ဘုရားသခင်သည် သူတို့ကို ဘေးဒုက္ခအမျိုးမျိုးနှင့် ဆုံးမတော်မူသဖြင့် သူတို့သည် လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ မြို့တစ်မြို့နှင့်တစ်မြို့ ချေမှုန်းတိုက်ဖျက်ကြ၏။
မဿဲ 24:7 - မြန်မာ့စံမီသမ္မာကျမ်း လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံတို့သည် ရန်ဘက်ပြုကြ၍ အရပ်ရပ်တို့၌ ငတ်မွတ်ခေါင်းပါးခြင်းနှင့် ငလျင်လှုပ်ခြင်းများဖြစ်ကြလိမ့်မည်။ Common Language Bible လူတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်ဖြစ်လိမ့်မည်။ နေရာအနှံ့အပြားတွင် အစာခေါင်းပါး၍မြေငလျင်လှုပ်လိမ့်မည်။- Garrad Bible လူ တစ် မျိုး နှင့် တစ် မျိုး တစ် နိုင် ငံ နှင့် တစ် နိုင် ငံ ရန် ဘက် ပြု သည့် ပြင် အ စာ ခေါင်း ပါး ခြင်း၊ င လျင် လှုပ် ခြင်း များ သည် အ ရပ် ရပ် ဖြစ် လျက် ပင် ဒု က္ခ ဦး သာ တည်း။ Judson Bible လူတစ်မျိုးနှင့် တစ်မျိုး တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ အချင်းချင်းပုန်ကန်၍ စစ်ဖြစ်ကြလိမ့်မည်။ ကမ္ဘာ့နေရာအနှံ့အပြားတွင် အစာခေါင်းပါးခြင်းနှင့် ငလျင်လှုပ်ခြင်းများ ဖြစ်လိမ့်မည်။ မြန်မာ လူတစ်မျိုးနှင့် တစ်မျိုး တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။- |
ဘုရားသခင်သည် သူတို့ကို ဘေးဒုက္ခအမျိုးမျိုးနှင့် ဆုံးမတော်မူသဖြင့် သူတို့သည် လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ မြို့တစ်မြို့နှင့်တစ်မြို့ ချေမှုန်းတိုက်ဖျက်ကြ၏။
“ငါသည် အီဂျစ်ပြည်သားတို့ကို အချင်းချင်းဆန့်ကျင်ရန် လှုံ့ဆော်၍ သူတို့သည် ညီအစ်ကိုအချင်းချင်း၊ အိမ်နီးချင်းအချင်းချင်း၊ မြို့အချင်းချင်း၊ နိုင်ငံအချင်းချင်း ဆန့်ကျင်ကြလိမ့်မည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် မိုးချုန်းခြင်း၊ ငလျင်လှုပ်၍အသံမြည်ဟည်းခြင်း၊ လေပွေနှင့်မုန်တိုင်းတိုက်ခတ်ခြင်း၊ မီးတောက်မီးလျှံလောင်ကျွမ်းခြင်းတို့ဖြင့် သင့်ကို ဒဏ်ခတ်မည်။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက “ဂျေရုဆလင်မြို့ထဲသို့ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ သားရဲတိရစ္ဆာန်ဘေး၊ ကပ်ရောဂါဘေး စသော ဘေးဆိုးလေးမျိုးဖြင့်ဒဏ်ခတ်ပြီး လူနှင့်တိရစ္ဆာန်တို့ကို သုတ်သင်ပယ်ရှင်းသောအခါ ပို၍ဆိုးဝါးပေလိမ့်မည်”ဟု မိန့်တော်မူ၏။
ဖျက်ဆီးမည်၊ ဖျက်ဆီးမည်၊ ငါဖျက်ဆီးပစ်မည်။ စီရင်ပိုင်သူရောက်လာ၍ သူ့လက်သို့မအပ်မချင်း ဤအတိုင်းမရှိစေရ’ဟု မိန့်တော်မူ၏။
ထိုနေ့ရက်တွင် ထာဝရဘုရားကြောင့် အလွန်တုန်လှုပ်ချောက်ချားကြလိမ့်မည်။ တစ်ယောက်ကိုတစ်ယောက် ဖမ်းကိုင်ပြီး အချင်းချင်းတိုက်ခိုက်ကြလိမ့်မည်။
အရပ်ရပ်တို့၌ ပြင်းထန်သောငလျင်လှုပ်ခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်းနှင့် ကပ်ရောဂါဆိုက်ခြင်းတို့ဖြစ်ကြလိမ့်မည်။ မိုးကောင်းကင်၌လည်း ကြောက်မက်ဖွယ်ရာများနှင့် ကြီးမားသောအတိတ်နိမိတ်များပေါ်ထွန်းကြလိမ့်မည်။
ထိုသူတို့အထဲမှ အာဂဗုအမည်ရှိသူတစ်ဦးသည် ထ၍ ကမ္ဘာတစ်ဝန်းလုံး၌ ကြီးစွာသောငတ်မွတ်ခေါင်းပါးခြင်းဘေး ကျရောက်တော့မည်ဟု ဝိညာဉ်တော်အားဖြင့် ကြိုတင်ဟောပြော၏။ ထိုဘေးသည် ကလောဒိမင်း၏လက်ထက်တွင် ဖြစ်ပေါ်ခဲ့၏။
အထက်ကောင်းကင်၌ အံ့သြဖွယ်ရာများကိုလည်းကောင်း၊ အောက်မြေကြီးပေါ်၌ သွေး၊ မီးလျှံနှင့် မီးခိုးငွေ့တည်းဟူသော နိမိတ်လက္ခဏာများကိုလည်းကောင်း ငါပြမည်။
“နောက်တစ်ဖန်”ဟူသောစကားသည် မတုန်လှုပ်နိုင်သောအရာတို့ကိုတည်မြဲစေရန် ဖန်ဆင်းခြင်းခံရသည့် တုန်လှုပ်တတ်သောအရာများကိုဖယ်ရှားမည့်အကြောင်းကို ဆိုလို၏။
သိုးသငယ်တော်သည် ဆဋ္ဌမတံဆိပ်ကိုဖွင့်သောအခါ ငါကြည့်လိုက်ရာ ငလျင်ပြင်းထန်စွာလှုပ်သဖြင့် နေသည် ဆိတ်မွေးနှင့်လုပ်သောအထည်ကြမ်းကဲ့သို့ မည်းသွား၍ လတစ်ခုလုံးသည် သွေးကဲ့သို့ဖြစ်သွားလေ၏။
သိုးသငယ်တော်သည် တတိယတံဆိပ်ကိုဖွင့်သောအခါ တတိယသတ္တဝါက “လာလော့”ဟု ဆိုသည်ကို ငါကြားရ၏။ ထိုအခါ ငါကြည့်လိုက်ရာ မြင်းနက်တစ်ကောင်ရှိ၍ ထိုမြင်းပေါ်တွင်စီးသောသူသည် မိမိလက်၌ ချိန်ခွင်ကို ကိုင်ထား၏။
ထို့နောက် သတ္တဝါလေးပါးတို့အလယ်မှထွက်ပေါ်လာသော စကားသံနှင့်တူသည့်အသံက “ဂျုံဆန်တစ်ခွက်လျှင် ဒေနာရိတစ်ပြား၊ မုယောဆန်သုံးခွက်လျှင်လည်း ဒေနာရိတစ်ပြားဖြစ်၏။ ဆီနှင့်စပျစ်ဝိုင်ကို မပျက်စေနှင့်”ဟု ဆိုသည်ကို ငါကြားရ၏။
ထိုအခါ ငါကြည့်လိုက်ရာစိမ်းဖန့်ဖန့်မြင်းတစ်ကောင်ရှိ၍ ထိုမြင်းပေါ်တွင်စီးသောသူသည် သေခြင်းဟုနာမည်တွင်၏။ သူ၏နောက်မှ မရဏာနိုင်ငံသည်လိုက်လာ၏။ သူတို့သည် ဓားဘေးဖြင့်လည်းကောင်း၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့်လည်းကောင်း၊ သေဘေးဖြင့်လည်းကောင်း၊ မြေကြီးပေါ်ရှိသားရဲတိရစ္ဆာန်ဘေးဖြင့်လည်းကောင်း လူတို့ကိုသတ်ဖြတ်ရန် ကမ္ဘာမြေကြီး၏လေးပုံတစ်ပုံအပေါ် အခွင့်အာဏာကိုရကြ၏။