့ကို မိမိသားတော်၏ပုံသဏ္ဌာန်နှင့်တူညီစေရန် ကြိုတင်သတ်မှတ်ထားတော်မူ၏။ ဤသည်ကား သားတော်သည် များစွာသောညီအစ်ကိုတို့တွင် သားဦးဖြစ်မည့်အကြောင်းတည်း။
အကြောင်းမူကား ငါတို့သည် မိမိတို့အကြောင်းကို ဟောပြောကြသည်မဟုတ်ဘဲ ယေရှုခရစ်တော်သည် အရှင်သခင်ဖြစ်ကြောင်းကို ဟောပြောကြ၏။ ငါတို့ကိုယ်တိုင်မူကား ယေရှုအတွက် သင်တို့၏အစေအပါးများဖြစ်ကြ၏။
ညီအစ်ကိုတို့၊ သင်တို့သည် လွတ်လပ်မှုအတွက် ခေါ်ယူတော်မူခြင်းခံရကြ၏။ သို့သော် ထိုလွတ်လပ်မှုကို သွေးသားဇာတိအတွက် အခွင့်အရေးတစ်ခုအနေဖြင့် မသုံးဘဲ မေတ္တာအားဖြင့် အချင်းချင်းအစေခံကြလော့။
ဝိညာဉ်တော်၏အသီးအပွင့်မူကား ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊
ခရစ်တော်ယေရှု၌မူကား အရေဖျားလှီးခြင်းဖြစ်စေ၊ အရေဖျားမလှီးခြင်းဖြစ်စေ မည်သည့်အရာကိုမျှ မစွမ်းဆောင်နိုင်။ မေတ္တာအားဖြင့်လုပ်ဆောင်သော ယုံကြည်ခြင်းကသာ စွမ်းဆောင်နိုင်၏။
အဘယ်ကြောင့်ဆိုသော် ငါတို့သည် ခရစ်တော်၏ကိုယ်ခန္ဓာဆိုင်ရာ အင်္ဂါအစိတ်အပိုင်းများဖြစ်ကြ၏။
အကြောင်းမူကား ဘုရားသခင်သည် သင်တို့၏လုပ်ဆောင်မှုကိုလည်းကောင်း၊ သန့်ရှင်းသူတို့ကို ယခင်က သင်တို့လုပ်ကျွေးပြုစုသကဲ့သို့ ယခုလည်း လုပ်ကျွေးပြုစုလျက် ကိုယ်တော်၏နာမတော်ကိုထောက်၍ သင်တို့ပြသောချစ်ခြင်းမေတ္တာတို့ကိုလည်းကောင်း မေ့လျော့သည့်တိုင်အောင် တရားမျှတမှုကင်းမဲ့တော်မူသည်မဟုတ်။
သင်တို့သည် သမ္မာတရားကိုနာခံခြင်းအားဖြင့် သင်တို့၏စိတ်ဝိညာဉ်များကို သန့်ရှင်းစင်ကြယ်စေပြီး ဟန်ဆောင်မှုကင်းသည့် ညီအစ်ကိုချင်းချစ်သောမေတ္တာကိုရရှိကြသည်ဖြစ်၍ ဖြူစင်သောစိတ်နှလုံးဖြင့် အချင်းချင်းခိုင်မြဲစွာချစ်ကြလော့။
တစ်စုံတစ်ယောက်က “ငါသည် ဘုရားသခင်ကိုချစ်၏”ဟု ဆိုလျက်ပင် မိမိညီအစ်ကိုကိုမုန်းလျှင် ထိုသူသည် လိမ်လည်သောသူဖြစ်၏။ မြင်ရသောမိမိညီအစ်ကိုကို မချစ်သောသူသည် မမြင်ရသောဘုရားသခင်ကို မချစ်နိုင်။
သူတို့သည် သိုးသငယ်တော်နှင့်စစ်တိုက်ကြလိမ့်မည်။ သို့သော် သိုးသငယ်တော်သည် သူတို့ကိုအနိုင်ရတော်မူလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်သည် အရှင်တကာတို့၏အရှင်၊ ဘုရင်တကာတို့၏ဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်နှင့်အတူရှိသောသူများသည်လည်း ခေါ်ယူတော်မူခြင်းခံရသောသူ၊ ရွေးကောက်ခံရသောသူနှင့် သစ္စာရှိသောသူများဖြစ်ကြ၏”ဟု ဆို၏။
သူ၏ဝတ်ရုံနှင့်ပေါင်တို့၌ “ဘုရင်တကာတို့၏ဘုရင်၊ အရှင်တကာတို့၏အရှင်”ဟု ရေးထားသောဘွဲ့နာမရှိ၏။